အိႏၵိယမွာ မဂၤလာေဆာင္ရင္ မိန္းကေလးဘက္ ေယာက်္ားေလးကို တင္ေတာင္းရပါတယ္။ဒီလို တင္ေတာင္ဖို႕အတြက္ ေရႊကို 5 က်ပ္သားနီးပါးေပးရတာျဖစ္ပါတယ္။ဒါေပမယ့္ ဒီကိစၥကို 1961 ခုႏွစ္မွာ အိႏၵိယက ပယ္ဖ်က္ခဲ့ပါတယ္။ပယ္ဖ်က္တယ္ဆိုတာ အမည္ခံသာျဖစ္ျပီး တကယ္ကေတာ့ ဒီရုိးရာဟာ တိမ္ျမဳပ္သြားျခင္းမရွိပါဘူး။
အခုလည္း ဒီရုိးရာေၾကာင့္ တင္ေတာင္းတဲ့ ေရႊမေပးတဲ့ ဇနီးသည္ကို အၾကမ္းဖက္ျပီး လင္ေယာက်္ားက ေက်ာက္ကပ္ကို ထုတ္ျပီး ေရာင္းစားလိုက္တာျဖစ္ပါတယ္။ဒီလိုထုတ္ရတဲ့ အေၾကာင္းအရင္းမ်ားစြာရွိေပမယ့္ သူ႕ေယာက်္ားကေတာ့ တင္ေတာင္းေငြမေပးလို႕ ရတဲ့နည္းနဲ႕ ယူတာလို႕ ေျပာခဲ့ပါတယ္။ဒါဟာ ဆင္ေျခတခုသာ ျဖစ္ျပီး သူ႕ရဲ႕ ဆိုးသြမ္းတဲ့စရုိက္ေၾကာင့္ ေငြလိုလို႕လုပ္တာမ်ိဳးျဖစ္ပါတယ္။
တကယ္ေတာ့ သူတို႕ရဲ႕ မဂၤလာသက္တမ္းကလည္း မနည္းပါဘူး။မဂၤလာသက္ 12 ႏွစ္ရွိျပီျဖစ္ျပီး ေယာက်္ားျဖစ္သူ Rita Sarkar ဟာ သူမရဲ႕ ေက်ာက္ကပ္ကို ရူပီး 200000 နဲ႕ ေရာင္းခ်လိုက္တယ္လို႕ Hindustan Times သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။အခုေတာ့ အဆိုပါ ေက်ာက္ကပ္ခြဲစိတ္ခံရမႈေၾကာင့္ ရင္ဝမ္းျခားၾကြက္သားေတြနဲ႕ ခါးေတြပါ နာက်င္ေနတဲ့ ဒဏ္ခံေနရတယ္လို႕ အေနာက္ ဘန္ေဂါမွာ ေနထိုင္တဲ့ ဒီ အမ်ိဳးသမီးက ေျပာတာျဖစ္ပါတယ္။
သူမရဲ႕ ေက်ာက္ကပ္ခြဲထုတ္ခံရလို႕ ကလကတၱားမွာ ေဆးကုသမႈခံယူခဲ့ရတာျဖစ္ပါတယ္။
သူ႕ေယာက်္ား ေက်ာက္ကပ္ယူစဥ္က သူမဟာ ျငင္းဆန္ခဲ့ေပမယ့္ အတင္းအဓမၼယူခဲ့တာျဖစ္ျပီး သူေဆးရုံတက္ေတာ့လည္း သူ႕ကို ပံုမွန္လာမၾကည့္ပဲ ပစ္ထားခဲ့ပါတယ္။သူနာက်င္တယ္လို႕ ေျပာတိုင္း သူ႕ကို လ်စ္လ်ဴရႈထားတယ္လို႕ဆိုပါတယ္။သူဟာ ေဆးပစၥည္းနဲ႕ ကိရိယာမစံုတဲ့ ေဆးရုံမွာ သံုးလေလာက္တက္ခဲ့ေပမယ့္ သူ႕ရဲ႕ ေ၇ာဂါကို ေပ်ာက္ကင္းေအာင္ မကုေပးႏိုင္ခဲ့ပါဘူး။သူ႕ကို သူ႕မိဘေတြသာ ၾကည့္ရႈခဲ့ရျပီး ေနာက္ပိုင္းေတာ့ အလွဴရွင္အခ်ိဳ႕ေပၚလာလို႕ ေဆးရုံေကာင္းေကာင္းကို ေျပာင္းႏိုင္ခဲ့တာျဖစ္ပါတယ္။
သူ႕ရဲ႕ ညာဘက္ေက်ာက္ကပ္ခြဲထုတ္ခံခဲ့ရတာျဖစ္ျပီး က်န္ရွိိေနတဲ့ ဘယ္ဘက္ေက်ာက္ကပ္က ေကာင္းေကာင္းအလုပ္မလုပ္တဲ့အတြက္ ဗိုက္က ေဖာျပီး ခါးေတြနာေနတာျဖစ္ပါတယ္။သူမကေတာ့ နာက်င္ေနတဲ့ၾကားက ေယာက်္ားေပၚတင္ေနတဲ့ မဂၤလာစရိတ္ေက်ျပီလို႕ ေျပာခဲ့တာျဖစ္ပါတယ္။
တကယ္လို႕ အလွဴရွင္ေတြ ထပ္ေပၚလာရင္ေတာ့ ေက်ာက္ကပ္အစားထိုးကုႏိုင္မွာျဖစ္ေပမယ့္ ဒီအစားထိုးမယ့္ေက်ာက္ကပ္ကလည္း သူမ်ားဆီက အဓမၼယူထားတဲ့ေက်ာက္ကပ္ျဖစ္မွာ သူမစိုးရိမ္တယ္လို႕ ေျပာခဲ့ပါတယ္။
SHARE FROM ေျပာခ်င္လြန္းလို႔
ဇနီးသည်ရဲ့ ကျောက်ကပ်ကို အတင်းအဓမ္မထုတ်ပြီး ရောင်းစားလိုက်တဲ့ အမျိုးသား
အိန္ဒိယမှာ မင်္ဂလာဆောင်ရင် မိန်းကလေးဘက် ယောကျ်ားလေးကို တင်တောင်းရပါတယ်။ဒီလို တင်တောင်ဖို့အတွက် ရွှေကို 5 ကျပ်သားနီးပါးပေးရတာဖြစ်ပါတယ်။ဒါပေမယ့် ဒီကိစ္စကို 1961 ခုနှစ်မှာ အိန္ဒိယက ပယ်ဖျက်ခဲ့ပါတယ်။ပယ်ဖျက်တယ်ဆိုတာ အမည်ခံသာဖြစ်ပြီး တကယ်ကတော့ ဒီရိုးရာဟာ တိမ်မြုပ်သွားခြင်းမရှိပါဘူး။
အခုလည်း ဒီရိုးရာကြောင့် တင်တောင်းတဲ့ ရွှေမပေးတဲ့ ဇနီးသည်ကို အကြမ်းဖက်ပြီး လင်ယောကျ်ားက ကျောက်ကပ်ကို ထုတ်ပြီး ရောင်းစားလိုက်တာဖြစ်ပါတယ်။ဒီလိုထုတ်ရတဲ့ အကြောင်းအရင်းများစွာရှိပေမယ့် သူ့ယောကျ်ားကတော့ တင်တောင်းငွေမပေးလို့ ရတဲ့နည်းနဲ့ ယူတာလို့ ပြောခဲ့ပါတယ်။ဒါဟာ ဆင်ခြေတခုသာ ဖြစ်ပြီး သူ့ရဲ့ ဆိုးသွမ်းတဲ့စရိုက်ကြောင့် ငွေလိုလို့လုပ်တာမျိုးဖြစ်ပါတယ်။
တကယ်တော့ သူတို့ရဲ့ မင်္ဂလာသက်တမ်းကလည်း မနည်းပါဘူး။မင်္ဂလာသက် 12 နှစ်ရှိပြီဖြစ်ပြီး ယောကျ်ားဖြစ်သူ Rita Sarkar ဟာ သူမရဲ့ ကျောက်ကပ်ကို ရူပီး 200000 နဲ့ ရောင်းချလိုက်တယ်လို့ Hindustan Times သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။အခုတော့ အဆိုပါ ကျောက်ကပ်ခွဲစိတ်ခံရမှုကြောင့် ရင်ဝမ်းခြားကြွက်သားတွေနဲ့ ခါးတွေပါ နာကျင်နေတဲ့ ဒဏ်ခံနေရတယ်လို့ အနောက် ဘန်ဂေါမှာ နေထိုင်တဲ့ ဒီ အမျိုးသမီးက ပြောတာဖြစ်ပါတယ်။
သူမရဲ့ ကျောက်ကပ်ခွဲထုတ်ခံရလို့ ကလကတ္တားမှာ ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။
သူ့ယောကျ်ား ကျောက်ကပ်ယူစဉ်က သူမဟာ ငြင်းဆန်ခဲ့ပေမယ့် အတင်းအဓမ္မယူခဲ့တာဖြစ်ပြီး သူဆေးရုံတက်တော့လည်း သူ့ကို ပုံမှန်လာမကြည့်ပဲ ပစ်ထားခဲ့ပါတယ်။သူနာကျင်တယ်လို့ ပြောတိုင်း သူ့ကို လျစ်လျူရှုထားတယ်လို့ဆိုပါတယ်။သူဟာ ဆေးပစ္စည်းနဲ့ ကိရိယာမစုံတဲ့ ဆေးရုံမှာ သုံးလလောက်တက်ခဲ့ပေမယ့် သူ့ရဲ့ ေ၇ာဂါကို ပျောက်ကင်းအောင် မကုပေးနိုင်ခဲ့ပါဘူး။သူ့ကို သူ့မိဘတွေသာ ကြည့်ရှုခဲ့ရပြီး နောက်ပိုင်းတော့ အလှူရှင်အချို့ပေါ်လာလို့ ဆေးရုံကောင်းကောင်းကို ပြောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ ညာဘက်ကျောက်ကပ်ခွဲထုတ်ခံခဲ့ရတာဖြစ်ပြီး ကျန်ရှိိနေတဲ့ ဘယ်ဘက်ကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ်တဲ့အတွက် ဗိုက်က ဖောပြီး ခါးတွေနာနေတာဖြစ်ပါတယ်။သူမကတော့ နာကျင်နေတဲ့ကြားက ယောကျ်ားပေါ်တင်နေတဲ့ မင်္ဂလာစရိတ်ကျေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
တကယ်လို့ အလှူရှင်တွေ ထပ်ပေါ်လာရင်တော့ ကျောက်ကပ်အစားထိုးကုနိုင်မှာဖြစ်ပေမယ့် ဒီအစားထိုးမယ့်ကျောက်ကပ်ကလည်း သူများဆီက အဓမ္မယူထားတဲ့ကျောက်ကပ်ဖြစ်မှာ သူမစိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
SHARE FROM ပြောချင်လွန်းလို့
ဇနီးသည္ရဲ႕ ေက်ာက္ကပ္ကို အတင္းအဓမၼထုတ္ျပီး ေရာင္းစားလိုက္တဲ့ အမ်ိဳးသား
Reviewed by Unknown
on
February 11, 2018
Rating:
No comments:
Post a Comment