ေဖေဖာ္ဝါရီ(၁၂)ရက္ေန႕ မြန္းလြဲ(၁)နာရီအခ်ိန္ထိုင္းနိုင္ငံအလယ္ပိုင္း ဆမြတ္ဆာခြန္းၿမိဳ႕တြင္ ျမန္မာအလုပ္ သမားတဦး လုပ္ငန္းခြင္တြင္းမေတာ္တဆ ေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔သိရပါတယ္။အဆိုပါ အမ်ိဳးသားကေတာ့ ဆမြန္ဆာခြန္းၿမိဳ႕၊ခုတ္ခန္နယ္ေျမ ရပ္ကြက္ (၆) မွာရွိတဲ့ ပလတ္စတစ္ ရီဆိုင္ကယ္လ္စက္႐ုံတြင္ အလုပ္လုပ္ ကိုင္ေနသူတစ္ဦးပဲ ျဖစ္ပါတယ္။ျဖစ္စဥ္မွာေတာ့ ေသဆုံးသူအမ်ိဳးသားဟာ ပလတ္စတစ္ေရာႏွောတဲ့ ဇလားႀကီး ထဲမွာ စက္ျဖင့္အေမႊခံရၿပီး ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ တာဝန္က်ဒဳ-ရဲအုပ္ ဖီရခ်တ္ ပုမ္တမက ေျပာပါတယ္။
အခင္းျဖစ္ပြားခဲ့တဲ့ေန႕မွာေတာ့ စက္က ေကာင္းေကာင္းမလည္ပတ္တဲ့အတြက္ ေက်ာ္မင္းထိုက္က အထဲက တစ္ဆို႔ေနတဲ့ အမွိုက္ေတြရွင္းဖို႔ ဇလားႀကီးထဲ ဆင္းသြားခဲ့တာ ျဖစ္ေၾကာင္း စီစီတီဗြီကင္မရာကို ျပန္ဖြင့္ၾကည့္ ရာမွ သိရပါတယ္။ အဲဒီေနာက္ တျခားအလုပ္သမားတေယာက္ ေရာက္လာၿပီး အထဲမွာ လူရွိေနတာကို မသိဘဲ စက္ခလုတ္လွည့္လိုက္ရာမွာ ေက်ာ္မင္းထိုက္မွာ တကိုယ္လုံး စက္နဲ႕အေမႊခံလိုက္ရတာလို႔ သိရပါတယ္။ခလုတ္ မွားႏွိပ္သူ အလုပ္သမားက အေရးေပၚကယ္ဆယ္ေရးဌာနသို႔ ဖုန္းဆက္အကူအညီေတာင္းခဲ့ၿပီး တာဝန္ရွိသူေတြ သူ႕ကိုအေပၚ ဆြဲတင္လာခ်ိန္မွာေတာ့ အရိုးေတြ အကုန္က်ိဳးသြားၿပီးေသဆုံးေနခဲ့တာ ပဲျဖစ္ပါတယ္။
အခင္းျဖစ္ပြားခဲ့တဲ့ေန႕မွာေတာ့ စက္ကေကာင္းေကာင္းမလည္ပတ္တဲ့အတြက္ ေက်ာ္မင္းထိုက္က အထဲက တစ္ဆို႔ေနတဲ့ အမွိုက္ေတြရွင္းဖို႔ ဇလားႀကီးထဲ ဆင္းသြားခဲ့တာ ျဖစ္ေၾကာင္း စီစီတီဗြီကင္မရာကို ျပန္ဖြင့္ၾကည့္ ရာမွ သိရပါတယ္။ အဲဒီေနာက္ တျခားအလုပ္သမားတေယာက္ ေရာက္လာၿပီး အထဲမွာ လူရွိေနတာကို မသိဘဲ စက္ခလုတ္လွည့္လိုက္ရာမွာ ေက်ာ္မင္းထိုက္မွာ တကိုယ္လုံး စက္နဲ႕အေမႊခံလိုက္ရတာလို႔ သိရပါတယ္။ခလုတ္ မွားႏွိပ္သူ အလုပ္သမားက အေရးေပၚကယ္ဆယ္ေရးဌာနသို႔ ဖုန္းဆက္အကူအညီေတာင္းခဲ့ၿပီး တာဝန္ရွိသူေတြ သူ႕ကိုအေပၚ ဆြဲတင္လာခ်ိန္မွာေတာ့ အရိုးေတြ အကုန္က်ိဳးသြားၿပီးေသဆုံးေနခဲ့တာ ပဲျဖစ္ပါတယ္။
သတင္းအရင္းအျမစ္ - DVB
ပလက်စတစ်မွေတဲ့စက်အတွင်း သေဆုံးသွားခဲ့တဲ့ မြန်မာအလုပ်သမားတဦး
ဖေဖော်ဝါရီ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့တွင် မြန်မာအလုပ် သမားတဦး လုပ်ငန်းခွင်တွင်းမတော်တဆ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါ အမျိုးသားကတော့ ဆမွန်ဆာခွန်းမြို့၊ခုတ်ခန်နယ်မြေ ရပ်ကွက် (၆) မှာရှိတဲ့ ပလတ်စတစ် ရီဆိုင်ကယ်လ်စက်ရုံတွင် အလုပ်လုပ် ကိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ဖြစ်စဉ်မှာတော့ သေဆုံးသူအမျိုးသားဟာ ပလတ်စတစ်ရောနှောတဲ့ ဇလားကြီး ထဲမှာ စက်ဖြင့်အမွှေခံရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တာဝန်ကျဒု-ရဲအုပ် ဖီရချတ် ပုမ်တမက ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေ့မှာတော့ စက်က ကောင်းကောင်းမလည်ပတ်တဲ့အတွက် ကျော်မင်းထိုက်က အထဲက တစ်ဆို့နေတဲ့ အမှိုက်တွေရှင်းဖို့ ဇလားကြီးထဲ ဆင်းသွားခဲ့တာ ဖြစ်ကြောင်း စီစီတီဗွီကင်မရာကို ပြန်ဖွင့်ကြည့် ရာမှ သိရပါတယ်။ အဲဒီနောက် တခြားအလုပ်သမားတယောက် ရောက်လာပြီး အထဲမှာ လူရှိနေတာကို မသိဘဲ စက်ခလုတ်လှည့်လိုက်ရာမှာ ကျော်မင်းထိုက်မှာ တကိုယ်လုံး စက်နဲ့အမွှေခံလိုက်ရတာလို့ သိရပါတယ်။ခလုတ် မှားနှိပ်သူ အလုပ်သမားက အရေးပေါ်ကယ်ဆယ်ရေးဌာနသို့ ဖုန်းဆက်အကူအညီတောင်းခဲ့ပြီး တာဝန်ရှိသူတွေ သူ့ကိုအပေါ် ဆွဲတင်လာချိန်မှာတော့ အရိုးတွေ အကုန်ကျိုးသွားပြီးသေဆုံးနေခဲ့တာ ပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - DVB
ပလက္စတစ္ေမြတဲ့စက္အတြင္း ေသဆုံးသြားခဲ့တဲ့ ျမန္မာအလုပ္သမားတဦး
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment