ဂျပန်နိုင်ငံက ဝယ်ယူထားတဲ့ ရထားတွဲများကို စတင်မောင်းနှင်ခွင့်ပြု



လက်ရှိမြန်မာ့နိုင်ငံသည် ပြည်ပမှာ သွင်းကုန်များစွာကို ဝယ်ယူလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ဝယ်ယူမူများထဲမှ လက်ရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲရန်အတွက် ဂျပန်နိုင်ငံမှ DEMU အမျိုးအစား ရထားတွဲသစ် ၂၄ စီးကို ဝယ်ယူထားပြီး ပထမအဆင့်အနေဖြင့် ရန်ကုန်-တောင်ငူ လမ်းပိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရ ထားလုပ်ငန်းမှ သိရပါတယ်။  









ဂျပန်ယန်း ၇ ဒသမ ၂၄၄ ဘီလီယံတန်ဖိုးရှိ ဂျပန်နိုင်ငံမှ DEMU အမျိုးအစားရထားတွဲဆိုင်းသစ် ၂၄ စီးကို ဝယ်ယူရေး အတွက် ဂျပန်နိုင်ငံမှကုမ္ပဏီနှင့် ယခုလ ၉ ရက်က စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ အဆိုပါရထားတွဲများကို လာမည့် ၂၀၂၀ ခုနှစ်တွင် ရန်ကုန်-တောင်ငူရထားလမ်းပိုင်းတွင် စတင်အသုံးပြုပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ "ဒီဝယ်ယူမဲ့ရထားတွေက DEMU အမျိုးအစားပေါ့။ ၂၀၂၀ မှာ ဒီရထားတွဲသစ်တွေကို ရန်ကုန်-တောင်ငူလမ်းပိုင်းမှာ အရင်သုံးပြီးပြေးဆွဲသွားမှာပါ" ဟု မြန်မာ့မီးရထားလုပ်ငန်းမှ မန်နေဂျာ ဦးသန်းထွန်းအောင်ကပြောပြထားတာတွေ့ရပါတယ်။







ဂျပန်ယန်း ၇ ဒသမ ၂၄၄ ဘီလီယံတန်ဖိုးရှိ ဂျပန်နိုင်ငံမှ DEMU အမျိုးအစားရထားတွဲဆိုင်းသစ် ၂၄ စီးကို ဝယ်ယူရေး အတွက် ဂျပန်နိုင်ငံမှကုမ္ပဏီနှင့် ယခုလ ၉ ရက်က စာချုပ်ချုပ်ဆိုဝယ်ယူထားပြီး ရထားတွဲများကို ပြေးဆွဲပေးရန် ရထားလမ်းပိုင်း အဆင့်မြင့်တင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရပါတယ်။ ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းမှာ ခုနစ်နာရီကျော် မောင်းနှင်နေရပြီး ရထားလမ်းအဆင့်မြှင့်တင်ပြီးပါက သုံးနာရီ ခွဲခန့်သာ ကြာမြင့်မည်ဖြစ်သည်ဟု ပြောပြထားပါတယ်။

SHARE FROM MYANMARLOAD  
ဂျပန်နိုင်ငံက ဝယ်ယူထားတဲ့ ရထားတွဲများကို စတင်မောင်းနှင်ခွင့်ပြု ဂျပန်နိုင်ငံက ဝယ်ယူထားတဲ့ ရထားတွဲများကို စတင်မောင်းနှင်ခွင့်ပြု
Reviewed by Unknown on February 16, 2018 Rating: 5

No comments:

Powered by Blogger.