


















မိသားစုနဲ့အတူဘုရားဖူးခရီးသွားနေတဲ့ ရွှေပိုးအိမ်

တက်သစ်စမင်းသမီးလေးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်ရွှေပိုးအိမ်ကို ပရိတ်သတ်ကြီးတို့သိပြီးသားဖြစ်ကြမှာပါ။ ချစ်စရာမျက်နှာထားလေးနဲ့ ဖြူစင်တဲ့စိတ်ထားလေးဟာ မင်းသမီးလေးရွှေပိုးအိမ်ရဲ့ ဆွဲဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။

ရွှေပိုးအိမ်လေးဟာ ကောလဟာလတစ်ခုကြောင့်ဝေဖန်တိုက်ခိုက်မှုများစွာခံခဲ့ရပြီး တက်သစ်စမင်းသမီးလေးမို့ ဇာတ်ကားတွဲမရိုက်နိုင်ပါဘူးဆိုပြီး ဝါရင့်မင်းသားတစ်လက်ရဲ့ ငြင်းဆိုမှုကိုလည်း ဝမ်းနည်းစွာခံစားခဲ့ရတဲ့ သနားစရာမိန်းကလေးတစ်ဦးလည်းဖြစ်ပါတယ်။ သို့ပေသော်လည်း သူမဟာ ကြံခိုင်တဲ့စိတ်ဓာတ်နဲ့ အခက်အခဲတွေကြားမှ ပရိတ်သတ်တွေရဲ့အချစ်ကို ရရှိပိုင်ဆိုင်အောင်သိမ်းသွင်းနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ ဇာတ်ကားတွေရိုက်ကူးပြီး၊ မကြာမှီထွက်ရှိလာတော့မယ့် သင်္ကြန်သီချင်းခွေမှာလည်း သင်္ကြန်မယ်လေးတစ်ဦးအသွင် ပါဝင်ဖျော်ဖြေထားပါတယ်။

ရွှေပိုးအိမ်လေးဟာ ဒီနေ့မှာတော့ မိသားစုနဲ့အတူ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးရောက်ရှိနေပါတယ်။ အပြာရောင် မြန်မာဝမ်းဆက်လေးနဲ့ အရမ်းကို ကျက်သရေရှိလှပနေတဲ့ သူမရဲ့ဘုရားဖူးပုံလေးတွေကို ပရိတ်သတ်တွေဆီမျှဝေပေးလိုက်ပါတယ်နော်။ ရွှေပိုးအိမ်ရဲ့အေးချမ်းတဲ့အလှတရားနဲ့ ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင်ရူခင်းအလှကို ပေါင်းစပ်မြင်တွေ့ကြရတဲ့အတွက် ကျေနပ်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်နော်...။

SHARE FROM MYANMARLOAD 
မိသားစုနဲ့အတူဘုရားဖူးခရီးသွားနေတဲ့ ရွှေပိုးအိမ် မိသားစုနဲ့အတူဘုရားဖူးခရီးသွားနေတဲ့ ရွှေပိုးအိမ် Reviewed by Unknown on February 12, 2018 Rating: 5

No comments:

Powered by Blogger.