ၾကည့္႐ႈသူ သန္း(၅၀)ေက်ာ္ခဲ့တဲ့ လူေတြလုိေရခ်ိဳးေနတဲ့ ၾကြက္ကေလးရဲ႕ဗီဒီယုိ



အခုေဖာ္ျပခ်င္တာကေတာ့ ပီ႐ူးဒီေဂ်တစ္ေယာက္ရဲ႕အိမ္က ေဘစင္တစ္ခုထဲမွာ ၾကြက္ေလးတစ္ေကာင္ဟာ ဆပ္ျပာေတြနဲ႔ လူေတြအတိုင္း ေရခ်ိဳးေနခဲ့တဲ့ ထူးဆန္းျဖစ္ရပ္တစ္ခု ျဖစ္ပါတယ္။ ဒီအေကာင္ေသးေလးဟာ သူ႔အေမႊးေတြကို ဆပ္ျပာတိုက္ထားျပီး ခ်ိဳင္းေျမွာက္ျပီးေတာ့ေတာင္ ပြတ္တိုက္လိုက္ပါေသးတယ္။

ဒီထူးဆန္းတဲ့ဗီဒီယုိဟာ ပီ႐ူးဒီေဂ်သမား Jose Correa က သူ႔အိမ္မွာ ႐ိုက္ကူးခဲ့တာျဖစ္ျပီး ၾကြက္ဟာ ေနာက္ေျခေထာက္ႏွစ္ေခ်ာင္းကို ေသခ်ာထိန္းထားကာ သူ႔ကိုယ္ေမႊးေတြကို ပြတ္တိုက္ေနတာေတြ႔ရပါတယ္။ ၎ဗီဒီယုိကုိ ၾကည့္႐ွုသူဦးေရဟာ အခုဆို သန္း (၅၀) ေက်ာ္သြားျပီ ျဖစ္ပါတယ္။

Jose ဟာ ျပီးခဲ့တဲ့စေနေန႔နံနက္က သူေရခ်ိဳးဖို႔လုပ္စဥ္ ေဘစင္ထဲမွာ ၎ၾကြက္ကေလးေရခ်ိဳးေနတာကို စကၠန္႔ (၃၀)ေလာက္ ေတြ႔ခဲ့တာျဖစ္ျပီး ဒီလိုထူးဆန္းတာတစ္ခါမွ မျမင္ဖူးေၾကာင္းေျပာခဲ့ပါတယ္။ သူဟာ ၾကြက္ေလးကို မေႏွာင့္ယွက္လိုတာေၾကာင့္ ဗီဒီယုိသာ႐ိုက္ခဲ့တာျဖစ္ျပီး သူတင္လိုက္တဲ့ ဗီဒီယုိဟာ အခုလိုေပၚျပဴလာျဖစ္သြားမယ္လို႔လည္း မထင္ခဲ့ေၾကာင္းေျပာပါတယ္။









ယူေကႏုိင္ငံက တီဗီအစီအစဥ္ Good Morning မွ အစီအစဥ္တင္ဆက္သူ Piers Morgan ကေတာ့ ၾကြက္ေတြဟာ အခုလုိ မလုပ္ႏုိင္တဲ့အတြက္ ဖန္တီးထားတဲ့သတင္းတုသာ ျဖစ္ႏုိင္ေၾကာင္းေျပာခဲ့ပါတယ္။ အင္တာနက္ေပၚက လူအမ်ားက မယံုၾကည္ႏုိင္ေသးဘဲ ပ႐ုိဂရမ္သြင္းထားတဲ့ ၾကြက္စက္႐ုပ္ျဖစ္ႏုိင္တယ္လို႔လည္း ခန္႔မွန္းၾကပါတယ္။ အခ်ိဳ႕ကလည္း ေျမေအာက္ရထားလမ္းကေန အိမ္အထိ ပီဇာသယ္ဖို႔ ၾကြက္ကို သင္ေပးခဲ့တဲ့ Zardulu ကပဲ အခုၾကြက္ကို ေရခ်ိဳးတတ္ေအာင္ သင္ေပးထားတာျဖစ္ႏုိင္ေၾကာင္းဆိုပါတယ္။

ေနာက္ထင္ျမင္ခ်က္တစ္ခုကေတာ့ ဗီဒီယုိမ႐ိုက္ခင္ ၾကြက္က ဆပ္ျပာထဲ ျပဳတ္က်ထားတာေၾကာင့္ ခႏၶာကိုယ္ေပၚမွ ဖယ္ထုတ္ေနတာ ျဖစ္ႏုိင္တယ္ဆိုတာျဖစ္ပါတယ္။ ဒီေနာက္ဆံုးထင္ျမင္ခ်က္ကို ဇီဝေဗဒပညာရွင္ Tuomas Aivelo က သံုးသပ္ေျပာၾကားခဲ့တာျဖစျ္ပီး ၾကြက္ဟာ ဆပ္ျပာေတြေပေနလို႔ ဖယ္ထုတ္္ေနတာျဖစ္ႏုိင္ေၾကာင္း ေျပာခဲ့ပါတယ္။ 

White (Shwemom)

ကြည့်ရှုသူ သန်း(၅၀)ကျော်ခဲ့တဲ့ လူတွေလိုရေချိုးနေတဲ့ ကြွက်ကလေးရဲ့ဗီဒီယို

အခုဖော်ပြချင်တာကတော့ ပီရူးဒီဂျေတစ်ယောက်ရဲ့အိမ်က ဘေစင်တစ်ခုထဲမှာ ကြွက်လေးတစ်ကောင်ဟာ ဆပ်ပြာတွေနဲ့ လူတွေအတိုင်း ရေချိုးနေခဲ့တဲ့ ထူးဆန်းဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဒီအကောင်သေးလေးဟာ သူ့အမွှေးတွေကို ဆပ်ပြာတိုက်ထားပြီး ချိုင်းမြှောက်ပြီးတော့တောင် ပွတ်တိုက်လိုက်ပါသေးတယ်။

ဒီထူးဆန်းတဲ့ဗီဒီယိုဟာ ပီရူးဒီဂျေသမား Jose Correa က သူ့အိမ်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကြွက်ဟာ နောက်ခြေထောက်နှစ်ချောင်းကို သေချာထိန်းထားကာ သူ့ကိုယ်မွှေးတွေကို ပွတ်တိုက်နေတာတွေ့ရပါတယ်။ ၎င်းဗီဒီယိုကို ကြည့်ရှုသူဦးရေဟာ အခုဆို သန်း (၅၀) ကျော်သွားပြီ ဖြစ်ပါတယ်။

Jose ဟာ ပြီးခဲ့တဲ့စနေနေ့နံနက်က သူရေချိုးဖို့လုပ်စဉ် ဘေစင်ထဲမှာ ၎င်းကြွက်ကလေးရေချိုးနေတာကို စက္ကန့် (၃၀)လောက် တွေ့ခဲ့တာဖြစ်ပြီး ဒီလိုထူးဆန်းတာတစ်ခါမှ မမြင်ဖူးကြောင်းပြောခဲ့ပါတယ်။ သူဟာ ကြွက်လေးကို မနှောင့်ယှက်လိုတာကြောင့် ဗီဒီယိုသာရိုက်ခဲ့တာဖြစ်ပြီး သူတင်လိုက်တဲ့ ဗီဒီယိုဟာ အခုလိုပေါ်ပြူလာဖြစ်သွားမယ်လို့လည်း မထင်ခဲ့ကြောင်းပြောပါတယ်။

ယူကေနိုင်ငံက တီဗီအစီအစဉ် Good Morning မှ အစီအစဉ်တင်ဆက်သူ Piers Morgan ကတော့ ကြွက်တွေဟာ အခုလို မလုပ်နိုင်တဲ့အတွက် ဖန်တီးထားတဲ့သတင်းတုသာ ဖြစ်နိုင်ကြောင်းပြောခဲ့ပါတယ်။ အင်တာနက်ပေါ်က လူအများက မယုံကြည်နိုင်သေးဘဲ ပရိုဂရမ်သွင်းထားတဲ့ ကြွက်စက်ရုပ်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ အချို့ကလည်း မြေအောက်ရထားလမ်းကနေ အိမ်အထိ ပီဇာသယ်ဖို့ ကြွက်ကို သင်ပေးခဲ့တဲ့ Zardulu ကပဲ အခုကြွက်ကို ရေချိုးတတ်အောင် သင်ပေးထားတာဖြစ်နိုင်ကြောင်းဆိုပါတယ်။

နောက်ထင်မြင်ချက်တစ်ခုကတော့ ဗီဒီယိုမရိုက်ခင် ကြွက်က ဆပ်ပြာထဲ ပြုတ်ကျထားတာကြောင့် ခန္ဓာကိုယ်ပေါ်မှ ဖယ်ထုတ်နေတာ ဖြစ်နိုင်တယ်ဆိုတာဖြစ်ပါတယ်။ ဒီနောက်ဆုံးထင်မြင်ချက်ကို ဇီဝဗေဒပညာရှင် Tuomas Aivelo က သုံးသပ်ပြောကြားခဲ့တာဖြြစ်ပီး ကြွက်ဟာ ဆပ်ပြာတွေပေနေလို့ ဖယ်ထုတ််နေတာဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ 

White (Shwemom)
ၾကည့္႐ႈသူ သန္း(၅၀)ေက်ာ္ခဲ့တဲ့ လူေတြလုိေရခ်ိဳးေနတဲ့ ၾကြက္ကေလးရဲ႕ဗီဒီယုိ ၾကည့္႐ႈသူ သန္း(၅၀)ေက်ာ္ခဲ့တဲ့ လူေတြလုိေရခ်ိဳးေနတဲ့ ၾကြက္ကေလးရဲ႕ဗီဒီယုိ Reviewed by Unknown on January 30, 2018 Rating: 5

No comments:

Powered by Blogger.