ေစာဒကတက္တဲ့ ကစားသမားကို ေသနတ္နဲ႔ပစ္ဖို႔ ႀကိဳးစားခဲ့တဲ့ ဒိုင္လူႀကီး



ဘရာဇီးလ္ ႏိုင္ငံက ေဘာလံုးပြဲစဥ္တစ္ခုမွာ ဒိုင္လူႀကီး တစ္ေယာက္ဟာ ျပစ္ဒဏ္ေဘာ သတ္မွတ္ေနစဥ္ ကစားသမား ကို ေသနတ္ နဲ႔ ထုတ္ပစ္ဖို႔ ႀကိဳးစားခဲ့တဲ့အတြက္ စည္းမ်ဥ္းစည္းကမ္း ေတြအရ အေရးယူခံရမယ္လို႔ သိရပါတယ္။

Brumadinho ၿမိဳ႕မွာ က်င္းပတဲ့ေဘာလံုးပြဲ ရဲ႕ ဗီဒီယို ထဲမွာေတာ့ ဒိုင္လူႀကီးျဖစ္သူ အသက္ ၂၇ ႏွစ္အရြယ္ Gabriel Murta ဟာ လက္ထဲမွာ ေသနတ္ တစ္လက္ကို ကိုင္ထားၿပီး အျခား ဒိုင္လူႀကီး တစ္ေယာက္က လိုက္ဆြဲေနရတဲ့ပံုကို ျမင္ေတြ႕ရမွာပါ။ ထို ဒိုင္လူႀကီးဟာေတာ့ ရဲအရာရွိတစ္ေယာက္အေနနဲ႔လည္း အလုပ္လုပ္တဲ့အတြက္ အခုလို လက္ထဲမွာ ေသနတ္ ပါလာတာ ျဖစ္ပါတယ္။

ဘရာဇီးလ္ သတင္းဌာန တစ္ခုျဖစ္တဲ့ outlet G1 Minas Gerias က ေဖာ္ျပခဲ့တာကေတာ့ Murta ဟာ အသင္းတစ္သင္းရဲ႕ ကစားသမားတစ္ေယာက္ ၾကမ္းတမ္းစြာ ကစားခဲ့တာကို အနီကတ္ျပၿပီး ပင္နယ္တီ ေပးဖို႔ ျငင္းဆိုခဲ့တဲ့အတြက္ တစ္ဖက္ အသင္း ကစားသမား တစ္ေယာက္က ေစာဒက တက္ကာ သူ႔ကို ရိုက္ႏွက္ ကန္ေၾကာက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ပဲ Murta က အ၀တ္လဲခန္းထဲ ေျပး၀င္သြားၿပီး သူ႔ရဲ႕ ေသနတ္ ကို ယူေဆာင္လာခဲ့တာျဖစ္ပါတယ္။







ဒီ အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီးေတာ့ လက္ရွိမွာ တစ္ေယာက္မွ အေရးယူခံထားရျခင္းမရွိေပမယ့္လည္း တရား၀င္ထုတ္ျပန္ခ်က္ေတြအရ Murta ဟာ ဘရာဇီးလ္ အေပ်ာ္တမ္း ေဘာလံုးလိဂ္ ရဲ႕ တာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆံုၿပီး စည္းကမ္းခ်ိဳးေဖာက္မႈဆိုင္ရာ အျပစ္ေပးျခင္းကို ခံရဦးမွာပါ။

ဘရာဇီးလ္ ႏိုင္ငံ ၊ Minas Gerais ျပည္နယ္ ေဘာလံုးအဖြဲ႕ခ်ဳပ္က ေျပာခဲ့တာကေတာ့ Murta ဟာ သူ႔ရဲ႕ အၾကမ္းဖက္ဆန္တဲ့ လုပ္ရပ္အတြက္ စိတ္ေရာဂါ အထူးကုေတြနဲ႔လည္း ေတြ႕ဆံုရလိမ့္မယ္လို႔ သိရပါတယ္။

စောဒကတက်တဲ့ ကစားသမားကို သေနတ်နဲ့ပစ်ဖို့ ကြိုးစားခဲ့တဲ့ ဒိုင်လူကြီး

ဘရာဇီးလ် နိုင်ငံက ဘောလုံးပွဲစဉ်တစ်ခုမှာ ဒိုင်လူကြီး တစ်ယောက်ဟာ ပြစ်ဒဏ်ဘော သတ်မှတ်နေစဉ် ကစားသမား ကို သေနတ် နဲ့ ထုတ်ပစ်ဖို့ ကြိုးစားခဲ့တဲ့အတွက် စည်းမျဉ်းစည်းကမ်း တွေအရ အရေးယူခံရမယ်လို့ သိရပါတယ်။

Brumadinho မြို့မှာ ကျင်းပတဲ့ဘောလုံးပွဲ ရဲ့ ဗီဒီယို ထဲမှာတော့ ဒိုင်လူကြီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် Gabriel Murta ဟာ လက်ထဲမှာ သေနတ် တစ်လက်ကို ကိုင်ထားပြီး အခြား ဒိုင်လူကြီး တစ်ယောက်က လိုက်ဆွဲနေရတဲ့ပုံကို မြင်တွေ့ရမှာပါ။ ထို ဒိုင်လူကြီးဟာတော့ ရဲအရာရှိတစ်ယောက်အနေနဲ့လည်း အလုပ်လုပ်တဲ့အတွက် အခုလို လက်ထဲမှာ သေနတ် ပါလာတာ ဖြစ်ပါတယ်။

ဘရာဇီးလ် သတင်းဌာန တစ်ခုဖြစ်တဲ့ outlet G1 Minas Gerias က ဖော်ပြခဲ့တာကတော့ Murta ဟာ အသင်းတစ်သင်းရဲ့ ကစားသမားတစ်ယောက် ကြမ်းတမ်းစွာ ကစားခဲ့တာကို အနီကတ်ပြပြီး ပင်နယ်တီ ပေးဖို့ ငြင်းဆိုခဲ့တဲ့အတွက် တစ်ဖက် အသင်း ကစားသမား တစ်ယောက်က စောဒက တက်ကာ သူ့ကို ရိုက်နှက် ကန်ကြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ Murta က အ၀တ်လဲခန်းထဲ ပြေး၀င်သွားပြီး သူ့ရဲ့ သေနတ် ကို ယူဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ တစ်ယောက်မှ အရေးယူခံထားရခြင်းမရှိပေမယ့်လည်း တရား၀င်ထုတ်ပြန်ချက်တွေအရ Murta ဟာ ဘရာဇီးလ် အပျော်တမ်း ဘောလုံးလိဂ် ရဲ့ တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံပြီး စည်းကမ်းချိုးဖောက်မှုဆိုင်ရာ အပြစ်ပေးခြင်းကို ခံရဦးမှာပါ။

ဘရာဇီးလ် နိုင်ငံ ၊ Minas Gerais ပြည်နယ် ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာကတော့ Murta ဟာ သူ့ရဲ့ အကြမ်းဖက်ဆန်တဲ့ လုပ်ရပ်အတွက် စိတ်ရောဂါ အထူးကုတွေနဲ့လည်း တွေ့ဆုံရလိမ့်မယ်လို့ သိရပါတယ်။
ေစာဒကတက္တဲ့ ကစားသမားကို ေသနတ္နဲ႔ပစ္ဖို႔ ႀကိဳးစားခဲ့တဲ့ ဒိုင္လူႀကီး ေစာဒကတက္တဲ့ ကစားသမားကို ေသနတ္နဲ႔ပစ္ဖို႔ ႀကိဳးစားခဲ့တဲ့ ဒိုင္လူႀကီး Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.