ခုေခတ္ႀကီးထဲမွာ အခ်စ္စစ္ဆိုတာ ရွားပါးလာခဲ့ပါျပီ။ ေရြးခ်ယ္စရာေတြ အမ်ားႀကီးရိွတာေၾကာင့္ စံုတြဲေတြကလည္း သူတို႔ခ်စ္သူအျပင္ လူသစ္ေတြနဲ႔ ဆက္ဆံေရးသစ္ေတြ ရွာေဖြလာတတ္ၾကပါတယ္။ ဒါေပမယ့္ဂ်ပန္ႏုိင္ငံက ဒီစံုတြဲေလးတစ္တြဲရဲ႕ အျဖစ္အပ်က္ကေတာ့ အခ်စ္စစ္ဆိုတာ တကယ္ရိွတယ္လို႔ ျပန္ယံုၾကည္လာႏုိင္ေစပါတယ္။
ဟီဆာရီွနီရီွဇာဝါနဲ႔ မာအီနာခါဟာရာတို႔ႏွစ္ဦးဟာ သူငယ္ခ်င္းေတြ မိတ္ဆက္ေပးရာမွာ စေတြ႔ခဲ့ျပီး စံုတြဲေတြျဖစ္သြားၾကသူေတြပါ။ သူတို႔ဟာ အခက္အခဲမ်ားစြာကို ေက်ာ္ျဖတ္ျပီး (၂)ႏွစ္တာ ေပ်ာ္ရႊင္စြာ လက္တြဲလာၾကရာ တစ္ေန႔မွာေတာ့ ဟီဇဆာရီွက မာအီကို ဒူးေထာက္လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ မာအီလည္း လက္ခံခဲ့ျပီး သူတို႔ႏွစ္ဦးဟာ မဂၤလာပြဲအတြက္ ျပင္ဆင္ေနခဲ့ၾကပါတယ္။
မဂၤလာမေဆာင္ခင္ ရက္သတၱပတ္အနည္းငယ္အလိုမွာေတာ့ မာအီက ဟီဆာရီွကို စိမ္းကားစြာၾကည့္ကာ “ဘယ္သူလဲ” လို႔ေမးခဲ့ပါေတာ့တယ္။ ရက္အနည္းငယ္အၾကာမွာ မာအီဟာ ပိုထူးဆန္းလာခဲ့ျပီး အေၾကာင္းမဲ့ ေအာ္ဟစ္ေသာင္းက်န္းျခင္းေတြကိုပါ ျပဳလုပ္လာပါတယ္။ ထို႔ေနာက္မွာေတာ့ သူမဟာ မိသားစုနဲ႔သူငယ္ခ်င္းေတြကို တျဖည္းျဖည္း လံုးဝမမွတ္မိေတာ့ပါဘူး။
ေဆး႐ံုတင္ခဲ့ေပမယ့္ မာအီရဲ႕အေျခအေနနဲ႔ပတ္သက္ျပီး ဆရာဝန္ေတြလည္း အေျဖမထုတ္ႏုိင္ခဲ့ဘဲ အေျခအေနပိုဆိုးလာခဲ့ပါတယ္။ မာအီလည္း ကာလရွည္သတိေမ့ေျမာသြားခဲ့ျပီး အသက္ရွဴစက္နဲ႔ပင္ အသက္ဆက္ထားရကာ ဆရာဝန္ေတြကလည္း ေမွ်ာ္လင့္ခ်က္သိပ္မရိွေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ (၅)လအၾကာမွာေတာ့ မာအီဟာ သားအိမ္အက်ိတ္ေၾကာင့္ ဦးေႏွာက္ေရာင္ေရာဂါ ခံစားေနရေၾကာင္း သိခဲ့ၾကပါတယ္။
မာအီရဲ႕မိခင္က ဟီဆာရီွကို သမီးျဖစ္သူအေပၚလက္ေလွ်ာ့ျပီး အျခားမိန္းကေလးရွာဖို႔ တိုက္တြန္းခဲ့ေပမယ့္ ဟီဆာရီွဟာ “မာအီရဲ႕ေဘးနားမွာဆက္ေနခြင့္ေပးပါ။ သူမရဲ႕အျပံဳးေတြကို ျပန္ျမင္ခ်င္ပါတယ္။ သူ႔နာမည္ကို ေခၚတာထပ္ၾကားခ်င္ပါတယ္။ မာအီကို မစြန္႔လႊတ္ႏိုင္ပါဘူး” ဆိုကာ မာအီေဘးမွာေနခြင့္ေပးဖုိ႔ ေတာင္းပန္ခဲ့ပါတယ္။ ရက္ေပါင္း (၅၂၉)ရက္ၾကာျပီးေနာက္မွာေတာ့ မာအီဟာ ျပန္ႏုိးထလာခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္သူ႔ကိုမွ မမွတ္မိႏုိင္ခဲ့ပါဘူး။
ရက္ေပါင္း (၁၀၀၀)ၾကာျပီးေနာက္ မာအီေဆး႐ံုဆင္းတဲ့အခါမွာေတာ့ သူမအနားကေန လံုးဝထြက္မသြားခဲ့တဲ့ ဟီဆာရီွကို မမွတ္မိေပမယ့္ လက္ထပ္ဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ ဟီဆာရီွက သူမကို လက္ထပ္ခြင့္ေတာင္းျပီး (၈)ႏွစ္အၾကာ (၂၀၁၄)ခုႏွစ္ ၾသဂုတ္လမွာ လက္ထပ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အျဖစ္အပ်က္ေလးကို ‘The 8 Year Engagement’ ဆိုတဲ့ အမည္နဲ႔ ျဖစ္ရပ္မွန္႐ုပ္ရွင္ ျပန္႐ိုက္ခဲ့ၾကရာ မင္းသား Takeru Satoh နဲ႔ မင္းသမီး Tao Tsuchiya တို႔က သ႐ုပ္ေဆာင္ထားၾကပါတယ္။
White (Shwemom)
သတို့သမီးလောင်းက အတိတ်မေ့သွားခဲ့လို့ (၈)နှစ်ကြာမှ ပြန်စခဲ့ရတဲ့ မင်္ဂလာပွဲ
ခုခေတ်ကြီးထဲမှာ အချစ်စစ်ဆိုတာ ရှားပါးလာခဲ့ပါပြီ။ ရွေးချယ်စရာတွေ အများကြီးရှိတာကြောင့် စုံတွဲတွေကလည်း သူတို့ချစ်သူအပြင် လူသစ်တွေနဲ့ ဆက်ဆံရေးသစ်တွေ ရှာဖွေလာတတ်ကြပါတယ်။ ဒါပေမယ့်ဂျပန်နိုင်ငံက ဒီစုံတွဲလေးတစ်တွဲရဲ့ အဖြစ်အပျက်ကတော့ အချစ်စစ်ဆိုတာ တကယ်ရှိတယ်လို့ ပြန်ယုံကြည်လာနိုင်စေပါတယ်။
ဟီဆာရှီနီရှီဇာဝါနဲ့ မာအီနာခါဟာရာတို့နှစ်ဦးဟာ သူငယ်ချင်းတွေ မိတ်ဆက်ပေးရာမှာ စတွေ့ခဲ့ပြီး စုံတွဲတွေဖြစ်သွားကြသူတွေပါ။ သူတို့ဟာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး (၂)နှစ်တာ ပျော်ရွှင်စွာ လက်တွဲလာကြရာ တစ်နေ့မှာတော့ ဟီဇဆာရှီက မာအီကို ဒူးထောက်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ မာအီလည်း လက်ခံခဲ့ပြီး သူတို့နှစ်ဦးဟာ မင်္ဂလာပွဲအတွက် ပြင်ဆင်နေခဲ့ကြပါတယ်။
မင်္ဂလာမဆောင်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာတော့ မာအီက ဟီဆာရှီကို စိမ်းကားစွာကြည့်ကာ “ဘယ်သူလဲ” လို့မေးခဲ့ပါတော့တယ်။ ရက်အနည်းငယ်အကြာမှာ မာအီဟာ ပိုထူးဆန်းလာခဲ့ပြီး အကြောင်းမဲ့ အော်ဟစ်သောင်းကျန်းခြင်းတွေကိုပါ ပြုလုပ်လာပါတယ်။ ထို့နောက်မှာတော့ သူမဟာ မိသားစုနဲ့သူငယ်ချင်းတွေကို တဖြည်းဖြည်း လုံးဝမမှတ်မိတော့ပါဘူး။
ဆေးရုံတင်ခဲ့ပေမယ့် မာအီရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆရာဝန်တွေလည်း အဖြေမထုတ်နိုင်ခဲ့ဘဲ အခြေအနေပိုဆိုးလာခဲ့ပါတယ်။ မာအီလည်း ကာလရှည်သတိမေ့မြောသွားခဲ့ပြီး အသက်ရှူစက်နဲ့ပင် အသက်ဆက်ထားရကာ ဆရာဝန်တွေကလည်း မျှော်လင့်ချက်သိပ်မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (၅)လအကြာမှာတော့ မာအီဟာ သားအိမ်အကျိတ်ကြောင့် ဦးနှောက်ရောင်ရောဂါ ခံစားနေရကြောင်း သိခဲ့ကြပါတယ်။
မာအီရဲ့မိခင်က ဟီဆာရှီကို သမီးဖြစ်သူအပေါ်လက်လျှော့ပြီး အခြားမိန်းကလေးရှာဖို့ တိုက်တွန်းခဲ့ပေမယ့် ဟီဆာရှီဟာ “မာအီရဲ့ဘေးနားမှာဆက်နေခွင့်ပေးပါ။ သူမရဲ့အပြုံးတွေကို ပြန်မြင်ချင်ပါတယ်။ သူ့နာမည်ကို ခေါ်တာထပ်ကြားချင်ပါတယ်။ မာအီကို မစွန့်လွှတ်နိုင်ပါဘူး” ဆိုကာ မာအီဘေးမှာနေခွင့်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ ရက်ပေါင်း (၅၂၉)ရက်ကြာပြီးနောက်မှာတော့ မာအီဟာ ပြန်နိုးထလာခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မမှတ်မိနိုင်ခဲ့ပါဘူး။
ရက်ပေါင်း (၁၀၀၀)ကြာပြီးနောက် မာအီဆေးရုံဆင်းတဲ့အခါမှာတော့ သူမအနားကနေ လုံးဝထွက်မသွားခဲ့တဲ့ ဟီဆာရှီကို မမှတ်မိပေမယ့် လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဟီဆာရှီက သူမကို လက်ထပ်ခွင့်တောင်းပြီး (၈)နှစ်အကြာ (၂၀၁၄)ခုနှစ် သြဂုတ်လမှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်လေးကို ‘The 8 Year Engagement’ ဆိုတဲ့ အမည်နဲ့ ဖြစ်ရပ်မှန်ရုပ်ရှင် ပြန်ရိုက်ခဲ့ကြရာ မင်းသား Takeru Satoh နဲ့ မင်းသမီး Tao Tsuchiya တို့က သရုပ်ဆောင်ထားကြပါတယ်။
White (Shwemom)
သတို႔သမီးေလာင္းက အတိတ္ေမ့သြားခဲ့လို႔ (၈)ႏွစ္ၾကာမွ ျပန္စခဲ့ရတဲ့ မဂၤလာပြဲ
Reviewed by Unknown
on
February 17, 2018
Rating:
No comments:
Post a Comment