စံုတြဲတစ္တြဲဟာ သူတို႔ရဲ႕အိပ္မက္အိမ္ေလးက ေဆာက္လုပ္ေရးသမားေတြရဲ႕ ညံ့ဖ်င္းမွဳေၾကာင့္ အနံ႔႔ဆိုးေတြနဲ႔ စိတ္ပ်က္စရာေနရာတစ္ခု ျဖစ္သြားခဲ့ရပါတယ္။ (၅၁)ႏွစ္အရြယ္ Darren Bradley နဲ႔ (၃၆)ႏွစ္အရြယ္ ဇနီး Maria တို႔ဟာ (၂၀၁၄)ခုႏွစ္က အိမ္တစ္လံုးကို ေတြ႔ရိွခဲ့ၿပီး စတာလင္ေပါင္ (၂)သိန္း (၇) ေသာင္းခြဲနဲ႔ ဝယ္ယူခဲ့ပါတယ္။
ဒါေပမယ့္ လြန္ခဲ့တဲ့ (၃)ႏွစ္က Morris Homes ဆိုတဲ့ ေဆာက္လုပ္ေရးကုမၸဏီဟာ ၎အိမ္ကို အဂၤလန္ႏုိင္ငံအေနာက္အလယ္ပိုင္းမွာ ေဆာက္လုပ္ခဲ့စဥ္က ပိုက္ဆံခိုၿပီး ျဖစ္ကတတ္ဆန္းေဆာက္လုပ္ခဲ့တဲ့အတြက္ အဆုိပါစံုတြဲဟာ အခုဆုိ သူတို႔အိမ္မွာ မိလႅာျပႆနာေတြ ႀကံဳေတြ႔ေနရၿပီျဖစ္ပါတယ္။ မိလႅာက်င္းကို ေဆာက္ထားခဲ့တဲ့ေနရာကေတာ့ သူတို႔အိမ္ရဲ႕ အိမ္ေရွ႕ျခံဝင္းထဲမွာ ျဖစ္ပါတယ္။
ပံုမွန္အားျဖင့္ မိလႅာက်င္းတစ္က်င္းကို အိမ္ (၅)အိမ္စာ သံုးရတာျဖစ္ေပမယ့္ Bradley စံုတြဲရဲ႕ အိမ္ေရွ႕က မိလႅာက်င္းဟာ (၃၂)အိမ္စာ ျဖစ္ၿပီး မိလႅာကားေတြဟာ တစ္ေန႔ကို (၂)ႀကိမ္ လာေရာက္စုပ္ထုတ္ပါတယ္။ Bradley စံုတြဲက ဒီအိမ္ဟာ သူတို႔လက္ထပ္ၿပီးခ်ိန္ေနဖို႔ အိပ္မက္ထဲက အိမ္ေလးတစ္လံုးအျဖစ္ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ အခုေတာ့ မဝယ္ခဲ့မိရင္ ေကာင္းမွာျဖစ္ေၾကာင္း ဆိုပါတယ္။
အိမ္ေရွ႕ျခံဝင္းထဲကေန ဆက္တိုက္ထြက္ေနတဲ့ အနံ႔ဆိုးေၾကာင့္ မိသားစုနဲ႔မိတ္ေဆြေတြကိုလည္း ဖိတ္ေခၚလို႔မရဘဲ အနံ႔ဟာ ေႏြရာသီေတြမွာ ပိုဆိုးတတ္ေၾကာင္းသိရပါတယ္။ အိမ္သာေရဆြဲခ်လိုက္တုိင္းလည္း အိမ္ေရွ႕က က်င္းထဲမွာ ပိုတက္လာတတ္ၿပီး ျခံထဲက ကားသြားလမ္းေၾကာင္းအထိေတာင္ စိမ့္တက္လာတတ္ေၾကာင္း ဆိုပါတယ္။ သူတို႔ရက္ရွည္ခရီးသြားၿပီး ျပန္လာတဲ့အခါေတြမွာလည္း ၎အညစ္အေၾကးေတြေၾကာင့္ မီးဖိုေခ်ာင္မွာ ယင္ေကာင္တေလာင္းေလာင္းျဖစ္ေနတတ္ပါတယ္္။
Bradley စံုတြဲဟာ (၂၀၁၅)ခုႏွစ္ကတည္းက ၎အိမ္သို႔ ေျပာင္းေရႊ႕ဖို႔စီစဥ္ခဲ့ေပမယ့္ ေဆာက္လုပ္ေရးကုမၸဏီက ေခါင္မိုးျပႆနာရိွလို႔ဆိုကာ (၉)လ ေရႊ႕ဆိုင္းခဲ့ရပါတယ္။ တကယ္ေတာ့ မိလႅာက်င္းျပႆနာျဖစ္ေနခဲ့တာပါ။ ၎မိလႅာက်ငး္မွ အညစ္အေၾကးမ်ားဟာ မိလႅာပိုက္ႀကီးထဲကို သြားရမွာျဖစ္ေပမယ့္ ပိတ္ဆို႔မွဳေၾကာင့္ တစ္ေန႔ကို (၂)ခါ စုပ္ထုတ္ရတာျဖစ္ပါတယ္။ အဖံုးလည္းမလံုဘဲ အလြယ္တကူဖြင့္ႏုိင္ျပီး ျပဳတ္က်ႏုိင္ပါေသးတယ္။
Bradley စံုတြဲဟာ အိမ္ထဲကို အနံ႔ဆိုးေတြမဝင္ေအာင္ နံရံကအေပါက္ေတြကိုလည္း ပိတ္ရတာမ်ိဳးေတြရိွျပီး အိမ္ကို ျပဳျပင္ရတာဟာ စရိတ္ေထာင္းေနျပီျဖစ္ေၾကာင္း ဆိုပါတယ္္။ ေဆာက္လုပ္ခဲ့တဲ့ကုမၸဏီကိုဆက္သြယ္ေပမယ့္ က်င္းကို ေရႊ႕ဖို႔ အကုန္အက်မ်ားမွာျဖစ္တဲ့အတြက္ ကုမၸဏီက ေခါင္းေရွာင္ေနေၾကာင္းဆိုပါတယ္။ အျခားအိမ္ေျပာင္းဖို႔ကလည္း ဒီလိုအိမ္ကို ဘယ္သူမွ မဝယ္ေၾကာင္း Bradley စံုတြဲက ေျပာပါတယ္။
ရပ္ကြက္အာဏာပိုင္ေတြက အခုဆိုရင္ ရပ္ကြက္သားေတြ၊ ေျမာင္းသြယ္ကၽြမ္းက်င္သူေတြ၊ ဥပေဒအရာရိွေတြနဲ႔ စည္းေဝးတိုင္ပင္ကာ Bradley တို႔ ျခံဝင္းထဲက မိလႅာျပႆနာကို ေျဖရွင္းဖုိ႔ ႀကိဳးစားေနၾကေၾကာင္းသိရပါတယ္။
SHARE FROM White (Shwemom)
မိလ္လာပြဿနာကြောင့် ဈေးကြီးပေးဝယ်ခဲ့တဲ့ အိပ်မက်အိမ်လေး ပျက်စီးသွားခဲ့တဲ့ စုံတွဲ
စုံတွဲတစ်တွဲဟာ သူတို့ရဲ့အိပ်မက်အိမ်လေးက ဆောက်လုပ်ရေးသမားတွေရဲ့ ညံ့ဖျင်းမှုကြောင့် အနံ့့ဆိုးတွေနဲ့ စိတ်ပျက်စရာနေရာတစ်ခု ဖြစ်သွားခဲ့ရပါတယ်။ (၅၁)နှစ်အရွယ် Darren Bradley နဲ့ (၃၆)နှစ်အရွယ် ဇနီး Maria တို့ဟာ (၂၀၁၄)ခုနှစ်က အိမ်တစ်လုံးကို တွေ့ရှိခဲ့ပြီး စတာလင်ပေါင် (၂)သိန်း (၇) သောင်းခွဲနဲ့ ဝယ်ယူခဲ့ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ (၃)နှစ်က Morris Homes ဆိုတဲ့ ဆောက်လုပ်ရေးကုမ္ပဏီဟာ ၎င်းအိမ်ကို အင်္ဂလန်နိုင်ငံအနောက်အလယ်ပိုင်းမှာ ဆောက်လုပ်ခဲ့စဉ်က ပိုက်ဆံခိုပြီး ဖြစ်ကတတ်ဆန်းဆောက်လုပ်ခဲ့တဲ့အတွက် အဆိုပါစုံတွဲဟာ အခုဆို သူတို့အိမ်မှာ မိလ္လာပြဿနာတွေ ကြုံတွေ့နေရပြီဖြစ်ပါတယ်။ မိလ္လာကျင်းကို ဆောက်ထားခဲ့တဲ့နေရာကတော့ သူတို့အိမ်ရဲ့ အိမ်ရှေ့ခြံဝင်းထဲမှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် မိလ္လာကျင်းတစ်ကျင်းကို အိမ် (၅)အိမ်စာ သုံးရတာဖြစ်ပေမယ့် Bradley စုံတွဲရဲ့ အိမ်ရှေ့က မိလ္လာကျင်းဟာ (၃၂)အိမ်စာ ဖြစ်ပြီး မိလ္လာကားတွေဟာ တစ်နေ့ကို (၂)ကြိမ် လာရောက်စုပ်ထုတ်ပါတယ်။ Bradley စုံတွဲက ဒီအိမ်ဟာ သူတို့လက်ထပ်ပြီးချိန်နေဖို့ အိပ်မက်ထဲက အိမ်လေးတစ်လုံးအဖြစ် မျှော်လင့်ထားခဲ့ပေမယ့် အခုတော့ မဝယ်ခဲ့မိရင် ကောင်းမှာဖြစ်ကြောင်း ဆိုပါတယ်။
အိမ်ရှေ့ခြံဝင်းထဲကနေ ဆက်တိုက်ထွက်နေတဲ့ အနံ့ဆိုးကြောင့် မိသားစုနဲ့မိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်လို့မရဘဲ အနံ့ဟာ နွေရာသီတွေမှာ ပိုဆိုးတတ်ကြောင်းသိရပါတယ်။ အိမ်သာရေဆွဲချလိုက်တိုင်းလည်း အိမ်ရှေ့က ကျင်းထဲမှာ ပိုတက်လာတတ်ပြီး ခြံထဲက ကားသွားလမ်းကြောင်းအထိတောင် စိမ့်တက်လာတတ်ကြောင်း ဆိုပါတယ်။ သူတို့ရက်ရှည်ခရီးသွားပြီး ပြန်လာတဲ့အခါတွေမှာလည်း ၎င်းအညစ်အကြေးတွေကြောင့် မီးဖိုချောင်မှာ ယင်ကောင်တလောင်းလောင်းဖြစ်နေတတ်ပါတယ််။
Bradley စုံတွဲဟာ (၂၀၁၅)ခုနှစ်ကတည်းက ၎င်းအိမ်သို့ ပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပေမယ့် ဆောက်လုပ်ရေးကုမ္ပဏီက ခေါင်မိုးပြဿနာရှိလို့ဆိုကာ (၉)လ ရွှေ့ဆိုင်းခဲ့ရပါတယ်။ တကယ်တော့ မိလ္လာကျင်းပြဿနာဖြစ်နေခဲ့တာပါ။ ၎င်းမိလ္လာကျငး်မှ အညစ်အကြေးများဟာ မိလ္လာပိုက်ကြီးထဲကို သွားရမှာဖြစ်ပေမယ့် ပိတ်ဆို့မှုကြောင့် တစ်နေ့ကို (၂)ခါ စုပ်ထုတ်ရတာဖြစ်ပါတယ်။ အဖုံးလည်းမလုံဘဲ အလွယ်တကူဖွင့်နိုင်ပြီး ပြုတ်ကျနိုင်ပါသေးတယ်။
Bradley စုံတွဲဟာ အိမ်ထဲကို အနံ့ဆိုးတွေမဝင်အောင် နံရံကအပေါက်တွေကိုလည်း ပိတ်ရတာမျိုးတွေရှိပြီး အိမ်ကို ပြုပြင်ရတာဟာ စရိတ်ထောင်းနေပြီဖြစ်ကြောင်း ဆိုပါတယ််။ ဆောက်လုပ်ခဲ့တဲ့ကုမ္ပဏီကိုဆက်သွယ်ပေမယ့် ကျင်းကို ရွှေ့ဖို့ အကုန်အကျများမှာဖြစ်တဲ့အတွက် ကုမ္ပဏီက ခေါင်းရှောင်နေကြောင်းဆိုပါတယ်။ အခြားအိမ်ပြောင်းဖို့ကလည်း ဒီလိုအိမ်ကို ဘယ်သူမှ မဝယ်ကြောင်း Bradley စုံတွဲက ပြောပါတယ်။
ရပ်ကွက်အာဏာပိုင်တွေက အခုဆိုရင် ရပ်ကွက်သားတွေ၊ မြောင်းသွယ်ကျွမ်းကျင်သူတွေ၊ ဥပဒေအရာရှိတွေနဲ့ စည်းဝေးတိုင်ပင်ကာ Bradley တို့ ခြံဝင်းထဲက မိလ္လာပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြကြောင်းသိရပါတယ်။
SHARE FROM White (Shwemom)
မိလႅာျပႆနာေၾကာင့္ ေစ်းႀကီးေပးဝယ္ခဲ့တဲ့ အိပ္မက္အိမ္ေလး ပ်က္စီးသြားခဲ့တဲ့ စံုတြဲ
Reviewed by Unknown
on
January 29, 2018
Rating:
No comments:
Post a Comment