Filler တွေထိုးပြီး တင်ပါးနဲ့ပေါင်တွေမှာ ဟောင်းလောင်းပေါက်တွေဖြစ်သွားခဲ့တဲ့ Miss Bum Bum Brazilian
Filler တွေထိုးပြီးတော့ အလှပြုပြင်လာတာ လက်တလောအလှအပနဲ့ ခွဲစိပ်ပြုပြင်မှုမှာ ရေပန်းစားနေပါ တယ်။ ဆာဂျရီမဟုတ်ပဲ Filler တွေ ခန္ဓာကိုယ်အရေပြားထဲ ထိုးသွင်းရုံနဲ့တင် လိုသလိုပုံဖော်လို့ ရနိုင် တာမို့လို့ ကုန်ကျစရိတ်လည်းသက်သာတဲ့အပြင် နာကျင်မှုနဲ့ ဘေးထွက်ဆိုးကျိုးလည်း နည်းနိုင်လို့ အလှအပကြိုက်တဲ့ အမျိုးသား၊ အမျိုးသမီးတို့က ဒီ Filler ထိုးတဲ့ နည်းလမ်းကို ပိုမိုရွေးချယ်ပြင်ဆင် လာကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဓာတုဆေးဝါးပစ္စည်းတွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ အရာဝတၳုတွေကြောင့်ပဲ ခန္ဓာကိုယ်မှာ ဘေးထွက်ဆိုးကျိုးနဲ့ ရောဂါဝေဒနာပျက်စီးမှုတွေဖြစ်ပေါ်လာမှာကတော့ အသေအချာပါပဲ။ Miss Bum Bum Brazilian အမျိုးသမီးတစ်ဦးက သူမရဲ့ တင်ပါးအလှအပခွဲစိပ်ပြုပြင်မှုနဲ့ တင်ပါးအလှဆုံးအမျိုး သမီး ရွေးချယ်ခံရမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အခုလိုပဲ ဖော်ပြ လာပါတယ်။
ဘရာဇီးလ်က အသက် ၂၇ နှစ်အရွယ် အမျိုးသမီး အန်ဒရီစာယူရက်ဆိုသူက တင်ပါးအလှပြပြိုင်ပွဲ မှာ ပထမဆုကို ရရှိခဲ့ပါတယ်။ သူမရဲ့ လှပတဲ့တင်သားနဲ့ ကောက်ကြောင်းတွေဟာ ပရိတ်သတ်နဲ့ ဒိုင်လူ ကြီးတွေနှစ်ခြိုက်သဘောကျမှုအများဆုံးရရှိခဲ့တာကြောင့်လည်း ဒီဆုကိုပိုင်ဆိုင်ခဲ့တာပါ။ ဒါပေမယ့် ပြိုင်ပွဲပြီး ဆုရရှိပြီးနောက်ပိုင်းအချိန်တွေမှာတော့ သူမရဲ့ တင်ပါးနဲ့ပေါင်ရင်းနေရာတွေက ခွဲစိပ်ပြုပြင် ထားတဲ့ အစိတ်အပိုင်းတွေကနေ အသားအရေပြားတွေကို လှိုဏ်စားမှုတွေဖြစ်ခဲ့ပါတယ်။
တင်ပါးလှလှလေးနဲ့ ပေါင်သားကျစ်လစ်လှပဖို့အတွက် အရေပြားထဲကို ထိုးသွင်းတဲ့ အလှအပဂျဲလ်၊ Filler တွေဟာဆိုရင် သူမရဲ့ တင်ပါးအတွင်းကြွက်သားနဲ့ အရေပြားအသားတွေကို လှိုဏ်စားပြီး အပေါက်တွေဖြစ်သွားစေခဲ့ပါတယ်။ တကယ့်ကို ထိတ်လန့်စ ရာကောင်းတဲ့ အခြေအနေနဲ့ ဆေးရုံတက် ရောက်ကုသနေစဉ်မှာ သူမရဲ့ ဒီလိုမျိုး ဝေဒနာခံစားမှုနဲ့ အလှအပဘေး ထွက်ဆိုးကျိုးဖြစ်လာတဲ့ ပုံရိပ် တွေကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။
Filler တွေ၊ တင်ပါးထဲ ထိုးသွင်းတဲ့ ဓာတုဆေးရည်တွေကြောင့် ခြေထောက်၊ ပေါင်နဲ့ တင်ပါးတွေမှာ အတွင်းဘက်အနာနဲ့ လှိုဏ်စားခံခဲ့ရပြီးတော့ အသားတွေပျောက် ဆုံးကုန်ကာ အပေါက်တွေဖြစ် သွား ခဲ့တာပဲဖြစ်ပါတယ်။ အန်ဒရီစာဟာ သူမရဲ့ ဒီလိုဆိုးရွားပြီး ပြင်းထန်တဲ့ ဒဏ်ရာအခြေအနေနဲ့ ဆေးရုံမှာ တစ်လကျော်ကြာ ကျပ်မတ်တဲ့ဆေးကုသမှု ခံယူပြီးနောက်မှာ ဆွေးမြေ့သွားတဲ့ အသားနဲ့ ကြွက်သား တွေကို ဖယ်ရှားဖို့ဆိုရင် ခြေထောက်တစ်ခြောက်ဆုံးရံှုးလုနီးပါးဖြစ်ကာ အသက်အန္တရာယ်ကို ခြိမ်း ခြောက်တဲ့အခြေအနေအထိတောင် ရင်ဆိုင်နေခဲ့ရတာပဲဖြစ်တယ်လို့ သိရပါတယ်။
SHARE FROM မေ(ရွှေအင်းလေး)
Reviewed by Unknown
on
January 28, 2018
Rating:
No comments:
Post a Comment