ကမ္ဘာကျော် သချိုင်းကိုသူငယ်ချင်းတွေနဲ့ အပျော်သွားမိရာက ကံဆိုးမိုးမှောင်ကြခဲ့တဲ့ Ariana


အမေရိကန်ဆယ်ကျော်သက်အဆိုတော် Ariana Grandeဟာသူမရဲ့မကောင်းဆိုးဝါးတွေခြောက်လှန့်တာခံခဲ့ရပုံ အကြောင်း အထိတ်တလန့်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က Complex Magazine ကနေ Ariana Grande ကို သူမဟာ ဂြိုလ်သားတွေနဲ့ တစ္တေသရဲတွေအပေါ်ယုံကြည်မှုရှိလားဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပြီး သူမက ချက်ချင်းဆိုသလို “သေချာတာပေါ့ရှင် လို့ပြန်ဖြေခဲ့ပြီး သွေးပျက်တဲ့ မျက်နှာနဲ့ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ကျွန်မသူငယ်ချင်းတွေနဲ့ အတူတူ Kansas မြို့တော်မှာရှိနေခဲ့တယ်။"

Kansas ရဲတိုက်ကခြောက်လှန့်တယ်လို့ အရမ်းနာမည်ကြီးတာလေ တော်တော်စိတ်လှုပ်ရှားဖို့ကောင်းခဲ့တယ်။ နောက်တနေ့ညရောက်တော့ ကျွန်မတို့ Stull ရဲ့နာမည်ကြီး သချိုင်းကိုကားမောင်းသွားခဲ့တယ်။ Stullသချိုင်းကြီးက ကမ္ဘာပေါ်မှာ ငရဲကိုသွားတဲ့ဂိတ်ပေါက် ၇ခုထဲက တစ်ခုပါ။”



“ေ၇ာက်ေ၇ာက်ခြင်း ကျွန်မနေမကောင်းသလိုခံစားရတယ်။ ပြီးတော့ ကားတစ်စီးလုံးကို မကောင်းတာတခုခုဖုံးလွှမ်းထားသလိုပဲ၊ ရုတ်တရက် ယင်ကောင်တွေရောက်လာတယ်၊ ကြက်ဥပုပ်နံ့လိုလို အကောင်တစ်ကောင်ပုပ်နံ့လိုလို ကားထဲမှာနံ့လာတာပဲ၊ ဒါ နတ်ဆိုးတွေရဲ့ နိမတ်ပြတာတွေမဟုတ်လား။ ကားပြတင်းပေါက်ကနေ ခုန်ချချင်စိတ်ပေါက်လာပြီး သူငယ်ချင်းတွေကို ဒီကထွက်သွားရအောင်လို့ ထိတ်လန့်တကြား အော်ပြောနေမိတာပါပဲ။”



“မပြန်ခင်မှာ ကျွန်မတို့တွေ ဒီနေရာကို နှောက်ယှက်ချင်လို့ မဟုတ်ပါဖူး ခွင့်လွှတ်ပါဆိုပြီး တောင်းပန်ခဲ့ကြတယ်။ အဲဒီနောက် အမှတ်တရဓါတ်ပုံရိုက်ခဲ့ပြီး ပုံထဲမှာ သစ္တေမျက်နှာ ၃ခုပါလာခဲ့တယ်။”
Ariana ဟာသူမအတွေ့အကြုံကို ထိတ်လန့်တကြားပြောခဲ့ပြီး သူတို့ ရှိတယ်ဆိုတာ မယုံကြည်လို့ မရဖူးလို့ ပြောကြားခဲ့ပါတယ်။

SHARE FROM ရူး (မိုမိုလေး)
ကမ္ဘာကျော် သချိုင်းကိုသူငယ်ချင်းတွေနဲ့ အပျော်သွားမိရာက ကံဆိုးမိုးမှောင်ကြခဲ့တဲ့ Ariana ကမ္ဘာကျော် သချိုင်းကိုသူငယ်ချင်းတွေနဲ့ အပျော်သွားမိရာက ကံဆိုးမိုးမှောင်ကြခဲ့တဲ့ Ariana Reviewed by Unknown on February 07, 2018 Rating: 5

No comments:

Powered by Blogger.