သမီးအရင္းနဲ႔ေဖာက္ျပန္ၿပီး ကေလးရခဲ့လုိ႔ ဖခင္နဲ႔သမီးျဖစ္သူကုိ ရဲတပ္ဖြဲ႔ဖမ္းဆီးခဲ့



သမီးအရင္းျဖစ္သူနဲ႔ အတူေနၿပီး ကေလးရလာလုိ႔ အေမရိကန္က သားအဖႏွစ္ဦးကုိ ဖမ္းဆီးထိန္း သိမ္းခဲ့တယ္လုိ႔ သိရပါတယ္။ အေမရိကန္၊ ေျမာက္ကယ္ရုိလုိင္းနားက ဖခင္တစ္ဦးဟာ သမီးအ ရင္းနဲ႔ အတူေနထုိင္ခဲ့ၿပီးေတာ့ ၿပီးခဲ့တဲ့ တစ္ႏွစ္တုန္းကဆုိရင္ ကေလးတစ္ေယာက္ ေမြးဖြားခဲ့တာျဖစ္ ကာ ရဲ တပ္ဖြဲ႔ကေတာ့ သားသမီးအရင္း မိသားစုအရင္းအခ်ာေတြ အခ်င္းခ်င္း ယုတ္ညံ့အရွက္ရဖြယ္ေကာင္း တဲ့ ျပစ္မႈမ်ိဳးက်ဴးလြန္ခဲ့လုိ႔ ဖမ္းဆီးထိန္းသိမ္းခဲ့တာျဖစ္ပါတယ္။

အသက္ ၄၂ ႏွစ္အရြယ္ ဖခင္ျဖစ္သူ စတီဗင္ပယ္လက္နဲ႔ အသက္ ၂၀ ႏွစ္အရြယ္ သမီးျဖစ္သူ ေကတီ ပယ္လက္တုိ႔ႏွစ္ဦးသားဟာ အတူေပါင္းသင္းေနထုိင္ခဲ့ၾကၿပီးေတာ့ သားသမီးရခဲ့ကာ တိတ္တဆိတ္ လက္ထပ္ထိမ္းျမားျခင္းေတြ ျပဳလုပ္ခဲ့ၾကတယ္လုိ႔ သိရပါတယ္။ ဒီ့အတြက္ေၾကာင့္မုိ႔လုိ႔ ရဲတပ္ဖြဲ႔ဌာနက သူတုိ႔ ႏွစ္ဦးသားကုိ ဖမ္းဝရမ္းထုတ္ထားခဲ့ၿပီး အိမ္ေထာင္ေရးေဖာက္ျပန္မႈနဲ႔ ေသြးသားရင္းခ်ာ မိသား စုအခ်င္းခ်င္း လိင္ပုိင္းဆုိင္ရာစပ္ယွက္မႈ ယုတ္ညံ့တဲ့အျပဳအမူလုပ္ေဆာင္ျခင္းေတြနဲ႔ ဖမ္းဆီးခဲ့ၿပီးေတာ့ ဒီျပစ္မႈဟာ ေထာင္ဒဏ္ အားျဖင့္ ၁၀ ႏွစ္အမ်ားဆံုးက်ခံရႏုိင္တာလည္း ျဖစ္ပါတယ္။







သားအဖႏွစ္ဦးသားဟာဆုိရင္ အတူေနခဲ့ၿပီးေနာက္ရလာတဲ့ ကေလးငယ္ကုိ ၿပီးခဲ့တဲ့ စက္တင္ဘာလ တုန္းက ေမြးဖြားခဲ့တယ္လုိ႔ သိရၿပီးေတာ့ ဒီျပစ္ဒဏ္အတြက္ ျပစ္မႈက်ဴးလြန္သူႏွစ္ဦးစလံုးဟာ ေငြဒဏ္ ေဒၚလာ ၁ သန္းစီနဲ႔  ေျမာက္ကယ္ရိုလုိင္းနား ေထာင္ကေန လြတ္ေျမာက္ခြင့္ရွိမွာျဖစ္ကာ ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက တရားရံုးေတာ္မွာ အမႈရင္ဆုိင္ၾကားနျခင္းေတြ ျဖစ္လုပ္ခဲ့တယ္လုိ႔လည္း သိရပါ တယ္။

ျပစ္မႈက်ဴးလြန္တဲ့ ဖခင္ဟာ ဇနီးေဟာင္းနဲ႔ ကြာရွင္းခဲ့တဲ့ အခ်ိန္မတုိင္မီကတည္းက သမီးျဖစ္သူနဲ႔ ေဖာက္ျပန္ထားခဲ့တဲ့ ဆက္ ဆံေရးေတြရွိေနခဲ့ကာ သမီးျဖစ္သူမွာလည္း ကုိယ္ဝန္လြယ္ထားရၿပီဆုိတဲ့ အေၾကာင္းကုိ မိခင္ရင္းက သိရွိခ့ဲတယ္လုိ႔ ဇနီးေဟာင္းက ရဲဌာနသုိ႔ ထြက္ဆုိေျပာျပခဲ့ပါတယ္။

SHARE FROM ေမ(ေရႊအင္းေလး)

သမီးအရင်းနဲ့ဖောက်ပြန်ပြီး ကလေးရခဲ့လို့ ဖခင်နဲ့သမီးဖြစ်သူကို ရဲတပ်ဖွဲ့ဖမ်းဆီးခဲ့

သမီးအရင်းဖြစ်သူနဲ့ အတူနေပြီး ကလေးရလာလို့ အမေရိကန်က သားအဖနှစ်ဦးကို ဖမ်းဆီးထိန်း သိမ်းခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်၊ မြောက်ကယ်ရိုလိုင်းနားက ဖခင်တစ်ဦးဟာ သမီးအ ရင်းနဲ့ အတူနေထိုင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ်တုန်းကဆိုရင် ကလေးတစ်ယောက် မွေးဖွားခဲ့တာဖြစ် ကာ ရဲ တပ်ဖွဲ့ကတော့ သားသမီးအရင်း မိသားစုအရင်းအချာတွေ အချင်းချင်း ယုတ်ညံ့အရှက်ရဖွယ်ကောင်း တဲ့ ပြစ်မှုမျိုးကျူးလွန်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဖခင်ဖြစ်သူ စတီဗင်ပယ်လက်နဲ့ အသက် ၂၀ နှစ်အရွယ် သမီးဖြစ်သူ ကေတီ ပယ်လက်တို့နှစ်ဦးသားဟာ အတူပေါင်းသင်းနေထိုင်ခဲ့ကြပြီးတော့ သားသမီးရခဲ့ကာ တိတ်တဆိတ် လက်ထပ်ထိမ်းမြားခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီ့အတွက်ကြောင့်မို့လို့ ရဲတပ်ဖွဲ့ဌာနက သူတို့ နှစ်ဦးသားကို ဖမ်းဝရမ်းထုတ်ထားခဲ့ပြီး အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ သွေးသားရင်းချာ မိသား စုအချင်းချင်း လိင်ပိုင်းဆိုင်ရာစပ်ယှက်မှု ယုတ်ညံ့တဲ့အပြုအမူလုပ်ဆောင်ခြင်းတွေနဲ့ ဖမ်းဆီးခဲ့ပြီးတော့ ဒီပြစ်မှုဟာ ထောင်ဒဏ် အားဖြင့် ၁၀ နှစ်အများဆုံးကျခံရနိုင်တာလည်း ဖြစ်ပါတယ်။

သားအဖနှစ်ဦးသားဟာဆိုရင် အတူနေခဲ့ပြီးနောက်ရလာတဲ့ ကလေးငယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက မွေးဖွားခဲ့တယ်လို့ သိရပြီးတော့ ဒီပြစ်ဒဏ်အတွက် ပြစ်မှုကျူးလွန်သူနှစ်ဦးစလုံးဟာ ငွေဒဏ် ဒေါ်လာ ၁ သန်းစီနဲ့ မြောက်ကယ်ရိုလိုင်းနား ထောင်ကနေ လွတ်မြောက်ခွင့်ရှိမှာဖြစ်ကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက တရားရုံးတော်မှာ အမှုရင်ဆိုင်ကြားနခြင်းတွေ ဖြစ်လုပ်ခဲ့တယ်လို့လည်း သိရပါ တယ်။

ပြစ်မှုကျူးလွန်တဲ့ ဖခင်ဟာ ဇနီးဟောင်းနဲ့ ကွာရှင်းခဲ့တဲ့ အချိန်မတိုင်မီကတည်းက သမီးဖြစ်သူနဲ့ ဖောက်ပြန်ထားခဲ့တဲ့ ဆက် ဆံရေးတွေရှိနေခဲ့ကာ သမီးဖြစ်သူမှာလည်း ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ အကြောင်းကို မိခင်ရင်းက သိရှိခ့ဲတယ်လို့ ဇနီးဟောင်းက ရဲဌာနသို့ ထွက်ဆိုပြောပြခဲ့ပါတယ်။

SHARE FROM မေ(ရွှေအင်းလေး)
သမီးအရင္းနဲ႔ေဖာက္ျပန္ၿပီး ကေလးရခဲ့လုိ႔ ဖခင္နဲ႔သမီးျဖစ္သူကုိ ရဲတပ္ဖြဲ႔ဖမ္းဆီးခဲ့ သမီးအရင္းနဲ႔ေဖာက္ျပန္ၿပီး ကေလးရခဲ့လုိ႔ ဖခင္နဲ႔သမီးျဖစ္သူကုိ ရဲတပ္ဖြဲ႔ဖမ္းဆီးခဲ့ Reviewed by Unknown on February 05, 2018 Rating: 5

No comments:

Powered by Blogger.