မယုံႏုိင္ဖြယ္ရာ အသက္(၁၄၅)ႏွစ္အထိ ရွင္သန္ေနဆဲ ႏုိင္ဂ်ီးရီးယား အဖိုးအုိ



ႏိုင္ဂ်ီးယားအမ်ိဳးသားတစ္ေယာက္ဟာ အသက္(၁၄၅)ႏွစ္အရြယ္ အဖိုးျဖစ္သူနဲ႔အတူ ဓာတ္ပံုရိုက္ကာ Facebook ေပၚတင္ခဲ့ပါတယ္။ ယင္းအမ်ိဳးသားရဲ႕ အမည္ကေတာ့ Ikenna Ofodile ျဖစ္ပါတယ္။
သူက အသက္ရွည္ျခင္းဟာ ဘုရားေပးတဲ့ လက္ေဆာင္ျဖစ္ေၾကာင္းနဲ႔ သက္ႀကီးရြယ္အို အဖိုးအဖြားေတြကို အမွတ္ရၾကဖို႔ တိုက္တြန္းလိုက္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ ဓာတ္ပံုေတြ တင္ခဲ့တာျဖစ္ပါတယ္။

ပံုေတြနဲ႔ပတ္သက္လို႔ လူေတြက ေအာက္ပါအတိုင္း ထင္ျမင္ခ်က္ေတြ အမ်ိဳးမ်ိဳးေပးခဲ့ၾကပါတယ္။ အဖိုးႀကီးဟာအသက္ရွည္လြန္းတဲ့အတြက္ အံ့အားသင့္ခဲ့ရေၾကာင္း တခ်ိဳ႕ကေတာ့ ေကာင္းခ်ီးေပးၾကပါတယ္။ တခ်ိဳ႕ကလည္း အသက္(၁၁၀)ေလာက္ထိဆိုရင္ပဲ ေတာ္ေတာ္ေနေပ်ာ္ၿပီ ျဖစ္တဲ့အေၾကာင္းနဲ႔ ယခုေလာက္အသက္ရွည္လြန္းတာဟာ မေကာင္းတဲ့အေၾကာင္း ေရးသားထားၾကပါတယ္။

(၁၄၅)ႏွစ္အရြယ္အဖိုးအိုဟာ လူေသနဲ႔တူေၾကာင္း အေျပာခံခဲ့ရတာေတြရွိသလို အဖိုးႀကီးဟာ လူမဟုတ္ပဲတေစၦအပူးကပ္ခံေနရတဲ့အေၾကာင္း၊ စုန္းကေ၀ၾကီး ျဖစ္ႏိုင္ေၾကာင္းစတဲ့ ထင္ေၾကးေတြလည္း ရွိေနပါေသးတယ္။ တစ္ခ်ိဳ႕ကေတာ့ အမွတ္မွားတာ ျဖစ္ႏုိင္ၿပီး စံခ်ိန္တင္ အသက္ရွည္ခဲ့ၾကသူေတြေတာင္ အသက္ (၁၂၀)ထက္ မပုိေၾကာင္း ေဝဖန္ခဲ့ပါတယ္။















Mujeeb Bello ဆိုသူလူတစ္ေယာက္ကေတာ့ မိဘေတြကို အသက္ႀကီးလာတဲ့အခါမွာ လ်စ္လ်ဴမရႈသင့္ေၾကာင္း၊  ေက်းဇူးသိသင့္တဲ့ အေၾကာင္းေတြ ေျပာျပခဲ့ပါတယ္။ မိဘေတြက သူတို႔ခႏၶာကိုယ္မွာ အညစ္အေၾကးေတြေပတဲ့အခါ ၊ အိမ္ခန္းေတြမွာလည္း အညစ္အေၾကးေတြစြန္႔ၿပီး ေပက်ံေနတဲ့အခါ စိတ္ပ်က္ၿငီးျငဴမႈ မျဖစ္ၾကဖို႔တိုက္တြန္းခဲ့ပါေသးတယ္။

သူ႕အေနနဲ႔ စေနေန႔တိုင္း မိဘေတြဆီသြားလည္ေလ့ရွိကာ အနည္းဆံုးေတာ့ သူတို႔စိတ္ေပ်ာ္ရႊင္ၿပီး အမွတ္တရျဖစ္ေအာင္ သီခ်င္းေဟာင္းေတြကို ဆိုျပေလ့ရွိေၾကာင္းလည္း အြန္လိုင္းမွာ ေဖာက္သည္ခ်ခဲ့ပါတယ္။

လက္ရွိ လူတစ္ေယာက္ရဲ႕ အသက္မွာ အႀကီးဆုံးအမ်ိဳးသားအျဖစ္နဲ႔ တရားဝင္မွတ္တမ္းတင္ထားတာကေတာ့ ဂ်ပန္အဖုိးအုိ Jiroemon Kimura ျဖစ္ၿပီး ေသဆုံးခ်ိန္မွာ (၁၁၆)ႏွစ္နဲ႔ (၅၄)ရက္ ျဖစ္ပါတယ္။ ဒုတိယေနရာမွာ ရပ္တည္ခဲ့သူကေတာ့ အေမရိကန္ အဖုိးအုိ Christian Mortensen ျဖစ္ၿပီး (၁၁၅)ႏွစ္နဲ႔ (၂၅၂)ရက္အထိ အသက္ရွည္ခဲ့ပါတယ္။

အမ်ိဳးသမီးေတြအေနနဲ႔ အသက္အႀကီးဆုံးအဖြားအျဖစ္ မွတ္တမ္းတင္ႏုိင္ခဲ့သူကေတာ့ ဂ်ပန္အဖြားအုိ Nabi Tajima ျဖစ္ၿပီး၊ အသက္ (၁၁၇)ႏွစ္ (၁၇၉)ရက္ ျဖစ္ကာ၊ ဒုတိယရပ္တည္ေနသူမွာလည္း ဂ်ပန္အဖြားအုိ ျဖစ္ၿပီး Chiyo Miyako လုိ႔ အမည္ရပါတယ္။ သူမရဲ႕ အသက္ကေတာ့ (၁၁၆)ႏွစ္နဲ႔ (၂၇၃)ရက္ ျဖစ္ပါတယ္။ အခုအဖုိးအုိႀကီးရဲ႕ အသက္ (၁၄၅)ႏွစ္ဆုိတဲ့ အသက္ကုိေတာ့ ျဖစ္ႏုိင္မျဖစ္ႏုိင္ အျငင္းပြားေနၾကဆဲပါ။

SHARE FROM လင္းလင္း(ShweMom)

မယုံနိုင်ဖွယ်ရာ အသက်(၁၄၅)နှစ်အထိ ရှင်သန်နေဆဲ နိုင်ဂျီးရီးယား အဖိုးအို

နိုင်ဂျီးယားအမျိုးသားတစ်ယောက်ဟာ အသက်(၁၄၅)နှစ်အရွယ် အဖိုးဖြစ်သူနဲ့အတူ ဓာတ်ပုံရိုက်ကာ Facebook ပေါ်တင်ခဲ့ပါတယ်။ ယင်းအမျိုးသားရဲ့ အမည်ကတော့ Ikenna Ofodile ဖြစ်ပါတယ်။
သူက အသက်ရှည်ခြင်းဟာ ဘုရားပေးတဲ့ လက်ဆောင်ဖြစ်ကြောင်းနဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေကို အမှတ်ရကြဖို့ တိုက်တွန်းလိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံတွေ တင်ခဲ့တာဖြစ်ပါတယ်။

ပုံတွေနဲ့ပတ်သက်လို့ လူတွေက အောက်ပါအတိုင်း ထင်မြင်ချက်တွေ အမျိုးမျိုးပေးခဲ့ကြပါတယ်။ အဖိုးကြီးဟာအသက်ရှည်လွန်းတဲ့အတွက် အံ့အားသင့်ခဲ့ရကြောင်း တချို့ကတော့ ကောင်းချီးပေးကြပါတယ်။ တချို့ကလည်း အသက်(၁၁၀)လောက်ထိဆိုရင်ပဲ တော်တော်နေပျော်ပြီ ဖြစ်တဲ့အကြောင်းနဲ့ ယခုလောက်အသက်ရှည်လွန်းတာဟာ မကောင်းတဲ့အကြောင်း ရေးသားထားကြပါတယ်။

(၁၄၅)နှစ်အရွယ်အဖိုးအိုဟာ လူသေနဲ့တူကြောင်း အပြောခံခဲ့ရတာတွေရှိသလို အဖိုးကြီးဟာ လူမဟုတ်ပဲတစေၦအပူးကပ်ခံနေရတဲ့အကြောင်း၊ စုန်းကေ၀ကြီး ဖြစ်နိုင်ကြောင်းစတဲ့ ထင်ကြေးတွေလည်း ရှိနေပါသေးတယ်။ တစ်ချို့ကတော့ အမှတ်မှားတာ ဖြစ်နိုင်ပြီး စံချိန်တင် အသက်ရှည်ခဲ့ကြသူတွေတောင် အသက် (၁၂၀)ထက် မပိုကြောင်း ဝေဖန်ခဲ့ပါတယ်။

Mujeeb Bello ဆိုသူလူတစ်ယောက်ကတော့ မိဘတွေကို အသက်ကြီးလာတဲ့အခါမှာ လျစ်လျူမရှုသင့်ကြောင်း၊ ကျေးဇူးသိသင့်တဲ့ အကြောင်းတွေ ပြောပြခဲ့ပါတယ်။ မိဘတွေက သူတို့ခန္ဓာကိုယ်မှာ အညစ်အကြေးတွေပေတဲ့အခါ ၊ အိမ်ခန်းတွေမှာလည်း အညစ်အကြေးတွေစွန့်ပြီး ပေကျံနေတဲ့အခါ စိတ်ပျက်ငြီးငြူမှု မဖြစ်ကြဖို့တိုက်တွန်းခဲ့ပါသေးတယ်။

သူ့အနေနဲ့ စနေနေ့တိုင်း မိဘတွေဆီသွားလည်လေ့ရှိကာ အနည်းဆုံးတော့ သူတို့စိတ်ပျော်ရွှင်ပြီး အမှတ်တရဖြစ်အောင် သီချင်းဟောင်းတွေကို ဆိုပြလေ့ရှိကြောင်းလည်း အွန်လိုင်းမှာ ဖောက်သည်ချခဲ့ပါတယ်။

လက်ရှိ လူတစ်ယောက်ရဲ့ အသက်မှာ အကြီးဆုံးအမျိုးသားအဖြစ်နဲ့ တရားဝင်မှတ်တမ်းတင်ထားတာကတော့ ဂျပန်အဖိုးအို Jiroemon Kimura ဖြစ်ပြီး သေဆုံးချိန်မှာ (၁၁၆)နှစ်နဲ့ (၅၄)ရက် ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရပ်တည်ခဲ့သူကတော့ အမေရိကန် အဖိုးအို Christian Mortensen ဖြစ်ပြီး (၁၁၅)နှစ်နဲ့ (၂၅၂)ရက်အထိ အသက်ရှည်ခဲ့ပါတယ်။

အမျိုးသမီးတွေအနေနဲ့ အသက်အကြီးဆုံးအဖွားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူကတော့ ဂျပန်အဖွားအို Nabi Tajima ဖြစ်ပြီး၊ အသက် (၁၁၇)နှစ် (၁၇၉)ရက် ဖြစ်ကာ၊ ဒုတိယရပ်တည်နေသူမှာလည်း ဂျပန်အဖွားအို ဖြစ်ပြီး Chiyo Miyako လို့ အမည်ရပါတယ်။ သူမရဲ့ အသက်ကတော့ (၁၁၆)နှစ်နဲ့ (၂၇၃)ရက် ဖြစ်ပါတယ်။ အခုအဖိုးအိုကြီးရဲ့ အသက် (၁၄၅)နှစ်ဆိုတဲ့ အသက်ကိုတော့ ဖြစ်နိုင်မဖြစ်နိုင် အငြင်းပွားနေကြဆဲပါ။

SHARE FROM လင်းလင်း(ShweMom)
မယုံႏုိင္ဖြယ္ရာ အသက္(၁၄၅)ႏွစ္အထိ ရွင္သန္ေနဆဲ ႏုိင္ဂ်ီးရီးယား အဖိုးအုိ မယုံႏုိင္ဖြယ္ရာ အသက္(၁၄၅)ႏွစ္အထိ ရွင္သန္ေနဆဲ ႏုိင္ဂ်ီးရီးယား အဖိုးအုိ Reviewed by Unknown on January 31, 2018 Rating: 5

No comments:

Powered by Blogger.