အားလုံးသိတဲ့အတိုင်း ပြည့်တန်ဆာလောကဆိုတာ လူမှုအဖွဲ့အစည်းအသိုင်းအ၀ိုင်းတစ်ခုလုံးက ဆန့်ကျင်နှာခေါင်းရှုံ့တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ဒီအလုပ်ကပဲ သူမသမီးအတွက် ပိုပိုကောင်းတဲ့မိခင်တစ်ယောက်ဖြစ်လာစေတယ်လို့ ထူးဆန်းဖွယ်ဆိုလာသူကတော့ Portlandနိုင်ငံက Elle Stangerလို့ခေါ်တဲ့ 31နှစ်အရွယ်မိခင်တစ်ဦးဖြစ်ပါတယ်။ကိုယ်ချင်းစာမှု၊စာနာမှုစွမ်းအားကို သူမယုံကြည်သလို ပြည့်တန်ဆာလောကနဲ့သက်ဆိုင်သမျှ အလုပ်စုံနီးပါးလုပ်ရင်း ကျင်လည်နေတဲ့သူမဟာ ကာမစိတ်ကိုလှုံဆော်ပေးတဲ့စာတွေရေးရင်းလည်း ၀င်ငွေရှာပါသေးတယ်။
သူမဟာ သူမရွေးချယ်ထားတဲ့အလုပ်နဲ့ပတ်သက်ပြီး အခြားသူတွေရဲ့အမြင်ကို ဂရုမစိုက်သလို အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ပွဲတွေမှာလည်း ပါဝင်လှုပ်ရှားသြူုဖစ်ပါတယ်။
ဒီအလုပ်နဲ့ပတ်သက်ပြီး သူမသမီးအပေါ်မှာ သက်ရောက်မှုမရှိဘူးလားလို့ သင်တွေးနေလောက်ပါတယ်။အထူးသဖြင့် ကျောင်းမှာပေါ့။သူမရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဘသူမဆို မေးလာနိုင်တဲ့ ဒီမေးခွန်းအတွက်လည်း သင့်လျော်တဲ့အဖြေကို သူမသမီးအတွက် ပြင်ဆင်ပေးပြီးသားပါ။
“ပိုက်ဆံရဖို့ မေမေ ကတယ်၊လူတွေနဲ့စကားပြောတယ်။ဟာသတွေပြောတယ်”ဆိုပြီး ကလေ3းနှစ်အရွယ်ကတည်းက ပြောပြပြီးသားပါ။သူမဟာ ဘလိုပဲ သူမအလုပ်နဲ့ပတ်သက်ပြီး ဂုဏ်ယူမဆုံးဖြစ်နေလင့်ကစား သူမရဲ့တနေ့တာလုပ်ငန်းခွင်ဝင်နေပုံကိုတော့ သမီးဖြစ်သူကို မမြင်မတွေ့ စေလိုကြောင်း ယတိပြတ်ဆိုထားသူပါ။
“အထူးသဖြင့် ကျွန်မအမေတစ်ယောက်ဖြစ်နေလျက်နဲ့ ဒီလိုအလုပ်တွေကိုလုပ်နေလို့ လူတွေကပိုပြီးအဆိုးမြင်နေကြတာ ကျွန်မသိပါတယ်..။နောက် ကျွန်မကလေးကို လုံခြုံစိတ်ချရပြီး ကျနစွာပုံဖော်ထားတဲ့ပတ်ဝန်းကျင်မှာ ပြုစုပျိုးထောင်ပေးနေနိုင်တယ်ဆိုတာလည်း လူတွေယုံကြမယ်မထင်ဘူး။အကြောင်းက သူတို့ရဲ့ကိုယ်ပိုင်စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ကျွန်မကိုလာပြီးချိန်ထိုးနေကြတာကိုးး”လို့ ဆိုပါတယ်။
Stangerအတွက်တော့ သူမရဲ့အလုပ်နဲ့မိခင်ဘ၀ဟာာ အတူတကွရောနှောလိုက်ဖို့မသင့်တဲ့ ခြားနားတဲ့အလုပ်တွေပါ။
”သမီးရှေ့မှာ ကျွန်မအမြဲနေပေးနေဖို့ သူ့ရှေ့မှာ ဒီအလုပ်တွေလုပ်ပြနေဖို့ မဖြစ်နိုင်ဘူး။အရွယ်ရောက်လာတဲ့လူတစ်ယောက်အနေနဲ့ ဘသူမဆို ကိုယ့်မိဘတွေဒါမျိုးတွေလုပ်နေတာ ကြည့်ချင်မှာမဟုတ်ဘူးလေ..။တစ်ဖက်ကလည်း ကျွန်မဟာ မိခင်တစ်ယောက်၊မိခင်တစ်ယောက်ဘ၀ရောက်လာတဲ့အခါမှာ လူကြီးအရွယ်ရောက်လာသူတိုင်း ရပ်တည်ဖို့အလုပ်လုပ်နေကြသလို ကွန်မရဲ့လူကြီးအလုပ်ကို ကျွန်မကိုယ်တိုင်ရွေးချယ်လုပ်ကိုင်တယ်.။ရောထွေးလိုက်စရာအကြောင်းကိုမရှိတာ”လို့ဆိုပါတယ်။
သူမဟာလူတွေရဲ့ဆန္ဒပြီးမြောက်အောင်ကူညီကုသပေးနေသူလို့ပဲ သူမကိုယ်သူမခံယူထားတာကြောင့် သူမရဲ့အလုပ်သဘောသဘာဝကိုပွင့်လင်းစွာဝန်ခံထားတဲ့အပြင် ဒီအလုပ်နဲ့ပတ်သက်ပြိးလည်း အကြောမခံသူပါ။
“ကျွန်မ ကိုယ့်ကိုယ်ကို မိခင်တစ်ယောက်လို အထိအတွေ့ကြင်နာမှုမျိုးကို ကျွန်မကလေးကိုတင်မကပဲ အလုပ်အပ်တဲ့သူတွေကိုလည်း မိခင်သဖွယ်ဂရုစိုက်ရင်း ကျေနပ်ပျော်ရွှင်စေချင်တယ်။သူတို့ပိုပျော်လေလေ ကျွန်မကိုလည်းအကောင်းဆုံးပြုစုလေလေပေါ့..”
ဒီအလုပ်နဲ့ပတ်သက်ပြီး လူများစုက လက်မခံ၊ဝေဖန်ရှုတ်ချနေဆဲဖြစ်ပေမယ့် သူမသိတာကတော့ ထက်မြက်ပြီးပျော်ရွှင်တဲ့ကလေးတစ်ယောက်ကို ပျိုးထောင်ပေးနေရုံသက်သက်ပဲဆိုတာ…။ ။
SHARE FROM ပြောချင်လွန်းလို့
ပြည့်တန်ဆာအလုပ်လုပ်ရင်း 5နှစ်အရွယ်သမီးလေးရဲ့ဘ၀ကို လိုလေသေးမရှိအောင်ပျိုးထောင်ပေးနေတဲ့မိခင်
Reviewed by Unknown
on
February 06, 2018
Rating:
Reviewed by Unknown
on
February 06, 2018
Rating:










No comments:
Post a Comment