ျပင္ပကမာၻအေၾကာင္းကုိ လုံးဝမသိေသးတဲ့ အင္ဒိုနီးရွား ကို႐ုိေဝ လူ႐ိုင္းမ်ိဳးႏြယ္မ်ား


အင္ဒုိနီးရွားႏုိင္ငံမွာ ကုိ႐ုိေ၀လူ႐ုိင္းမ်ိဳးႏြယ္ေတြဟ ယေန႔ထက္ထိတုိင္ ႐ုိးရာမပ်က္ဘဲ တည္ရွိေနဆဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ ကမာၻဦးေခတ္က ေခတ္စားခဲ့တဲ့ စုေပါင္းအမဲလုိက္ျခင္း၊ စုေပါင္းစားသုံးျခင္း၊ စုေပါင္းေနထုိင္ျခင္းဓေလ့ဟာ အခုအခ်ိန္ထိ မေပ်ာက္ကြယ္ေသးဘူးလုိ႔ Mirror သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ကုိ႐ုိေ၀လူမ်ိဳးေတြအေၾကာင္းကို ကမာၻက သိေပမယ့္၊ သူတုိ႔ကေတာ့ သူတုိ႔ေနရာမွအပ အျခားကမာၻရဲ႕ အေျခအေနနဲ႔ ေျပာင္းလဲမႈေတြကို လုံး၀မသိၾကဘူးလုိ႔ ဆုိပါတယ္။ သူတုိ႔ဟာ ႐ုိးရာအတုိင္း သစ္ပင္ေတြေပၚမွာ အိမ္ေတြေဆာက္ေနၾကဆဲ ျဖစ္သလုိ၊ ေခတ္မီပစၥည္းကိရိယာေတြနဲ႔လည္း မရင္းနီးၾကပါဘူး။

ကုိ႐ုိေ၀လူမ်ိဳးေတြကုိ 1970 မွာ မ်က္ေမွာက္ကမာၻက လူေတြက ရွာေဖြေတြ႕ရွိခဲ့တာပါ။ သူတုိ႔ဟာ ထုိစဥ္တုန္းကတည္း အသားထဲကုိ ထုိးေဖာက္ထည့္သြင္းၿပီး ၀တ္ဆင္ရတဲ့ နားဆြဲ၊ နားေတာင္း စတာေတြကို အခုအခ်ိန္ထိ ၀တ္ဆင္ေနဆဲ ျဖစ္ပါတယ္။ ကေလးေတြကုိ အိတ္ေတြ၊ ပုိက္ေတြနဲ႔ထည့္ၿပီး ေနာက္ေက်ာမွာ ပုိၿပီး လြယ္သြားလွ်က္ပါဘဲ။








ကုိ႐ုိေ၀လူမ်ိဳးေတြဟာ အေနာက္ပါပူအာကၽြန္းမွာ ေနထုိင္ၾကၿပီး၊ အဆုိပါေဒသကုိ Eric Baccega လုိ႔အမည္ရတဲ့ ဓာတ္ပုံဆရာက 2000 ခုႏွစ္မွာ ေရာက္ရွိခဲ့ပါတယ္။ သူတုိ႔တစ္ေတြ ေနထုိင္မႈ၊ အသက္ရွင္ရပ္တည္မႈ၊ အခ်င္းခ်င္း ေဖးမမႈ၊ ဓေလ့စ႐ုိက္ေတြကို မွတ္တမ္းတင္ခဲ့ပါတယ္။ ယခု ထပ္မံေပၚထြက္လာတဲ့ ဓာတ္ပုံေတြဟာ 17 ႏွစ္ သက္တမ္း ရွိေနပါၿပီ။

ကုိ႐ုိေ၀လူမ်ိဳးေတြဟာ အမ်ားအားျဖင့္ အ၀တ္မဲ့ေနထုိင္ၾကပါတယ္။ အျခားလူမ်ိဳးစုေတြကို သူတုိ႔လူမ်ိဳးထဲမွာ ေရာစပ္ျခင္း ခြင့္မျပဳပါဘူး။ သစ္လုံးထုိးပုိးေကာင္ေတြဟာ သူတုိ႔အတြက္ေတာ့ အလြန္ေကာင္းမြန္တဲ့ အစားအစာျဖစ္ပါတယ္။ စုေပါင္းအမဲလုိက္ျခင္းမွ ရရွိလာတဲ့ အသားေတြကိုလည္း စုေပါင္းစားေသာက္ျခင္းေတြ ျပဳမူေနဆဲပါ။






သူတုိ႔ကို ကုိလူဖုိလူမ်ိဳးေတြလုိ႔လည္း ေခၚဆုိၾကပါတယ္။ အခုအခ်ိန္မွာ လူဦးေရအားျဖင့္ အေရအတြက္ 3000 အထိ ရွိလာၿပီ ျဖစ္ၿပီး၊ မ်က္ေမွာက္အခ်ိန္ထိ အသားစားလူ႐ုိင္းမ်ိဳးေတြလုိ႔ ကမာၻက သတ္မွတ္ထားခံရသူေတြပါ။ ေျပာင္းလဲမႈအျဖစ္ 1980 ေႏွာင္းပုိင္းမွာ အခ်ိဳ႕ကုိ႐ုိေ၀လူမ်ိဳးေတြဟာ စုေပါင္းေနထုိင္တဲ့စနစ္မွ စတင္ခြဲထြက္ၿပီး၊ တစ္သီးတစ္ျခား ရြာေတြအျဖစ္ ခြဲျခမး္ေနထုိင္မႈေတြ စတင္ခဲ့ပါတယ္။

သုိ႔ေပမယ့္ စုေပါင္းအမဲလုိက္ျခင္းနဲ႔ စုေပါင္း ေ၀ငွစားေသာက္ျခင္း ဓေလ့ကေတာ့ ရွိေနဆဲပါဘဲ။ သူတုိ႔တစ္ေတြဟာ မွိန္းပစ္လွံထုိးမွာ တစ္ဖက္ကမ္းခတ္ ကၽြမ္းက်င္ၾကၿပီး၊ ကိုက္ 100 ေလာက္က သားေကာင္ကုိ ထိမွန္ေအာင္ ပစ္ႏုိင္ၾကတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ ငါးဖမ္း၊ ေရငုပ္ရာမွာလည္း အလြန္ကၽြမ္းက်င္ၾကတယ္လုိ႔ သိရပါတယ္။

နတ္စည္ေတာ္ (Shwemom)

ပြင်ပကမ္ဘာအကြောင်းကို လုံးဝမသိသေးတဲ့ အင်ဒိုနီးရှား ကိုရိုဝေ လူရိုင်းမျိုးနွယ်များ

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုေ၀လူရိုင်းမျိုးနွယ်တွေဟ ယနေ့ထက်ထိတိုင် ရိုးရာမပျက်ဘဲ တည်ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာဦးခေတ်က ခေတ်စားခဲ့တဲ့ စုပေါင်းအမဲလိုက်ခြင်း၊ စုပေါင်းစားသုံးခြင်း၊ စုပေါင်းနေထိုင်ခြင်းဓလေ့ဟာ အခုအချိန်ထိ မပျောက်ကွယ်သေးဘူးလို့ Mirror သတင်းစာမှာ ဖော်ပြထားပါတယ်။

ကိုရိုေ၀လူမျိုးတွေအကြောင်းကို ကမ္ဘာက သိပေမယ့်၊ သူတို့ကတော့ သူတို့နေရာမှအပ အခြားကမ္ဘာရဲ့ အခြေအနေနဲ့ ပြောင်းလဲမှုတွေကို လုံး၀မသိကြဘူးလို့ ဆိုပါတယ်။ သူတို့ဟာ ရိုးရာအတိုင်း သစ်ပင်တွေပေါ်မှာ အိမ်တွေဆောက်နေကြဆဲ ဖြစ်သလို၊ ခေတ်မီပစ္စည်းကိရိယာတွေနဲ့လည်း မရင်းနီးကြပါဘူး။

ကိုရိုေ၀လူမျိုးတွေကို 1970 မှာ မျက်မှောက်ကမ္ဘာက လူတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ သူတို့ဟာ ထိုစဉ်တုန်းကတည်း အသားထဲကို ထိုးဖောက်ထည့်သွင်းပြီး ၀တ်ဆင်ရတဲ့ နားဆွဲ၊ နားတောင်း စတာတွေကို အခုအချိန်ထိ ၀တ်ဆင်နေဆဲ ဖြစ်ပါတယ်။ ကလေးတွေကို အိတ်တွေ၊ ပိုက်တွေနဲ့ထည့်ပြီး နောက်ကျောမှာ ပိုပြီး လွယ်သွားလျှက်ပါဘဲ။

ကိုရိုေ၀လူမျိုးတွေဟာ အနောက်ပါပူအာကျွန်းမှာ နေထိုင်ကြပြီး၊ အဆိုပါဒေသကို Eric Baccega လို့အမည်ရတဲ့ ဓာတ်ပုံဆရာက 2000 ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ်။ သူတို့တစ်တွေ နေထိုင်မှု၊ အသက်ရှင်ရပ်တည်မှု၊ အချင်းချင်း ဖေးမမှု၊ ဓလေ့စရိုက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ယခု ထပ်မံပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေဟာ 17 နှစ် သက်တမ်း ရှိနေပါပြီ။

ကိုရိုေ၀လူမျိုးတွေဟာ အများအားဖြင့် အ၀တ်မဲ့နေထိုင်ကြပါတယ်။ အခြားလူမျိုးစုတွေကို သူတို့လူမျိုးထဲမှာ ရောစပ်ခြင်း ခွင့်မပြုပါဘူး။ သစ်လုံးထိုးပိုးကောင်တွေဟာ သူတို့အတွက်တော့ အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်ပါတယ်။ စုပေါင်းအမဲလိုက်ခြင်းမှ ရရှိလာတဲ့ အသားတွေကိုလည်း စုပေါင်းစားသောက်ခြင်းတွေ ပြုမူနေဆဲပါ။

သူတို့ကို ကိုလူဖိုလူမျိုးတွေလို့လည်း ခေါ်ဆိုကြပါတယ်။ အခုအချိန်မှာ လူဦးရေအားဖြင့် အရေအတွက် 3000 အထိ ရှိလာပြီ ဖြစ်ပြီး၊ မျက်မှောက်အချိန်ထိ အသားစားလူရိုင်းမျိုးတွေလို့ ကမ္ဘာက သတ်မှတ်ထားခံရသူတွေပါ။ ပြောင်းလဲမှုအဖြစ် 1980 နှောင်းပိုင်းမှာ အချို့ကိုရိုေ၀လူမျိုးတွေဟာ စုပေါင်းနေထိုင်တဲ့စနစ်မှ စတင်ခွဲထွက်ပြီး၊ တစ်သီးတစ်ခြား ရွာတွေအဖြစ် ခွဲခြမး်နေထိုင်မှုတွေ စတင်ခဲ့ပါတယ်။

သို့ပေမယ့် စုပေါင်းအမဲလိုက်ခြင်းနဲ့ စုပေါင်း ေ၀ငှစားသောက်ခြင်း ဓလေ့ကတော့ ရှိနေဆဲပါဘဲ။ သူတို့တစ်တွေဟာ မှိန်းပစ်လှံထိုးမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြပြီး၊ ကိုက် 100 လောက်က သားကောင်ကို ထိမှန်အောင် ပစ်နိုင်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးဖမ်း၊ ရေငုပ်ရာမှာလည်း အလွန်ကျွမ်းကျင်ကြတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)
ျပင္ပကမာၻအေၾကာင္းကုိ လုံးဝမသိေသးတဲ့ အင္ဒိုနီးရွား ကို႐ုိေဝ လူ႐ိုင္းမ်ိဳးႏြယ္မ်ား ျပင္ပကမာၻအေၾကာင္းကုိ လုံးဝမသိေသးတဲ့ အင္ဒိုနီးရွား ကို႐ုိေဝ လူ႐ိုင္းမ်ိဳးႏြယ္မ်ား Reviewed by Unknown on February 18, 2018 Rating: 5

No comments:

Powered by Blogger.