သမီးငယ်ကိုပြုကျင့်သွားတဲ့ မုဒိန်းတရားခံကို ဥပဒေအရအရေးမယူပေးလို့ ဖခင်ဖြစ်သူကိုယ်တိုင် တရားခံရဲ့လက်တွေဖြတ်ပစ်ခဲ့
၁၇ လအရွယ် သမီးငယ်အား အဓမ္မပြုကျင့်သွားတဲ့ တရားခံလူငယ်ရဲ့ လက်တွေကို အိန္ဒိယ ဖခင်ဖြစ် သူက ဖြတ်တောက်ပစ်ခဲ့ပါတယ်။ အသက် ၂၅ နှစ် ဖခင်ဖြစ်သူ ပရာမင်ဒါဆင့်ဆိုသူက သမီးငယ်ကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သွားတယ်လို့ သံသယရှိကျူး လွန်သွားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ရဲ့ လက်နှစ်ဖက်စလုံးကို ဓါးနဲ့ခုတ်ဖြတ်ပစ်လိုက်ကာ သမီးငယ်အတွက် ဖခင်ရဲ့အမျက်ဒေါ သနဲ့ တုန့်ပြန်လိုက်တာဖြစ်ပါတယ်။
၂၀၁ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိန်းကျင့်မှုမှာ တရားခံဖြစ်ကြောင်း တိကျသေချာနေတဲ့ ပြစ်မှုနဲ့ ကျူးလွန်သူတရားခံကို အစိုးရအာဏာပိုင်တွေက မည်သည့်တရားဥပဒေစီရင်ခြင်းမျှ ထိထိ ရောက်ရောက် အပြစ်မပေးခဲ့လို့ဆိုကာ ဖခင်က မကျေနပ်ချက်နဲ့ တရားခံလူငယ်ရဲ့ လက်တွေကို ခုတ် ဖြတ်စီရင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ပန်ဂျက်ပြည်နယ်၊ ဘာသင်ဒါခရိုင် တရားရုံးတော်မှာ စီရင်ခဲ့တဲ့ အဆိုပါလိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုပြစ် ဒဏ်စီရင်မှုအတွင်းမှာဆိုရင် နစ်နာခ့ဲတဲ့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူမှာ တရားရုံးတော်က ဆုံးဖြတ် လိုက်တဲ့ တရားခံအပြစ်ကျေအေးပေးဖို့နဲ့ နစ်နာလျှော်ကြေးပေးဖို့ အမိန့်ချမှတ်မှုကို ဖခင်ဖြစ်သူက လက်ခံခဲ့ပါတယ်။ သို့ပေမယ့် ဖခင်ဖြစ်သူဟာ တရားရုံးတော်ရဲ့ အမိန့်ကို ရုံးတော်မှာ ကျေအေးပေးနိုင် ပေမယ့် သမီးငယ်ကို မတရားပြုကျင့်သွားတဲ့ လူငယ်ရဲ့ လုပ်ရပ်ကို မကျေနပ် ဒေါသဖြစ်ကာ တရားခံ နေထိုင်တဲ့ နေအိမ်သို့လိုက်သွားခဲ့ပြီး လူငယ်တရားခံအမျိုးသားကို အပြင်သို့ခေါ်ထုတ်က ရိုက်နှက် ဆုံးမခဲ့ပြီးနောက် လက်နှစ်ဖက်စလုံးကိုပါဖြတ်တောက်ပစ်ပြီးတော့ လက်စားချေခဲ့ တာဖြစ်ပါတယ်။
ရဲဌာနရဲ့ ပြောကြားချက်အရတော့ လက်အဖြတ်ခံရတဲ့ တရားခံလူငယ်အမျိုးသားကို ဆေးရုံသို့တင် ဆောင်ကုသမှုပေးခဲ့ပြီး သမီးဖြစ်သူ ရဲ့ဖြစ်ရပ်ကိုမကျေနပ်မှုနဲ့ လက်စားချေတုန့်ပြန်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ လုပ်ရပ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
SHARE FROM မေ(ရွှေအင်းလေး)
သမီးငယ်ကိုပြုကျင့်သွားတဲ့ မုဒိန်းတရားခံကို ဥပဒေအရအရေးမယူပေးလို့ ဖခင်ဖြစ်သူကိုယ်တိုင် တရားခံရဲ့လက်တွေဖြတ်ပစ်ခဲ့ သမီးငယ်ကိုပြုကျင့်သွားတဲ့ မုဒိန်းတရားခံကို ဥပဒေအရအရေးမယူပေးလို့ ဖခင်ဖြစ်သူကိုယ်တိုင် တရားခံရဲ့လက်တွေဖြတ်ပစ်ခဲ့ Reviewed by Unknown on February 11, 2018 Rating: 5
No comments:
Powered by Blogger.