ပစၥည္းအလုခံရတဲ့အျပင္ အသက္ပါႏုတ္ယူျခင္းခံလိုက္ရတဲ့ အသက္(၇)ႏွစ္ အ႐ြယ္သမီးေလး



ေဖေဖာ္ဝါရီလ (၉)ရက္ေန႕ မနက္ပိုင္းအခ်ိန္၊မႏၱေလးတိုင္းေဒသႀကီး၊ ဝမ္းသာေက်း႐ြာတြင္ လူသတ္ ပစၥည္းလုယူမႈ တစ္ခုျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။အဆိုပါျဖစ္စဥ္တြင္ အသက္(၇)ႏွစ္ အ႐ြယ္ ကေလးငယ္ေလးတစ္ဦးထံမွ နားကပ္ျဖဳတ္ယူခဲ့တဲ့အျပင္ ကေလးရဲ႕ အသက္ကိုပါႏုတ္ယူသြားခဲ့ တာပဲျဖစ္ပါတယ္။၎ေသဆုံးသူ ကေလးငယ္ေလးကေတာ့ ဝမ္းသာေက်း႐ြာေန အဖဦးဆန္းဦး အမိေဒၚသဲေမႊးတို႔ ရဲ႕ သမီးျဖစ္သူ သမီးမဝင္းပပလိွိုင္(ခ)မသိုင္းသိုင္း အသက္(၇)ႏွစ္ ျဖစ္တယ္လို႔ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာပါတယ္။

ရဲတပ္ဖြဲ႕မွ၎ ျဖစ္စဥ္သို႔သြားေရာက္စစ္ေဆးခဲ့ရာ မိဘမ်ားကသမီးျဖစ္သူ မဝင္းပပလိွိုင္ ေပ်ာက္ဆုံး ေနတာေၾကာင့္ လိုက္လံရွာေဖြခဲ့ရာ ေနအိမ္အနီးေရတြင္းထဲမွ ျပန္လည္ေတြ႕ရွိခဲ့တာ ပဲျဖစ္ပါတယ္။ အဆိုပါ သမီးငယ္ေလးရဲ႕ အေလာင္းမွာေတာ့ သမီးေလးဝတ္ဆင္ထားတဲ့နားကပ္မွာေပ်ာက္ဆုံးေနၿပီး ဒဏ္ရာမ်ားလည္း ရရွိေနတယ္လို႔ မႈခင္းရဲတပ္ဖြဲ႕ရဲ႕စစ္ေဆးခ်က္အရ သိရပါတယ္။၎ျဖစ္စဥ္ဟာ သမီးငယ္ေလးရဲ႕ နားကပ္ျဖဳတ္ယူကာ ကေလးကိုသတ္ၿပီး ေရတြင္းထဲ ပစ္ခ်အစေဖ်ာက္တာ ျဖစ္နိုင္ေၾကာင္း မႈခင္းရဲတပ္ဖြဲ႕မွ အရာရွိတစ္ဦးကေျပာပါတယ္။  







လက္ရွိမွာေတာ့ အဆိုျပစ္မႈက်ဴးလြန္ခဲ့တဲ့ တရားခံကိုေတာ့ မသိရေသးပဲ စုံစမ္းစစ္ေဆးမႈေတြျပဳ လုပ္ေနတယ္လို႔ သိရပါတယ္။ဆက္လက္ၿပီး တရားခံအစစ္အမွန္ကို အျမန္ဆုံးစုံစမ္း ေဖာ္ထုတ္ သြားမွာျဖစ္ၿပီး တရားဥပေဒအရဆက္လက္အေရးယူသြားမွာျဖစ္ေၾကာင္း တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာပါတယ္။ 

သတင္းအရင္းအျမစ္ - Ye Yint Tun

ပစ္စည်းအလုခံရတဲ့အပြင် အသက်ပါနုတ်ယူခြင်းခံလိုက်ရတဲ့ အသက်(၇)နှစ် အရွယ်သမီးလေး

ဖေဖော်ဝါရီလ (၉)ရက်နေ့ မနက်ပိုင်းအချိန်၊မန္တလေးတိုင်းဒေသကြီး၊ ဝမ်းသာကျေးရွာတွင် လူသတ် ပစ္စည်းလုယူမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်တွင် အသက်(၇)နှစ် အရွယ် ကလေးငယ်လေးတစ်ဦးထံမှ နားကပ်ဖြုတ်ယူခဲ့တဲ့အပြင် ကလေးရဲ့ အသက်ကိုပါနုတ်ယူသွားခဲ့ တာပဲဖြစ်ပါတယ်။၎င်းသေဆုံးသူ ကလေးငယ်လေးကတော့ ဝမ်းသာကျေးရွာနေ အဖဦးဆန်းဦး အမိဒေါ်သဲမွှေးတို့ ရဲ့ သမီးဖြစ်သူ သမီးမဝင်းပပလှိိုင်(ခ)မသိုင်းသိုင်း အသက်(၇)နှစ် ဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့မှ၎င်း ဖြစ်စဉ်သို့သွားရောက်စစ်ဆေးခဲ့ရာ မိဘများကသမီးဖြစ်သူ မဝင်းပပလှိိုင် ပျောက်ဆုံး နေတာကြောင့် လိုက်လံရှာဖွေခဲ့ရာ နေအိမ်အနီးရေတွင်းထဲမှ ပြန်လည်တွေ့ရှိခဲ့တာ ပဲဖြစ်ပါတယ်။ အဆိုပါ သမီးငယ်လေးရဲ့ အလောင်းမှာတော့ သမီးလေးဝတ်ဆင်ထားတဲ့နားကပ်မှာပျောက်ဆုံးနေပြီး ဒဏ်ရာများလည်း ရရှိနေတယ်လို့ မှုခင်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရ သိရပါတယ်။၎င်းဖြစ်စဉ်ဟာ သမီးငယ်လေးရဲ့ နားကပ်ဖြုတ်ယူကာ ကလေးကိုသတ်ပြီး ရေတွင်းထဲ ပစ်ချအစဖျောက်တာ ဖြစ်နိုင်ကြောင်း မှုခင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောပါတယ်။  

လက်ရှိမှာတော့ အဆိုပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံကိုတော့ မသိရသေးပဲ စုံစမ်းစစ်ဆေးမှုတွေပြု လုပ်နေတယ်လို့ သိရပါတယ်။ဆက်လက်ပြီး တရားခံအစစ်အမှန်ကို အမြန်ဆုံးစုံစမ်း ဖော်ထုတ် သွားမှာဖြစ်ပြီး တရားဥပဒေအရဆက်လက်အရေးယူသွားမှာဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ 

သတင်းအရင်းအမြစ် - Ye Yint Tun
ပစၥည္းအလုခံရတဲ့အျပင္ အသက္ပါႏုတ္ယူျခင္းခံလိုက္ရတဲ့ အသက္(၇)ႏွစ္ အ႐ြယ္သမီးေလး ပစၥည္းအလုခံရတဲ့အျပင္ အသက္ပါႏုတ္ယူျခင္းခံလိုက္ရတဲ့ အသက္(၇)ႏွစ္ အ႐ြယ္သမီးေလး Reviewed by Unknown on February 10, 2018 Rating: 5

No comments:

Powered by Blogger.