Source - Hpone Thaik FB
Source - Hpone Thaik FB
ပျော်စရာတွေနဲ့ အဆုံးသတ်မယ့် ဘုဏ်းသိုက်ရဲ့ ဖေဖော်ဝါရီ
စာရေးဆရာတစ်ဦးလဲ ဖြစ်သလို မင်းသားတစ်ယောက်လဲ ဖြစ်တဲ့ ဘုဏ်းသိုက်ကတော့ ပရိသတ်ရှေ့ကို ဇာတ်လမ်းတွဲတစ်ခုနဲ့အတူ ရောက်ရှိလာတော့မှာပါ။ အခြေခံလူတန်းစားတွေရဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အမှန်တကယ်ဖြစ်ပျက်နေတာတွေ ရိုက်ကူးပုံဖော်မယ့် " နေရယ် လရယ် အမှန်တရားရယ် " ဆ်ုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။။
ဘုဏ်းသိုက်အတွက်တော့ ဒီဖေဖော်ဝါရီက ပျော်စရာတွေနဲ့ပဲ အဆုံးသတ်မှာ အသေအချာပါပဲ။
ပရိသတ်ကြီးအားလုံးသိထားပြီးတဲ့ အတိုင်း အဆိုတော်ချမ်းချမ်းနဲ့ သူတို့အိမိထောင်ရေးကတော့ ခဏတာအဆင်မပြေဖြစ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ချစ်သူများနေ့မှာတော့ သူတို့အချစ်တွေက ုပန်လည်ပေါင်းစည်းသွားခဲ့ပြီပဲ ဖြစိပါတယ်။
ချစ်ဇနီးလေးချမ်းချမ်းနဲ့အတူ ပြင်ဦးလွင်မှာ ပွဲလေးတစ်ပွဲလုပ်ကာ အတူပျော်ရွှင်ခဲ့တဲ့ ပုံလေးတွေက သူ့တို့ကိုချစ်တဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကို ကြည်နူးစရာမြင်ကွင်းလေးပါပဲ။
ချမ်းချမ်းကလဲ သူချစ်တဲ့သီချင်းတွေကို သီဆိုဖို့ ရှိုးပွဲတွေဆက်တိုက်နဲ့ အလုပ်များနေခဲ့သလို သူကလဲ ဒီဇာတ်လမ်းတွဲလေးအတွက် ပြင်ဦးလွင်ကို ရောက်ရှိနေတာပြ ဖြစ်ပါတယ်။
လက်ရှိရိုက်ကူးနေတဲ့ ဒီဇာတ်လမ်းတွဲလေးမှာတော့ သူနဲ့အတူ မင်းသမီးချော ဆုပန်ထွာကလဲ ရှေ့နေမလေးတစ်ယောက်အဖြစ် ကလဲ ပါဝင်ထားပါသေးတယ်။
မြင်ဖူးနေကျ ဇာတ်လမ်းတွဲများနဲ့ ကွဲထွက်ကာ အသိပညာပေး ဇာတ်လမ်းလေးတပုဒ်ဖြစ်သလို မတူညီတဲ့ပြသာနာတွေနဲ့ စိတ်ဝင်စားစရာတွေပြည့်နေတဲ့ ဒီဇာတ်လမ်းလေးကိုလည်း စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော် ပရိသတ်ကြီး
Source - Hpone Thaik FB
Reviewed by Unknown
on
February 17, 2018
Rating:
No comments:
Post a Comment