ရင္ေသြးေလးအတြက္ ေဆးဖိုးေငြလိုလို႔ ႏို႔ရည္ေရာင္းၿပီး ေငြရွာေနရတဲ့ အမ်ိဳးသမီး



တရုတ္အမ်ိဳးသမီးတစ္ဦးရဲ႕ ဓါတ္ပံုဟာ အြန္္လိုင္းေပၚမွာ ပ်ံ႕ေနပါတယ္။ ပံုထဲမွာေတာ႔ အမ်ိဳးသမီးတစ္ဦးက သူမရဲ႕ ႏို႔ရည္ကို လမ္းေဘးမွာ ေရာင္းၿပီး ေငြရွာေနတဲ့ ပံုပါ။ ဒီလိုေငြရွာတာဟာ သူမရဲ႕ ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲ ေနမေကာင္းျဖစ္ေနတဲ့ သူမရဲ႕ သမီးေလးအတြက္ ေဆးဖိုးလိုလို႔ ႏို႔ရည္ေရာင္းၿပီး ေငြရွာေနတာလုိ႔ သိရပါတယ္။ အဲဒီ ဓါတ္ပံုဟာ တရုတ္ႏုုိင္ငံ Shenzhen ၿမိဳ႕ကေန ရိုက္ယူခဲ့တဲ့ ပံုပါ။

လမ္းေဘးမွာ ဒူးေထာက္ၿပီး ရင္ေသြးေလးကို ေပြ႕ပိုက္ၿပီး ႏို႔တိုက္ေကၽြးေနၿပီး၊ ေဘးမွာေတာ႔ ခင္ပြနး္ျဖစ္သူက ေၾကာ္ျငာ ဆိုင္းဘုတ္ကို ကိုင္ထားပါတယ္။ အဲဒီဆိုင္းဘုတ္မွာေတာ႔ ..”မိခင္ႏို႔ရည္ေရာင္းတယ္။ သမီးေလးကို ကယ္ဖို႔အတြက္ပါ ၊တစ္မိနစ္ကို (၁၀)ယြမ္ပါ” ဆိုၿပီး ေရးထားပါတယ္။

ဒါ့အျပင္ “က်မက က်န္းမာသန္စြမ္းတဲ့ ၂၄ ႏွစ္အရြယ္ မိန္းကေလးပါ။ အျမႊာသမီးေလးႏွစ္ေယာက္ ရွိပါတယ္။ ေနမေကာင္းျဖစ္ေနတဲ့ သမီးေလးအတြက္ အေရးေပၚ ေငြလိုေနပါတယ္။ ႏို႔တိုက္ေပးပါတယ္။ အသယ္အရြယ္မေရြး လက္ခံပါတယ္။ကူညီအားေပးမႈအတြက္ ေက်းဇူးတင္ပါတယ္..” ဆိုၿပီး ေဖာ္ျပထားပါတယ္။ ပိုစတာရဲ႕ ေအာက္ပိုင္းမွာေတာ႔ သမီးအျမႊာေလးေတြရဲ႔ပံု၊ ေဆးမွတ္တမ္းနဲ႔ တရား၀င္ ဆင္းရဲမြဲေတ မႈေထာက္ပံ့ေရး Certificate ကိုပါ ကပ္ထားပါတယ္။







အဲ့ဒီပံုကို  Southern Metropolis Daily မွ သတင္းေထာက္ကျမင္ၿပီး သတင္းလိုက္ခဲ့တာပါ။ အသက္(၂၄) ႏွစ္ အ ရြယ္ Tang ဆိုတဲ့ အမ်ိဳးသမီးဟာ Guangxi မွျဖစ္ၿပီး၊ သူမရဲ႕ ခင္ပြန္း အသက္(၃၁)ႏွစ္အရြယ္ အမ်ိဳးသားကေတာ႔  Sichuan ကပါ။ လြန္ခဲ့တဲ့ (၆)ႏွစ္က Shenzhen မွာ aရႊ႕ေျပာင္းလုပ္သားအျဖစ္ အလုပ္,လုပ္ကိုင္ခဲ့သူပါ။

Tang ဟာ လြန္ခဲ့တဲ့ လက သမီးအျမႊာေလးေတြကို ေမြးခဲ့ၿပီး ႏွစ္ေယာက္ထဲက တစ္ေယာက္ဟာ က်န္းမာေရးမေကာင္းလို႔ ေဆးရံုတင္ထားရပါတယ္။ တစ္ေယာက္က က်န္းမာေပမယ့္ က်န္တစ္ေယာက္က ဦးေႏွာက္အေျမးေရာင္ေရာဂါ ခံစားေနရပါတယ္။ ေဆးရံုဘက္ကေတာ့ ေဆး၀ါးစရိတ္မရွိလို႔ဆုိၿပီး ကုသမႈေတြကို ရပ္တန္႔ထားတာမ်ိဳးေတာ႔ လံုး၀မရွိဘူးလုိ႔ ဆုိပါတယ္။ ကေလးမိဘနဲ႔ေဆြးေႏြးၿပီး ေငြေၾကးေထာက္ပံ့မႈရႏိုင္ဖုိ႔ ေဆြးေႏြးမႈေတြလုပ္ေနတယ္လုိ႔ ဆိုပါတယ္။

ဒါေပမယ့္ တရုတ္အစိုးရရဲ႕ လူမႈဖူလံုေရးရန္ပံုေငြ ဆိုတာကလည္း တစ္ဖက္က ေဆး၀ါးစရိတ္ ျမင့္မားမႈနဲ႔ ယွဥ္လိုက္ေတာ႔ မကာမိ ျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း ဒီမိသားစုအပါအ၀င္ ေဆး၀ါးစရိတ္ႀကီးျမင့္မႈေၾကာင့္ ဒုကၡေရာက္ေနတဲ့ တျခား မိသားစုေတြလည္း အမ်ားႀကီးရွိေနပါတယ္။ Dongguan ၿမိဳ႕က ပန္းၿခံထဲမွာ ေနမေကာင္းတဲ့ ကေလးငယ္ကို လာေရာက္ စြန္႔ပစ္တဲ့ျဖစ္ရပ္ ဒီလအေစာပိုင္းတုန္းက ျဖစ္ခဲ့ပါေသးတယ္။

စြန္႔ပစ္ခံကေလးငယ္နဲဲ႔ အတူ ကေလးမိဘေတြက စာတစ္ေစာင္ထည့္ထားပါတယ္။ အဲဒီစာထဲမွာေတာ႔ ကေလးကို ေဆးကုေစာင့္ေရွာက္ဖို႔ ေငြမရွိလုိ႔ ဘယ္လိုမွ မတတ္ႏိုင္ေတာဘဲ စြန္႔ပစ္ရတာလို႔ ေဖာ္ျပထားပါတယ္။ ေဆး၀ါးကုသစရိတ္ႀကီးျမင့္မႈေတြဟာ ေငြေၾကးမျပည့္စံုသူေတြ အဖို႔ ႀကီးမားတဲ့ စိ္န္ေခၚမႈႀကီးျဖစ္ေနေၾကာင္း Medium မွာေဖာ္ျပထားပါတယ္။

SHARE FROM SHWEMOM 

ရင်သွေးလေးအတွက် ဆေးဖိုးငွေလိုလို့ နို့ရည်ရောင်းပြီး ငွေရှာနေရတဲ့ အမျိုးသမီး

တရုတ်အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံဟာ အွန််လိုင်းပေါ်မှာ ပျံ့နေပါတယ်။ ပုံထဲမှာတော့ အမျိုးသမီးတစ်ဦးက သူမရဲ့ နို့ရည်ကို လမ်းဘေးမှာ ရောင်းပြီး ငွေရှာနေတဲ့ ပုံပါ။ ဒီလိုငွေရှာတာဟာ သူမရဲ့ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နေမကောင်းဖြစ်နေတဲ့ သူမရဲ့ သမီးလေးအတွက် ဆေးဖိုးလိုလို့ နို့ရည်ရောင်းပြီး ငွေရှာနေတာလို့ သိရပါတယ်။ အဲဒီ ဓါတ်ပုံဟာ တရုတ်နိုင်ငံ Shenzhen မြို့ကနေ ရိုက်ယူခဲ့တဲ့ ပုံပါ။

လမ်းဘေးမှာ ဒူးထောက်ပြီး ရင်သွေးလေးကို ပွေ့ပိုက်ပြီး နို့တိုက်ကျေွးနေပြီး၊ ဘေးမှာတော့ ခင်ပွနး်ဖြစ်သူက ကြော်ငြာ ဆိုင်းဘုတ်ကို ကိုင်ထားပါတယ်။ အဲဒီဆိုင်းဘုတ်မှာတော့ ..”မိခင်နို့ရည်ရောင်းတယ်။ သမီးလေးကို ကယ်ဖို့အတွက်ပါ ၊တစ်မိနစ်ကို (၁၀)ယွမ်ပါ” ဆိုပြီး ရေးထားပါတယ်။

ဒါ့အပြင် “ကျမက ကျန်းမာသန်စွမ်းတဲ့ ၂၄ နှစ်အရွယ် မိန်းကလေးပါ။ အမြွှာသမီးလေးနှစ်ယောက် ရှိပါတယ်။ နေမကောင်းဖြစ်နေတဲ့ သမီးလေးအတွက် အရေးပေါ် ငွေလိုနေပါတယ်။ နို့တိုက်ပေးပါတယ်။ အသယ်အရွယ်မရွေး လက်ခံပါတယ်။ကူညီအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်..” ဆိုပြီး ဖော်ပြထားပါတယ်။ ပိုစတာရဲ့ အောက်ပိုင်းမှာတော့ သမီးအမြွှာလေးတွေရဲ့ပုံ၊ ဆေးမှတ်တမ်းနဲ့ တရား၀င် ဆင်းရဲမွဲတေ မှုထောက်ပံ့ရေး Certificate ကိုပါ ကပ်ထားပါတယ်။

အဲ့ဒီပုံကို  Southern Metropolis Daily မှ သတင်းထောက်ကမြင်ပြီး သတင်းလိုက်ခဲ့တာပါ။ အသက်(၂၄) နှစ် အ ရွယ် Tang ဆိုတဲ့ အမျိုးသမီးဟာ Guangxi မှဖြစ်ပြီး၊ သူမရဲ့ ခင်ပွန်း အသက်(၃၁)နှစ်အရွယ် အမျိုးသားကတော့  Sichuan ကပါ။ လွန်ခဲ့တဲ့ (၆)နှစ်က Shenzhen မှာ aရွ့ှပြောင်းလုပ်သားအဖြစ် အလုပ်,လုပ်ကိုင်ခဲ့သူပါ။

Tang ဟာ လွန်ခဲ့တဲ့ လက သမီးအမြွှာလေးတွေကို မွေးခဲ့ပြီး နှစ်ယောက်ထဲက တစ်ယောက်ဟာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ထားရပါတယ်။ တစ်ယောက်က ကျန်းမာပေမယ့် ကျန်တစ်ယောက်က ဦးနှောက်အမြေးရောင်ရောဂါ ခံစားနေရပါတယ်။ ဆေးရုံဘက်ကတော့ ဆေးဝါးစရိတ်မရှိလို့ဆိုပြီး ကုသမှုတွေကို ရပ်တန့်ထားတာမျိုးတော့ လုံး၀မရှိဘူးလို့ ဆိုပါတယ်။ ကလေးမိဘနဲ့ဆွေးနွေးပြီး ငွေကြေးထောက်ပံ့မှုရနိုင်ဖို့ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရုတ်အစိုးရရဲ့ လူမှုဖူလုံရေးရန်ပုံငွေ ဆိုတာကလည်း တစ်ဖက်က ဆေးဝါးစရိတ် မြင့်မားမှုနဲ့ ယှဉ်လိုက်တော့ မကာမိ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဒီမိသားစုအပါအ၀င် ဆေးဝါးစရိတ်ကြီးမြင့်မှုကြောင့် ဒုက္ခရောက်နေတဲ့ တခြား မိသားစုတွေလည်း အများကြီးရှိနေပါတယ်။ Dongguan မြို့က ပန်းခြံထဲမှာ နေမကောင်းတဲ့ ကလေးငယ်ကို လာရောက် စွန့်ပစ်တဲ့ဖြစ်ရပ် ဒီလအစောပိုင်းတုန်းက ဖြစ်ခဲ့ပါသေးတယ်။

စွန့်ပစ်ခံကလေးငယ်နဲဲ့ အတူ ကလေးမိဘတွေက စာတစ်စောင်ထည့်ထားပါတယ်။ အဲဒီစာထဲမှာတော့ ကလေးကို ဆေးကုစောင့်ရှောက်ဖို့ ငွေမရှိလို့ ဘယ်လိုမှ မတတ်နိုင်တောဘဲ စွန့်ပစ်ရတာလို့ ဖော်ပြထားပါတယ်။ ဆေးဝါးကုသစရိတ်ကြီးမြင့်မှုတွေဟာ ငွေကြေးမပြည့်စုံသူတွေ အဖို့ ကြီးမားတဲ့ စိ်န်ခေါ်မှုကြီးဖြစ်နေကြောင်း Medium မှာဖော်ပြထားပါတယ်။

SHARE FROM SHWEMOM 
ရင္ေသြးေလးအတြက္ ေဆးဖိုးေငြလိုလို႔ ႏို႔ရည္ေရာင္းၿပီး ေငြရွာေနရတဲ့ အမ်ိဳးသမီး ရင္ေသြးေလးအတြက္ ေဆးဖိုးေငြလိုလို႔ ႏို႔ရည္ေရာင္းၿပီး ေငြရွာေနရတဲ့ အမ်ိဳးသမီး Reviewed by Unknown on February 01, 2018 Rating: 5

No comments:

Powered by Blogger.