ေရႊတိဂံုဘုရားသို႕ သြားေရာက္ဖူးေမွ်ာ္ခဲ့တဲ့ အိႏၵိယမင္းသမီးေလး ရီရာ



အိႏၵိယမင္းသမီးေလး ရီရာ(Riya Ray) ကေတာ့ ရုပ္ရွင္ဇာတ္ကားႀကီး ရိုက္ကူးဖို႕အတြက္ ျမန္မာႏုိင္ငံကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။ ျမန္မာႏုိင္ငံကို ေရာက္ၿပီး ေနာက္တစ္ရက္ (ေဖေဖာ္ဝါရီ၃ရက္)မွာပဲ ေရႊတိဂံုဘုရားသို႕ သြားေရာက္ဖူးေမွ်ာ္ခဲ့တာျဖစ္ပါတယ္။

ေရႊတိဂံုဘုရားသို႕ သြားေရာက္ဖူးေမွ်ာ္ခဲ့တဲ့ သူမရဲ႕ ပံုရိပ္ေလးေတြကိုလည္း ပရိသတ္မ်ားအတြက္ ျပန္လည္ေဝမွ်ေပးလုိက္ပါတယ္။

Media 7 အေနနဲ႕ သူမျမန္မာႏိုင္ငံ မလာခင္ကတည္းက ျမန္မာပရိသတ္ေတြနဲ႕ ရင္းႏွီးေအာင္ဆိုၿပီး ႀကိဳၿပီး မိတ္ဆက္ေပးထားခဲ့ပါတယ္။ သူမရဲ႕ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာအေနအထားေၾကာင့္ ပရိသတ္ေတြလည္း သတိျပဳမိေနၿပီျဖစ္ၿပီး ျမန္မာသရုပ္ေဆာင္မ်ားနဲ႕ ဇာတ္ကားရိုက္ကူးမယ္ဆိုတဲ့အတြက္ အဲ့ဒီဇာတ္ကားႀကီးကိုလည္း ပရိသတ္ေတြစိတ္ဝင္စားလို႕ေနပါတယ္။









Media 7 က စီစဥ္ၿပီး 7Sense Film Production မွ ထုတ္လုပ္မယ့္ မဟူရာ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ရီရာနဲ႕အတူ ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ မင္းေသြး၊နန္းဆုဦး၊ တို႕ကအဓိက ပါဝင္သရုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ဇာတ္လမ္း၊ ဇာတ္ညႊန္း၊ ဒါရိုက္တာ ျပည့္ေဇာ္ၿဖိဳးက ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။

ယင္းရုပ္ရွင္ဇာတ္ကားကန္ေတာ့ပြဲကိုလည္း ေဖေဖာ္ဝါရီ(၅) ရက္ေန႕ မနက္(၇)နာရီခြဲမွာ ျပဳလုပ္မွာျဖစ္ပါတယ္။

SHARE FROM Duwun 

ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့တဲ့ အိန္ဒိယမင်းသမီးလေး ရီရာ

အိန္ဒိယမင်းသမီးလေး ရီရာ(Riya Ray) ကတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ရောက်ပြီး နောက်တစ်ရက် (ဖေဖော်ဝါရီ၃ရက်)မှာပဲ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့တာဖြစ်ပါတယ်။

ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Media 7 အနေနဲ့ သူမမြန်မာနိုင်ငံ မလာခင်ကတည်းက မြန်မာပရိသတ်တွေနဲ့ ရင်းနှီးအောင်ဆိုပြီး ကြိုပြီး မိတ်ဆက်ပေးထားခဲ့ပါတယ်။ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်နှာအနေအထားကြောင့် ပရိသတ်တွေလည်း သတိပြုမိနေပြီဖြစ်ပြီး မြန်မာသရုပ်ဆောင်များနဲ့ ဇာတ်ကားရိုက်ကူးမယ်ဆိုတဲ့အတွက် အဲ့ဒီဇာတ်ကားကြီးကိုလည်း ပရိသတ်တွေစိတ်ဝင်စားလို့နေပါတယ်။

Media 7 က စီစဉ်ပြီး 7Sense Film Production မှ ထုတ်လုပ်မယ့် မဟူရာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ရီရာနဲ့အတူ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊နန်းဆုဦး၊ တို့ကအဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကိုလည်း ဖေဖော်ဝါရီ(၅) ရက်နေ့ မနက်(၇)နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပါတယ်။

SHARE FROM Duwun 
ေရႊတိဂံုဘုရားသို႕ သြားေရာက္ဖူးေမွ်ာ္ခဲ့တဲ့ အိႏၵိယမင္းသမီးေလး ရီရာ ေရႊတိဂံုဘုရားသို႕ သြားေရာက္ဖူးေမွ်ာ္ခဲ့တဲ့ အိႏၵိယမင္းသမီးေလး ရီရာ


Reviewed by Unknown on February 02, 2018 Rating: 5

No comments:

Powered by Blogger.