ေဖေဖာ္ဝါရီလ(၄)ရက္ေန႕ မနက္ပိုင္းအခ်ိန္ မႏၱေလးတိုင္းေဒသႀကီး၊မႏၱေလးၿမိဳ႕ ေအာင္ပင္လယ္ၿမိဳ႕သစ္တြင္ ကေလးငယ္တစ္ဦး ခႏၶာကိုယ္ေပၚ ဆီပူေတြေမွာက္က်ေလာက္ကြၽမ္းခဲ့တယ္လို႔သိရပါတယ္။ အဆိုပါ ျဖစ္စဥ္မွာ ကေလးငယ္ေလးဟာ မနက္ခင္း မိခင္ျဖစ္သူနဲ႕ အီၾကာေကြးေၾကာ္ ေနစဥ္အီၾကာေကြးေၾကာ္တဲ့ဒယ္အိုးေအာက္ တြင္ မီးထိုးထားတဲ့ ထင္းတုံးကို ခိုစီးလိုက္ရာမွ ဆီအိုးေမွာက္က် သြားခဲ့တာပဲ ျဖစ္ပါတယ္။၎ဆီအိုးဟာကေလး ငယ္ေလးရဲ႕ ခႏၶာကိုယ္ေပၚေမွာက္က်သြားခဲ့တာျဖစ္ၿပီး ကေလးငယ္အား ဆီပူေတြ ေလာင္းခ်သလို ျဖစ္ခဲ့တာ ပဲျဖစ္ပါတယ္။
ဆီပူေလာင္ ကြၽမ္းခဲ့တဲ့ သမီးငယ္ေလးဟာ ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ၿပီး ေသမတတ္ခံစားခဲ့ရတယ္ လို႔ မိဘျဖစ္သူမ်ားကေျပာပါတယ္။ အဆိုပါ ဆီပူေလာင္ကြၽမ္းမႈ ျဖစ္စဥ္ေၾကာင့္ သမီးငယ္ေလးရဲ႕ ညာခႏၶာကိုယ္ တစ္ျခမ္းလုံး၊မ်က္ႏွာမွ စတင္ကာ ေျခေထာက္ေအာက္ပိုင္းအထိ ဆီပူေလာင္းကြၽမ္း ဒဏ္ရာမ်ားရရွိခဲ့ တာပဲ ျဖစ္ပါတယ္။ ၎ျဖစ္စဥ္ ျဖစ္ပြားျခင္းမွာပဲ မႏၱေလးၿမိဳ႕ ONE TO ONE ျပည္သူ႕ကူညီေရးအဖြဲ႕မွ သမီးငယ္ေလး အား မႏၱေလးကုတင္၅၅၀ကေလးေဆး႐ုံႀကီး ကိုပို႔ေဆာင္ေပးခဲ့တယ္လို႔ အဆိုပါအသင္းအဖြဲ႕မွ လူမႈဝန္ထမ္း တစ္ဦးက ေျပာပါတယ္။
အဆိုပါ ဆီပူေလာင္ကြၽမ္းခဲ့တဲ့ ကေလးငယ္ေလးကေတာ့ အသက္ (၃)ႏွစ္အ႐ႊယ္ မဝင္းရတီအမည္ရတဲ့ သမီးငယ္ေလးျဖစ္ၿပီး ေအာင္ပင္လယ္ၿမိဳ႕သစ္တြင္ေနထိုင္တယ္လို႔ သိရပါတယ္။လက္ရွိမွာေတာ့ မႏၱေလး ကုတင္၅၅၀ကေလးေဆး႐ုံႀကီး၊ ခြဲစိတ္ေဆာင္ ( ၁ ) မွာေဆးကုသမႈ ခံယူေနရတယ္လို႔ သိရပါတယ္။သမီးေလး ဘယ္ေလာက္ေတာင္ ခံစားေနရလည္းဆိုရင္ ယခုအီၾကာေကြးေကြၽးတာ လုံးဝမစားေတာ့ဘူးလို႔ အေဖျဖစ္သူ ကေျပာပါတယ္။အေဆာ့မက္တဲ့အ႐ႊယ္ ကေလးငယ္ေလးေတြရွိတဲ့ မိဘမ်ားအေနနဲ႕လည္း ကိုယ့္ရဲ႕ရင္ေသြးငယ္ ေလးေတြကို အစအစအရာရာ ဂ႐ုစိုက္ၾကပါေနာ္။
အီကြာကွေးကို သေလောက်အောင် မုန်းသွားခဲ့တဲ့ အသက်က ၃နှစ်အရွယ် သမီးလေး
ဖေဖော်ဝါရီလ(၄)ရက်နေ့ မနက်ပိုင်းအချိန် မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့ အောင်ပင်လယ်မြို့သစ်တွင် ကလေးငယ်တစ်ဦး ခန္ဓာကိုယ်ပေါ် ဆီပူတွေမှောက်ကျလောက်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ ကလေးငယ်လေးဟာ မနက်ခင်း မိခင်ဖြစ်သူနဲ့ အီကြာကွေးကြော် နေစဉ်အီကြာကွေးကြော်တဲ့ဒယ်အိုးအောက် တွင် မီးထိုးထားတဲ့ ထင်းတုံးကို ခိုစီးလိုက်ရာမှ ဆီအိုးမှောက်ကျ သွားခဲ့တာပဲ ဖြစ်ပါတယ်။၎င်းဆီအိုးဟာကလေး ငယ်လေးရဲ့ ခန္ဓာကိုယ်ပေါ်မှောက်ကျသွားခဲ့တာဖြစ်ပြီး ကလေးငယ်အား ဆီပူတွေ လောင်းချသလို ဖြစ်ခဲ့တာ ပဲဖြစ်ပါတယ်။
ဆီပူလောင် ကျွမ်းခဲ့တဲ့ သမီးငယ်လေးဟာ ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး သေမတတ်ခံစားခဲ့ရတယ် လို့ မိဘဖြစ်သူများကပြောပါတယ်။ အဆိုပါ ဆီပူလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် သမီးငယ်လေးရဲ့ ညာခန္ဓာကိုယ် တစ်ခြမ်းလုံး၊မျက်နှာမှ စတင်ကာ ခြေထောက်အောက်ပိုင်းအထိ ဆီပူလောင်းကျွမ်း ဒဏ်ရာများရရှိခဲ့ တာပဲ ဖြစ်ပါတယ်။ ၎င်းဖြစ်စဉ် ဖြစ်ပွားခြင်းမှာပဲ မန္တလေးမြို့ ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့မှ သမီးငယ်လေး အား မန္တလေးကုတင်၅၅၀ကလေးဆေးရုံကြီး ကိုပို့ဆောင်ပေးခဲ့တယ်လို့ အဆိုပါအသင်းအဖွဲ့မှ လူမှုဝန်ထမ်း တစ်ဦးက ပြောပါတယ်။
အဆိုပါ ဆီပူလောင်ကျွမ်းခဲ့တဲ့ ကလေးငယ်လေးကတော့ အသက် (၃)နှစ်အရွှယ် မဝင်းရတီအမည်ရတဲ့ သမီးငယ်လေးဖြစ်ပြီး အောင်ပင်လယ်မြို့သစ်တွင်နေထိုင်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မန္တလေး ကုတင်၅၅၀ကလေးဆေးရုံကြီး၊ ခွဲစိတ်ဆောင် ( ၁ ) မှာဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။သမီးလေး ဘယ်လောက်တောင် ခံစားနေရလည်းဆိုရင် ယခုအီကြာကွေးကျွေးတာ လုံးဝမစားတော့ဘူးလို့ အဖေဖြစ်သူ ကပြောပါတယ်။အဆော့မက်တဲ့အရွှယ် ကလေးငယ်လေးတွေရှိတဲ့ မိဘများအနေနဲ့လည်း ကိုယ့်ရဲ့ရင်သွေးငယ် လေးတွေကို အစအစအရာရာ ဂရုစိုက်ကြပါနော်။
အီၾကာေကြးကို ေသေလာက္ေအာင္ မုန္းသြားခဲ့တဲ့ အသက္က ၃ႏွစ္အ႐ြယ္ သမီးေလး
Reviewed by Unknown
on
February 05, 2018
Rating:
No comments:
Post a Comment