ပုံမှန်အားဖြင့်ဆိုရင်တော့ အာမခံ ထားတယ်ဆိုတာဟာ အိမ်၊ကား အစရှိတဲ့ ပစ္စည်းအာမခံ၊ မီးအာမခံ၊၊အသက်အာမခံ တွေကိုပဲ ထားလေ့ ရှိပါတယ်။ဒါပေမယ့် ကမ္ဘာကျော် ဆယ်လီတွေထဲမှာတော့ အဲ့ဒါတွေတင်မဟုတ်ပဲ သူတို့ရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကိုပါ အာမခံထားကြသူတွေ ရှိပါတယ်။ဘယ်ဆယ်လီတွေက သူတို့ရဲ့ ဘယ်အစိတ်အပိုင်းကို ဘယ်လောက်နဲ့ အာမခံထားကြသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(1)Rihanna
Gillette ကနေ သူမကို “Celebrity Legs of a Goddess.” ဆိုတဲ့ ဆုပေးလိုက်ပြီးနောက်မှာတော့ Rihanna က သူမခြေထောက်ကို ($1 သန်း)နဲ့ အာမခံထားခဲ့ပါတယ်။
(2)Daniel Craig
Daniel Craig ကတော့ သူ့ရဲ့ခန္ဓာကိုယ်ကို ($9.5 )သန်းနဲ့ အာမခံထားခဲ့ပါတယ်။Quantum of Solace ဆိုတဲ့ ဇာတ်ကားကို ရိုက်တုန်းက သူလုပ်ရတဲ့ စတန့်ပြကွက်တွေ အရမ်းများလွန်းတော့ အာမခံထားခဲ့တာပါ။
(3)Julia Roberts
Julia Roberts ကတော့သူမရဲ့ အပြုံးဟာ အရမ်းကို နာမည်ကြီးပါတယ်။ဒါကြောင့်လည်း သန်း၃၀)($30 million) နဲ့ အာမခံထားခဲ့ပါတယ်။
(4)David Beckham
David Beckham ကတော့ သူ့ရဲ့ အဖိုးတန်ရွှေခြေထောက်ကို ကန်ဒေါ်လာ သန်း(၇၀)နဲ့ အာမခံထားခဲ့ဖူးပါတယ်။
(5)Taylor Swift
Taylor Swift ကလည်း သူမရဲ့ ခြေထောက်ကို ကန်ဒေါ်လာ သန်း(၄၀)နဲ့ အာမခံထားထားပါတယ်။တစ်ခါကဆိုရင် သူမရဲ့ ကြောင် ကုတ်လို့ ဒဏ်ရာရသွားတဲ့ ခြေထောက်ပုံကို တင်ပြီး “နင်တော့ ငါ့ကို ကန်ဒေါ်လာ သန်း(၄၀) အကြွေး တင်သွားပြီ.” ဆိုပြီး စနောက်ရေးခဲ့ဖူးပါတယ်။
(6)Jennifer Lopez
Jennifer Lopez ရဲ့ တင်ပါးအလှက အရမ်းနာမည်ကြီးပါတယ်။သူမရဲ့ တင်ပါးကို ကန်ဒေါ်လာ သန်း (၃၀၀)နဲ့ အာမခံ ထားတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ဖူးပေမယ့် JLo ကတော့ ဒီသတင်းမဟုတ်ပါဘူး ဆိုပြီး ပြန်ငြင်းခဲ့ဖူးပါတယ်။
(7)Mariah Carey
Rihanna မတိုင်ခင် တစ်နှစ်က Gillette ကနေ “Celebrity Legs of a Goddess” ဆုကို Mariah Carey ကို ပေးခဲ့ဖူးပါတယ်။ဒါကြောင့် သူမရဲ့ ခြေထောက်ကို ကန်ဒေါ်လာ (၁)ဘီလီယံနဲ့ အာမခံထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
(8)Miley Cyrus
Miley Cyrus ကတော့ သူမရဲ့ လျှာကို ကန်ဒေါ်လာ တစ်သန်းနဲ့ အာမခံထားခဲ့ပါတယ်။
(9)Madonna
Madonna ကတော့ အသံပိုင်းဆိုင်ရာ ပါရမီရှင်ကြီးဆိုပေမယ့် သူမအာမခံ ထားတဲ့ အရာက ရင်သားပါ။ကန်ဒေါ်လာ (၂) သန်းနဲ့ အာမခံထားခဲ့တာပါ။
(10) Keith Richards(Rolling Stones)
Rolling Stones ရဲ့ ဂစ်တာပညာရှင် Keith Richards ကတော့ သူ့ရဲ့ လက်တွေကို ကန်ဒေါ်လာ (၁.၆)သန်းနဲ့ အာမခံထားခဲ့ပါတယ်။တကယ်လည်း အဖိုးတန်ရွှေလက်မို့ အာမခံထားသင့်တဲ့ အရာပါ။
(11)Dolly Parton
အမေရိကန် အဆိုတော် တေးရေးသူ Dolly Parton ကတော့ ရင်သားကို ကန်ဒေါ်လာ ($600,000) နဲ့ အာမခံထားခဲ့ပါတယ်။
(12)Bruce Springsteen
အမေရိကန် အဆိုတော် Bruce Springsteen ကတော့ သူ့ရဲ့အသံအိုးကို ကန်ဒေါ်လာ (၆)သန်းနဲ့ အာမခံထားခဲ့ပါတယ်။
(13)David Lee Roth
အမေရိကန်အဆိုတော် David Lee Roth ကတော့ သူ့ရဲ့ သုတ်ပိုး ကို ကန်ဒေါ်လာ (၁) သန်းနဲ့ အာမခံထားခဲ့ပါတယ်။
(14)Cristiano Ronaldo
Cristiano Ronaldo ကတော့ သူ့ရဲ့ခြေထောက်ကို ကန်ဒေါ်လာ(၁၄၄)သန်းနဲ့ အာမခံထားတယ်လို့ (၂၀၁၄)က သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
SHARE FROM SHWEMOM
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာမခံထားတဲ့ ဆယ်လီများ
Reviewed by Unknown
on
January 26, 2018
Rating:
No comments:
Post a Comment