မိေက်ာင္းႀကီးကို မေၾကာက္မလန႔္ သြားတိုက္ေရခ်ိဳးေပးသူ



မိေခ်ာင္းဆိုေသာ သတၱဝါဟာ လူကိုသာမက အျခားမည္သည့္သတၱဝါမဆို အႏၱရာယ္ေပးတတ္တဲ့ ကုန္းေန ေရေနသတၱဝါတစ္မ်ိဳးျဖစ္ပါတယ္။ဒီလိုေကာင္ေတြကို အိမ္မွာအလွေမြးတိရစ္ဆာန္ေတြေမြးသလို ေမြးဖို႔ဆိုတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။

အင္ဒိုနီးရွားနိုင္ငံက မိသားစု အိမ္တအိမ္မွာ ၂၀၀ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ မိေက်ာင္းႀကီး တေကာင္ကို အိမ္မွာ ေမြးထားၿပီး မိေခ်ာင္းႀကီးက မိသားစုဝင္ေတြနဲ႕ ကစားေန ေရခ်ိဳးေနတဲ့ အံ့ဖြယ္႐ုပ္သံ ထြက္ေပၚလာပါတယ္။

ကိုဂ်က္လို႔ နာမည္ေပးထားတဲ့ မိေက်ာင္းႀကီးက တေန႕ ၁ ဒသမ ၅ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ ေ႐ႊငါးေတြကိုစားၿပီး အိုင္ဝန္မိသားစုရဲ႕ အိမ္ေမြးတိရစ္ဆာန္ ျဖစ္လာတာပါ။

မိုဟာမက္အိုင္ဝန္ဆိုတဲ့ အသက္ ၄၁ ႏွစ္အ႐ြယ္ အမ်ိဳးသားက ၁၉၉၇ ခုႏွစ္မွာ ပန္ဂန္ဒါရန္ ကမ္းေျခက တံငါသည္ေတြ ဖမ္းမိထားတဲ့ မိေခ်ာင္းေပါက္ကေလးကို ၁ ဒႆမ ၃၁ ေပါင္နဲ႕ ဝယ္ယူခဲ့ၿပီး ဆယ္စုႏွစ္ ၂ ခုေက်ာ္ၿပီးတဲ့ေနာက္ ငါးႀကိဳက္တဲ့ ကိုဂ်က္က အ႐ြယ္အစား အႀကီးႀကီး ျဖစ္လာတယ္လို႔ ဆိုပါတယ္။

အေနာက္ဂ်ာဗား ဆမ္ပါခရိုင္က မိုဟာမက္ရဲ႕အိမ္မွာ ၈ ေပ ၈ လက္မရွိတဲ့ မိေက်ာင္းႀကီးကို သူ႕ရဲ႕ကေလးငယ္သဖြယ္ ေရခ်ိဳးေပး သြားတိုက္ေပးေနၿပီး အသက္ ၂ ႏွစ္နဲ႕ ၁၀ ႏွစ္အ႐ြယ္ ကေလးေတြက မီတာအနည္းငယ္ အေဝးမွာ ေဆာ့ကစားေနၾကတာ ႐ုပ္သံထဲမွာ ေတြ႕ရပါတယ္။







ဒါေပမယ့္ မိုဟာမက္က သူ႕ရဲ႕ အသက္ ၂၁ ႏွစ္အ႐ြယ္ မိေခ်ာင္းႀကီးက လုံးဝ ယဥ္ပါးၿပီး ဘယ္ေတာ့မွ သူနဲ႕ သူ႕ကေလးေတြကို မတိုက္ခိုက္ဘူးလို႔ ေျပာပါတယ္။

ကိုဂ်က္ရဲ႕ လူမႈကြန္ရက္ေပၚမွာ ေက်ာ္ၾကားမႈေၾကာင့္ အေမရိကား၊ ၾသစေၾတးလ်နဲ႕ ဥေရာပတလႊားက ခရီးသြားဧည့္သည္ေတြ ကိုဂ်က္ကို လာေရာက္ ၾကည့္ရႈၾကၿပီး ကိုဂ်က္က သားရဲတိရစ္ဆာန္တေကာင္နဲ႕ တူေပမယ့္ လူေတြနဲ႕ ဆက္သြယ္ရတာ ႀကိဳက္တယ္လို႔ ဆိုပါတယ္။

“က်ေနာ္ မိေက်ာင္းေတြကို ခ်စ္တယ္။ က်ေနာ္ ကိုဂ်က္ကို ေတာ္ေတာ္ဂ႐ုစိုက္ၿပီး က်ေနာ့္အထင္ သူကလည္း က်ေနာ့္ကို သူ႕အေဖလို သေဘာထားပါတယ္။ သူက အိမ္ေမြးတိရစ္ဆာန္ေကာင္းပါ။ က်ေနာ္သူ႕ကို တပတ္တႀကိမ္ ေရခ်ိဳးေပး အေရျပားေတြကို ဂ႐ုစိုက္ေပးၿပီး သြားတိုက္ေပးပါတယ္” လို႔ မိုဟာမက္က ေျပာပါတယ္။

အခ်ိဳ႕ခရီးသြားဧည့္သည္ေတြက ကိုဂ်က္ကို ဝယ္ယူဖို႔ ေပါင္ ၅၂,၃၀၀ အထိ ေပးေပမယ့္ မိုဟာမက္ကေတာ့ သူ႕ကို မိသားစုဝင္အျဖစ္ပဲ ျမင္တယ္လို႔ ဆိုပါတယ္။

မိုဟာမက္က ကိုဂ်က္ က်န္းမာဖို႔ ေရကန္ကို တပတ္တႀကိမ္ ရွင္းေပးတယ္လို႔ ေဒးလီးေမးလ္သတင္းမွာ ေဖေဖာ္ဝါရီ ၂ ရက္ေန႕က ေဖာ္ျပထားပါတယ္။ 

source - DVB TV

မိကျောင်းကြီးကို မကြောက်မလန့် သွားတိုက်ရေချိုးပေးသူ

မိချောင်းဆိုသော သတ္တဝါဟာ လူကိုသာမက အခြားမည်သည့်သတ္တဝါမဆို အန္တရာယ်ပေးတတ်တဲ့ ကုန်းနေ ရေနေသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ဒီလိုကောင်တွေကို အိမ်မှာအလှမွေးတိရစ်ဆာန်တွေမွေးသလို မွေးဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။

အင်ဒိုနီးရှားနိုင်ငံက မိသားစု အိမ်တအိမ်မှာ ၂၀၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မိကျောင်းကြီး တကောင်ကို အိမ်မှာ မွေးထားပြီး မိချောင်းကြီးက မိသားစုဝင်တွေနဲ့ ကစားနေ ရေချိုးနေတဲ့ အံ့ဖွယ်ရုပ်သံ ထွက်ပေါ်လာပါတယ်။

ကိုဂျက်လို့ နာမည်ပေးထားတဲ့ မိကျောင်းကြီးက တနေ့ ၁ ဒသမ ၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရွှေငါးတွေကိုစားပြီး အိုင်ဝန်မိသားစုရဲ့ အိမ်မွေးတိရစ်ဆာန် ဖြစ်လာတာပါ။

မိုဟာမက်အိုင်ဝန်ဆိုတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားက ၁၉၉၇ ခုနှစ်မှာ ပန်ဂန်ဒါရန် ကမ်းခြေက တံငါသည်တွေ ဖမ်းမိထားတဲ့ မိချောင်းပေါက်ကလေးကို ၁ ဒဿမ ၃၁ ပေါင်နဲ့ ဝယ်ယူခဲ့ပြီး ဆယ်စုနှစ် ၂ ခုကျော်ပြီးတဲ့နောက် ငါးကြိုက်တဲ့ ကိုဂျက်က အရွယ်အစား အကြီးကြီး ဖြစ်လာတယ်လို့ ဆိုပါတယ်။

အနောက်ဂျာဗား ဆမ်ပါခရိုင်က မိုဟာမက်ရဲ့အိမ်မှာ ၈ ပေ ၈ လက်မရှိတဲ့ မိကျောင်းကြီးကို သူ့ရဲ့ကလေးငယ်သဖွယ် ရေချိုးပေး သွားတိုက်ပေးနေပြီး အသက် ၂ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးတွေက မီတာအနည်းငယ် အဝေးမှာ ဆော့ကစားနေကြတာ ရုပ်သံထဲမှာ တွေ့ရပါတယ်။

ဒါပေမယ့် မိုဟာမက်က သူ့ရဲ့ အသက် ၂၁ နှစ်အရွယ် မိချောင်းကြီးက လုံးဝ ယဉ်ပါးပြီး ဘယ်တော့မှ သူနဲ့ သူ့ကလေးတွေကို မတိုက်ခိုက်ဘူးလို့ ပြောပါတယ်။

ကိုဂျက်ရဲ့ လူမှုကွန်ရက်ပေါ်မှာ ကျော်ကြားမှုကြောင့် အမေရိကား၊ သြစတြေးလျနဲ့ ဥရောပတလွှားက ခရီးသွားဧည့်သည်တွေ ကိုဂျက်ကို လာရောက် ကြည့်ရှုကြပြီး ကိုဂျက်က သားရဲတိရစ်ဆာန်တကောင်နဲ့ တူပေမယ့် လူတွေနဲ့ ဆက်သွယ်ရတာ ကြိုက်တယ်လို့ ဆိုပါတယ်။

“ကျနော် မိကျောင်းတွေကို ချစ်တယ်။ ကျနော် ကိုဂျက်ကို တော်တော်ဂရုစိုက်ပြီး ကျနော့်အထင် သူကလည်း ကျနော့်ကို သူ့အဖေလို သဘောထားပါတယ်။ သူက အိမ်မွေးတိရစ်ဆာန်ကောင်းပါ။ ကျနော်သူ့ကို တပတ်တကြိမ် ရေချိုးပေး အရေပြားတွေကို ဂရုစိုက်ပေးပြီး သွားတိုက်ပေးပါတယ်” လို့ မိုဟာမက်က ပြောပါတယ်။

အချို့ခရီးသွားဧည့်သည်တွေက ကိုဂျက်ကို ဝယ်ယူဖို့ ပေါင် ၅၂,၃၀၀ အထိ ပေးပေမယ့် မိုဟာမက်ကတော့ သူ့ကို မိသားစုဝင်အဖြစ်ပဲ မြင်တယ်လို့ ဆိုပါတယ်။

မိုဟာမက်က ကိုဂျက် ကျန်းမာဖို့ ရေကန်ကို တပတ်တကြိမ် ရှင်းပေးတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖော်ပြထားပါတယ်။ 

source - DVB TV
မိေက်ာင္းႀကီးကို မေၾကာက္မလန႔္ သြားတိုက္ေရခ်ိဳးေပးသူ မိေက်ာင္းႀကီးကို မေၾကာက္မလန႔္ သြားတိုက္ေရခ်ိဳးေပးသူ Reviewed by Unknown on February 05, 2018 Rating: 5

No comments:

Powered by Blogger.