၁။ ကံေကာင္းျခင္းလက္ေဆာင္အတြက္ ေမွ်ာ္စင္ေပၚမွ ကေလးမ်ားကို ပစ္ခ်ျခင္း (အိႏၵိယ)
အိႏိၵယႏိုင္ငံမွာ ဘာသာေရးအေဆာက္အဦး ေမွ်ာ္စင္ေပၚကေန ကေလးမ်ားကိုပစ္ခ်တဲ့ ရိုးရာဓေလ့ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၅၀၀)က ေပၚထြန္းခဲ့တာျဖစ္ပါတယ္။ ေပ(၅၀)ျမင့္တဲ့ ေမွ်ာ္စင္ကေန ကေလးမ်ားပစ္ခ်မႈဟာ ကံေကာင္းျခင္းလက္ေဆာင္ အျဖစ္ယူဆၾကတာပါ။ အိႏၵိယျပည္နယ္အေနာက္ပိုင္း Maharashtra ျပည္နယ္မွာရွိတဲ့ အိႏၵိယလူမ်ိဳး၊ အစၥလမ္လူမ်ိဳး ေဒ သခံျပည္သူေတြဟာ သူတို႔ရဲ႕ ကေလးေတြကို ေမွ်ာ္စင္ေပၚကေနပစ္ခ်ၾကၿပီး ေအာက္မွာ အိပ္ယာေမြ႕ယာေတြခံထားၾကပါ တယ္။ ပစ္ခ်ခံရတဲ့ ကေလးေတြဟာ က်န္းမာေရး၊ ကံေတြေကာင္းမြန္ၿပီး တစ္ဘ၀လုံး သန္မာသတၱိရွိၾကမယ္လို႔ ယုံၾကည္ ၾကျခင္းျဖစ္ပါတယ္။
၂။ အေရျပားကို ခၽြန္ထက္တဲ့ ခ်ိတ္ေတြနဲ႔ ထိုးေဖာက္ျခင္း (အိႏၵိယ)
အေရျပားကို ခၽြန္ထက္တဲ့ ခ်ိတ္ေတြနဲ႔ ထိုးေဖာက္တဲ့ ဘာသာေရးယုံၾကည္မႈဟာ အိႏၵိယႏိုင္ငံမွာ ျဖစ္ထြန္းခဲ့တာပါ။ ျမန္ မာႏိုင္ငံကဟိႏၵိဴ(မီးနင္း)ပြဲေတာ္နဲ႔ ဆင္တူတဲ့ပြဲေတာ္ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံေတာင္ပုိင္း ကာလီဘုရားေက်ာင္းေတြမွာ က်င္းပၾကတာျဖစ္ၿပီး သူတို႔ရဲ႕အေခၚအေ၀ၚရ(Garudan Thookkam)ရိုးရာပြဲေတာ္ျဖစ္ပါတယ္။ ဘာသာေရးအ၀တ္ အစားမ်ားကို ၀တ္ဆင္ၾကၿပီး ခႏၶာ ကိုယ္အေရျပားကို ခ်ိတ္ေတြနဲ႔ ထိုးေဖာက္ခ်ိတ္ဆြဲၾကတာျဖစ္ပါ တယ္။ ၿပီးေတာ့ သူတို႔
ေတြဟာ ဘုရားေက်ာင္းမွာ လွည့္လည္ပူ ေဇာ္ၾကၿပီး တစ္ခါတစ္ေလ လက္ထဲမွာ ကေလးေတြကိုလည္း ခ်ီထားၾကပါတယ္။
၃။ အေလာင္းကို ေတာင္ေပၚမွာ စြန္႔ပစ္ၿပီး ခြဲစိတ္ေလ့လာျခင္း (တီဘတ္)
တီဘက္ဟာ ဗုဒၶဘာသာကိုးကြယ္တဲ့ ႏိုင္ငံျဖစ္ေပမယ့္လည္း ထူးဆန္းတဲ့ အသုဘနဲ႔သက္ဆိုင္တဲ့ ရိုးရာဓေလ့တစ္ခုလည္း ရွိပါတယ္။ တီဘက္လူမ်ိဳးအခ်ိဳ႕ဟာ ေသဆုံးသြားတဲ့သူရဲ႕အေလာင္းကို ေတာင္ေပၚမွာ ဟာလာဟင္းလင္းႀကီး ထားၾကပါ တယ္။ ၿပီးေတာ့ အေလာင္းေကာင္ရဲ႕ အစိတ္အပိုင္းေတြကုိလည္း ခြဲစိတ္ၿပီး ေတာင္ေပၚမွာ ျပန္႔ႀကဲထားၾကတာျဖစ္ပါ တယ္။ အဲဒီဓေလ့ရိုးရာကို ႏိုင္ငံက တားျမစ္ထားေပမယ့္ အခ်ိဳ႕ကေတာ့ ျပဳလုပ္ေနဆဲျဖစ္ပါတယ္္။
၄။ ယစ္ပူေဇာ္ျခင္းနဲ႔ သရဲ၀င္ပူးျခင္း (ေဟတီ)
ေဟတီႏိုင္ငံက စုန္းကေ၀ေတြကို ကိုးကြယ္ၾကတဲ့ လူမ်ိဳးႏြယ္ေတြဟာ ၀ိဥာဏ္နဲ႔ လူသားတို႔ရဲ႕ ဆက္ႏြယ္မႈကို ယုံၾကည္ၾက သူေတြျဖစ္ၾကပါတယ္။ ၀ိဥာဏ္ေတြကို ယစ္ပူေဇာ္မႈေတြကို ျပဳလုပ္ေတြရွိၾကပါတယ္။ အဲဒီေဟတီႏိုင္ငံက လူမ်ိဳးႏြယ္စုေတြ ဟာ Lao လို႔နတ္ဘုရားကို ကိုးကြယ္ၾကၿပီး Laoနတ္ဘုရားစိတ္ေက်နပ္ေအာင္ တိရစာၦန္ေတြနဲ႔ ယစ္ပူေဇာ္ေလ့ရွိၾကပါ တယ္။ ပြဲေတာ္ရက္မွာဆိုရင္ စုန္းကေ၀ကိုးကြယ္တဲ့ လူမ်ိဳးေတြဟာ နတ္ဘုရား Laoကို ပင့္ေဆာင္ၾကၿပီးသူတို႔ရဲ႕ခႏၶာကိုယ္ ထဲကို ပူး၀င္ေစၾကပါတယ္။ ခႏၶာကိုယ္ေတြကို ယိမ္းထိုးေနၾကၿပီး ၀ိဥာဏ္မပူးမခ်င္းျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။
၅။ ေသသူအတြက္ ကိုယ္စားေရျဖန္းျခင္းမဂၤလာ
ေသသူအတြက္ ေရျဖန္းျခင္းမဂၤလာဟာ Mormomဘာသာေရးဂိုဏ္း(၁၈၃၀) ျပည့္ႏွစ္ အေမရိကန္တြင္ The Church of Jesus Christ of Latter-day Saintsဟူတဲ့အမည္နဲ႔ စတင္တည္ေထာင္ခဲ့တဲ့ ဘာသာေရးဂိုဏ္း)ရဲ႕ ရိုးရာဓေလ့ တစ္ခုျဖစ္ပါတယ္။ Mormomဘာသာေရးဂိုဏ္းဟာ ၀ိဥာဏ္ကမာၻမွာ သူတို႔ရဲ႕သာသနာျပဳအဖြဲ႕ေတြရွိတယ္လို႔ ယုံၾကည္ ၾကပါတယ္။ အဲဒီသာသနာျပဳအဖြဲ႕ဟာ ေသသူေတြကို သမၼာက်မ္းစာထဲက တရားေတာ္ေတြကို ေဟာၾကားၾကတာေၾကာင့္ ေသသူအေနနဲ႔ ဘာသာေရးကို ခံယုံၾကည္စြဲၿမဲလိုက္နာေစဖို႔ျဖစ္ပါတယ္။
၆။ အ၀တ္မပါတဲ့ အိႏၵိယဘုန္းေတာ္ႀကီး
အိႏၵိယႏိုင္ငံက Digambara ဘာသာေရးတစ္ခုရဲ႕ ဘုန္းေတာ္ႀကီးဟာ အ၀တ္အစားမ၀တ္ရတဲ့အယူ၀ါဒတစ္ခုရွိပါတယ္။ ပိုင္ဆိုင္မႈအားလုံးစြန္႔လႊတ္ျခင္း၊ လူမႈပတ္၀န္းက်င္မွာ မာန္မာနတရား၊ အရွက္တရားေတြမရွိေအာင္လို႔ အ၀တ္အစားမ၀တ္ တာျဖစ္ပါတယ္။ အဲဒီဘုန္းေတာ္ႀကီးေတြဟာ ဘူးခြံခြက္ထဲက ေရကိုသာ ေသာက္သုံးၾကၿပီး အစားအစာကိုလည္း အလွဴခံ ၾကပါတယ္။ ဒီလိုအၾကမ္းမဖက္တဲ့ အယူ၀ါဒနဲ႔အညီ ဘုန္းေတာ္ႀကီးေတြဟာ သူတို႔ေနထိုင္လမ္းေလွ်ာက္တဲ့အခါမွာ သက္ရွိ ပိုးမႊားေတြကို နင္းေျခမိမွာစိုးလို႔ ဖုန္းလဲက်င္းဖို႔ရည္ခ်က္နဲ႔ ေဒါင္းေမြးေတြကို အသုံးျပဳၾကပါတယ္။
၇။ အစားေသာက္အေပၚ ခႏၶာကိုယ္လိမ့္တဲ့ အိႏၵိယရိုးရာဓေလ့
ဟိႏၵိဴလူမ်ိဳးေတြရဲ႕ ဇာတ္အျမင့္ဆုံးျဖစ္တဲ့ ျဗဟၼဏပုဏၰားလူမ်ိဳးေတြရဲ႕ ရိုးရာယဥ္ေက်းမႈကေတာ့ အစားအေသာက္အေပၚ
ခႏၶာကိုယ္လိမ့္တဲ့ ဓေလ့ပဲျဖစ္ပါတယ္။ အဲဒီဓေလ့ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(400)ေက်ာ္ကတည္းက ေပၚေပါက္ခဲ့တာပါ။
ငွက္ေပ်ာ္ရြက္နဲ႔ထည့္ထားတဲ့ အစားအေသာက္အေပၚခႏၶာကိုယ္လိမ့္ျခင္းျဖင့္ ဖ်ားနာမႈေတြ၊ ဒုကၡေတြဟာ ယူပစ္လိုက္သ
လိုေပ်ာက္သြားေစတယ္လို႔ ယုံၾကည္ၾကတာျဖစ္ပါတယ္။
၈။ အုပ္စုလုိက္ ကာမဆက္ဆံျခင္းနဲ႔ လက္နဲ႔အာသာေျဖျခင္း ဓေလ့
အုပ္စိုက္ကာမဆက္ဆံျခင္းရိုးရာဓေလ့ကေတာ့ လွ်ိဳ႕၀ွက္တဲ့ လူအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ဗာဟီရ၀ါဒီ(ဒိ႒ိ)သမား ေတြျဖစ္ၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း(1500)ခန္႔က ေပၚေပါက္ခဲ့တဲ့ ရိုးရာဓေလ့ျဖစ္ၿပီး ၀ိဥာဏ္ေတြနဲ႔ ကူးလူးကာမ
ဆက္ဆံတဲ့ ရိုးရာဓေလ့ျဖစ္ပါတယ္။ ၀ိဥာဏ္ေတြဟာ ခႏၶာကိုယ္မရွိတာေၾကာင့္ လူသားေတြနဲ႔ ႏွီးေနာလို႔မရပါဘူး။ ဒါေပ
မယ့္ ဒီလိုလူသားေတြရဲ႕အာရုံခံစားမႈကိုေတာ့ ခံစားႏိုင္ပါတယ္။ ဒီရိုးရာဓေလ့ကို ျပဳလုပ္သူေတြဟာ တစ္ခန္းတည္းမွာ
အကုန္လုံးစုၿပဳံေနတာျဖစ္လို႔ လိင္မတူဆက္ဆံမႈေတြရွိသလို လိင္တူဆက္ဆံမႈေတြလည္းရွိၾကပါတယ္။ သူတို႔အားလုံးရဲ႕
ရည္မွန္းခ်က္က တစ္ၿပိဳင္နက္တည္းအထြဋ္အထိပ္ကို ေရာက္ၾကၿပီး ၀ိဥာဏ္ေတြကို ခံစားေစဖို႔ပဲျဖစ္ပါတယ္။
SHARE FROM M2T (Shwemom)
ကမ္ဘာ့ထူးခြားဆန်းကြယ်ဆုံး ဘာသာရေးရိုးရာဓလေ့ထုံတမ်း(၈)ခု
၁။ ကံကောင်းခြင်းလက်ဆောင်အတွက် မျှော်စင်ပေါ်မှ ကလေးများကို ပစ်ချခြင်း (အိန္ဒိယ)
အိနိ္ဒယနိုင်ငံမှာ ဘာသာရေးအဆောက်အဦး မျှော်စင်ပေါ်ကနေ ကလေးများကိုပစ်ချတဲ့ ရိုးရာဓလေ့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀)က ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ ပေ(၅၀)မြင့်တဲ့ မျှော်စင်ကနေ ကလေးများပစ်ချမှုဟာ ကံကောင်းခြင်းလက်ဆောင် အဖြစ်ယူဆကြတာပါ။ အိန္ဒိယပြည်နယ်အနောက်ပိုင်း Maharashtra ပြည်နယ်မှာရှိတဲ့ အိန္ဒိယလူမျိုး၊ အစ္စလမ်လူမျိုး ဒေ သခံပြည်သူတွေဟာ သူတို့ရဲ့ ကလေးတွေကို မျှော်စင်ပေါ်ကနေပစ်ချကြပြီး အောက်မှာ အိပ်ယာမွေ့ယာတွေခံထားကြပါ တယ်။ ပစ်ချခံရတဲ့ ကလေးတွေဟာ ကျန်းမာရေး၊ ကံတွေကောင်းမွန်ပြီး တစ်ဘ၀လုံး သန်မာသတ္တိရှိကြမယ်လို့ ယုံကြည် ကြခြင်းဖြစ်ပါတယ်။
၂။ အရေပြားကို ချွန်ထက်တဲ့ ချိတ်တွေနဲ့ ထိုးဖောက်ခြင်း (အိန္ဒိယ)
အရေပြားကို ချွန်ထက်တဲ့ ချိတ်တွေနဲ့ ထိုးဖောက်တဲ့ ဘာသာရေးယုံကြည်မှုဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ထွန်းခဲ့တာပါ။ မြန် မာနိုင်ငံကဟိန္ဒိူ(မီးနင်း)ပွဲတော်နဲ့ ဆင်တူတဲ့ပွဲတော်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာလီဘုရားကျောင်းတွေမှာ ကျင်းပကြတာဖြစ်ပြီး သူတို့ရဲ့အခေါ်အေဝါ်ရ(Garudan Thookkam)ရိုးရာပွဲတော်ဖြစ်ပါတယ်။ ဘာသာရေးအ၀တ် အစားများကို ၀တ်ဆင်ကြပြီး ခန္ဓာ ကိုယ်အရေပြားကို ချိတ်တွေနဲ့ ထိုးဖောက်ချိတ်ဆွဲကြတာဖြစ်ပါ တယ်။ ပြီးတော့ သူတို့
တွေဟာ ဘုရားကျောင်းမှာ လှည့်လည်ပူ ဇော်ကြပြီး တစ်ခါတစ်လေ လက်ထဲမှာ ကလေးတွေကိုလည်း ချီထားကြပါတယ်။
၃။ အလောင်းကို တောင်ပေါ်မှာ စွန့်ပစ်ပြီး ခွဲစိတ်လေ့လာခြင်း (တီဘတ်)
တီဘက်ဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပေမယ့်လည်း ထူးဆန်းတဲ့ အသုဘနဲ့သက်ဆိုင်တဲ့ ရိုးရာဓလေ့တစ်ခုလည်း ရှိပါတယ်။ တီဘက်လူမျိုးအချို့ဟာ သေဆုံးသွားတဲ့သူရဲ့အလောင်းကို တောင်ပေါ်မှာ ဟာလာဟင်းလင်းကြီး ထားကြပါ တယ်။ ပြီးတော့ အလောင်းကောင်ရဲ့ အစိတ်အပိုင်းတွေကိုလည်း ခွဲစိတ်ပြီး တောင်ပေါ်မှာ ပြန့်ကြဲထားကြတာဖြစ်ပါ တယ်။ အဲဒီဓလေ့ရိုးရာကို နိုင်ငံက တားမြစ်ထားပေမယ့် အချို့ကတော့ ပြုလုပ်နေဆဲဖြစ်ပါတယ််။
၄။ ယစ်ပူဇော်ခြင်းနဲ့ သရဲ၀င်ပူးခြင်း (ဟေတီ)
ဟေတီနိုင်ငံက စုန်းကေ၀တွေကို ကိုးကွယ်ကြတဲ့ လူမျိုးနွယ်တွေဟာ ၀ိဉာဏ်နဲ့ လူသားတို့ရဲ့ ဆက်နွယ်မှုကို ယုံကြည်ကြ သူတွေဖြစ်ကြပါတယ်။ ၀ိဉာဏ်တွေကို ယစ်ပူဇော်မှုတွေကို ပြုလုပ်တွေရှိကြပါတယ်။ အဲဒီဟေတီနိုင်ငံက လူမျိုးနွယ်စုတွေ ဟာ Lao လို့နတ်ဘုရားကို ကိုးကွယ်ကြပြီး Laoနတ်ဘုရားစိတ်ကျေနပ်အောင် တိရစာၦန်တွေနဲ့ ယစ်ပူဇော်လေ့ရှိကြပါ တယ်။ ပွဲတော်ရက်မှာဆိုရင် စုန်းကေ၀ကိုးကွယ်တဲ့ လူမျိုးတွေဟာ နတ်ဘုရား Laoကို ပင့်ဆောင်ကြပြီးသူတို့ရဲ့ခန္ဓာကိုယ် ထဲကို ပူး၀င်စေကြပါတယ်။ ခန္ဓာကိုယ်တွေကို ယိမ်းထိုးနေကြပြီး ၀ိဉာဏ်မပူးမချင်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
၅။ သေသူအတွက် ကိုယ်စားရေဖြန်းခြင်းမင်္ဂလာ
သေသူအတွက် ရေဖြန်းခြင်းမင်္ဂလာဟာ Mormomဘာသာရေးဂိုဏ်း(၁၈၃၀) ပြည့်နှစ် အမေရိကန်တွင် The Church of Jesus Christ of Latter-day Saintsဟူတဲ့အမည်နဲ့ စတင်တည်ထောင်ခဲ့တဲ့ ဘာသာရေးဂိုဏ်း)ရဲ့ ရိုးရာဓလေ့ တစ်ခုဖြစ်ပါတယ်။ Mormomဘာသာရေးဂိုဏ်းဟာ ၀ိဉာဏ်ကမ္ဘာမှာ သူတို့ရဲ့သာသနာပြုအဖွဲ့တွေရှိတယ်လို့ ယုံကြည် ကြပါတယ်။ အဲဒီသာသနာပြုအဖွဲ့ဟာ သေသူတွေကို သမ္မာကျမ်းစာထဲက တရားတော်တွေကို ဟောကြားကြတာကြောင့် သေသူအနေနဲ့ ဘာသာရေးကို ခံယုံကြည်စွဲမြဲလိုက်နာစေဖို့ဖြစ်ပါတယ်။
၆။ အ၀တ်မပါတဲ့ အိန္ဒိယဘုန်းတော်ကြီး
အိန္ဒိယနိုင်ငံက Digambara ဘာသာရေးတစ်ခုရဲ့ ဘုန်းတော်ကြီးဟာ အ၀တ်အစားမ၀တ်ရတဲ့အယူဝါဒတစ်ခုရှိပါတယ်။ ပိုင်ဆိုင်မှုအားလုံးစွန့်လွှတ်ခြင်း၊ လူမှုပတ်၀န်းကျင်မှာ မာန်မာနတရား၊ အရှက်တရားတွေမရှိအောင်လို့ အ၀တ်အစားမ၀တ် တာဖြစ်ပါတယ်။ အဲဒီဘုန်းတော်ကြီးတွေဟာ ဘူးခွံခွက်ထဲက ရေကိုသာ သောက်သုံးကြပြီး အစားအစာကိုလည်း အလှူခံ ကြပါတယ်။ ဒီလိုအကြမ်းမဖက်တဲ့ အယူဝါဒနဲ့အညီ ဘုန်းတော်ကြီးတွေဟာ သူတို့နေထိုင်လမ်းလျှောက်တဲ့အခါမှာ သက်ရှိ ပိုးမွှားတွေကို နင်းခြေမိမှာစိုးလို့ ဖုန်းလဲကျင်းဖို့ရည်ချက်နဲ့ ဒေါင်းမွေးတွေကို အသုံးပြုကြပါတယ်။
၇။ အစားသောက်အပေါ် ခန္ဓာကိုယ်လိမ့်တဲ့ အိန္ဒိယရိုးရာဓလေ့
ဟိန္ဒိူလူမျိုးတွေရဲ့ ဇာတ်အမြင့်ဆုံးဖြစ်တဲ့ ဗြဟ္မဏပုဏ္ဏားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကတော့ အစားအသောက်အပေါ်
ခန္ဓာကိုယ်လိမ့်တဲ့ ဓလေ့ပဲဖြစ်ပါတယ်။ အဲဒီဓလေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(400)ကျော်ကတည်းက ပေါ်ပေါက်ခဲ့တာပါ။
ငှက်ပျော်ရွက်နဲ့ထည့်ထားတဲ့ အစားအသောက်အပေါ်ခန္ဓာကိုယ်လိမ့်ခြင်းဖြင့် ဖျားနာမှုတွေ၊ ဒုက္ခတွေဟာ ယူပစ်လိုက်သ
လိုပျောက်သွားစေတယ်လို့ ယုံကြည်ကြတာဖြစ်ပါတယ်။
၈။ အုပ်စုလိုက် ကာမဆက်ဆံခြင်းနဲ့ လက်နဲ့အာသာဖြေခြင်း ဓလေ့
အုပ်စိုက်ကာမဆက်ဆံခြင်းရိုးရာဓလေ့ကတော့ လျှို့၀ှက်တဲ့ လူအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဗာဟီရဝါဒီ(ဒိဋ္ဌိ)သမား တွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(1500)ခန့်က ပေါ်ပေါက်ခဲ့တဲ့ ရိုးရာဓလေ့ဖြစ်ပြီး ၀ိဉာဏ်တွေနဲ့ ကူးလူးကာမ
ဆက်ဆံတဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။ ၀ိဉာဏ်တွေဟာ ခန္ဓာကိုယ်မရှိတာကြောင့် လူသားတွေနဲ့ နှီးနောလို့မရပါဘူး။ ဒါပေ
မယ့် ဒီလိုလူသားတွေရဲ့အာရုံခံစားမှုကိုတော့ ခံစားနိုင်ပါတယ်။ ဒီရိုးရာဓလေ့ကို ပြုလုပ်သူတွေဟာ တစ်ခန်းတည်းမှာ
အကုန်လုံးစုပြုံနေတာဖြစ်လို့ လိင်မတူဆက်ဆံမှုတွေရှိသလို လိင်တူဆက်ဆံမှုတွေလည်းရှိကြပါတယ်။ သူတို့အားလုံးရဲ့
ရည်မှန်းချက်က တစ်ပြိုင်နက်တည်းအထွဋ်အထိပ်ကို ရောက်ကြပြီး ၀ိဉာဏ်တွေကို ခံစားစေဖို့ပဲဖြစ်ပါတယ်။
SHARE FROM M2T (Shwemom)
ကမာၻ႕ထူးျခားဆန္းၾကယ္ဆုံး ဘာသာေရးရိုးရာဓေလ့ထုံတမ္း(၈)ခု
Reviewed by Unknown
on
February 10, 2018
Rating:
No comments:
Post a Comment