နတ်စည်တော် (Shwemom)
ချစ်သူကို ငယ်ပါနဲ့အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်ပစ်ပြီးသတ်ခဲ့မိဟု ရုရှအမျိုးသမီးဝန်ခံ
ရုရှအမျိုးသမီးတစ်ဦးဟာ သူမရဲ့ချစ်သူနဲ့ ပျော်ရွှင်စရာ Sex Game ကို ဆင်နွှဲပြီးနောက် ချစ်သူအမျိုးသားရဲ့ ငယ်ပါနဲ့ ခြေတောက်လက်တောက်တွေကို ဓားနဲ့ဖြတ်တောက်ကာ သတ်ပစ်ခဲ့မိကြောင်း၊ ယင်းကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ရေခဲသေတ္တာထဲမှာ ထည့်သိမ်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဖေဖေဝါရီ (၁၀)ရက်နေ့က ဖြစ်ခဲ့တာပါ။
အဆိုပါအမျိုးသမီးအမည်မှာ Anastasia Onegina ဖြစ်ပြီး အသက်အားဖြင့် (၂၁)နှစ်သာ ရှိပါသေးတယ်။ သေဆုံးသူကတော့ Dmity Sinkeich ဖြစ်ပြီး အသက်(၂၄)နှစ် ရှိပါပြီ။ သူတို့နှစ်ယောက်ဟာ အလွန်အကျွံပျော်ရွှင်ခဲ့ကြပြီး၊ နောက်ဆုံး မီဖိုချောင်သုံး ဝက်သားခုတ်ဓားပြားကြီးနဲ့ Anastasia က ချစ်သူကို သတ်ဖြတ်ခဲ့ပါတယ်။
ကိုယ်လက်အင်္ဂါတွေကို ဓားပြားကြီးနဲ့ခုတ်ထွင် ဖြတ်တောက်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သွင်းခဲ့ပါတယ်။ Dmity ဟာ ဦးခေါင်းကိုလည်း ဖြတ်တောက်ခံထားရပြီး၊ ရေခဲသေတ္တာထဲမှာ မဆန့်တဲ့ သူရဲ့ကိုယ်လက်အင်္ဂါတွေကို ထုတ်တန်းမှာ သံချိတ်နဲ့ တွဲလောင်းချိတ်ဆွဲထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါပေမယ့် Anastasia ရဲ့ အဆိုအရ သူမရဲ့ချစ်သူ Dmity ဟာ သူမမသတ်ခင်ကတည်းက သံသယဖြစ်ဖွယ် အနေအထားနဲ့ သေဆုံးခဲ့ပြီးသားလို့ သူမက ဆိုပါတယ်။ Dmity ဟာ Oryol မြို့က ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲသားတစ်ဦးဖြစ်ပြီး၊ နောက်ပိုင်းမှ Anastasia က လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။
ကနဦးတုန်းကတော့ Anastasia ဟာ သူမရဲ့ချစ်သူ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာကို သူမ အိမ်ပြန်ရောက်လာကာမှ တွေ့ခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ထိုစဉ်က ရဲကလည်း လူသတ်တရားခံ ဘယ်သူဖြစ်နိုင်သလဲဆိုတာ စုံးစမ်းစစ်ဆေးခဲ့ရပြီး၊ မူပျက်နေတဲ့ Anastasia ကိုသာ အဓိကတရားခံလို့ ယူဆခဲ့ပါတယ်။
Anastasia ကလည်း ပြစ်မှုကျူးလွန်ပြီးကာမှ လူသတ်မှုနဲ့ ထောင်ကျမှာကို ကြောက်လန့်ခဲ့ပြီး လိမ်လည်ခဲ့ပေမယ့် နောက်ဆုံးတော့ လူသတ်မှုကို ဝန်ခံခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ အမှုကို ရဲက စစ်ဆေးနေဆဲဖြစ်ပြီး၊ ပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်ခံရဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တရားခံက ဝန်ခံပြီးတဲ့ အချိန်ကျမှ မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်က အငြင်းပွားဖွယ်ရာ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ Dmity ဟာ ထူးဆန်းတဲ့ BDSM Sex game အတွင်းမှာ Asphyxiation လို့ခေါ်တဲ့ အသက်ရှုကြပ်ခြင်းဖြင့် သေဆုံးခဲ့ပြီးကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ မှန်ကန်ခဲ့တယ်ဆိုရင်တောင် အလောင်းကောင်ကို ဘာကြောင့် Anastasia က အခုလို ဆိုးဆိုးရွားရွား ပြုမူသလဲဆိုတာ စဉ်းစားစရာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက် ထည့်သွင်းစဉ်းစားစရာက Anastasia မှာ အရင်ခင်ပွန်းဟောင်း ရှိခဲ့ပြီး သူလည်း လက်ထပ်ပြီးမကြာမီ သံသယရှိဖွယ် သေဆုံးသွားခဲ့ပါတယ်။ ယင်းနောက် မကြာမီမှာ Anastasia ကို စွဲချက်တင်ခဲ့ပြီး၊ စိတ်ကျန်းမာရေးဆေးရုံမှာ တစ်နှစ်ခွဲကုသခမှုခံယူဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပေမယ့် ဆေးရုံကနေ စောစောစီးစီး ပြန်ဆင်းခွင့်ရခဲ့ပါတယ်။ ယင်းနောက် အခုသေဆုံးသူ Dmity နဲ့ ချစ်ကြိုက်ခဲ့ရာ မကြာမီမှာ Dmity သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)
Reviewed by Unknown
on
February 16, 2018
Rating:
No comments:
Post a Comment