လူရွှင်တော်လောကထဲမှာ လူကြိုက်များလှတဲ့ သူတစ်ယောက်ဖြစ်တဲ့ ကြာစိကိုတော ပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်။ ဖိုက်စတားအဖွဲ့ကနေ လူတွေကို ပြုံးရယ်အောင် အမြဲလုပ်ဆောင်ပေးနေတဲ့ ကြာစိကတော့ တကယ်ဟာသဉာဏ်ရှိလှတဲ့လူတစ်ဦးလဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ကြာစိရဲ့ ဟာသလေးတွေကို ကြည့်ဖြစ်ရဲ့လား။
ကြာစီကတော့ တခါတလေအခြောက်ပုံစံလေးလုပ်ပြီး ဟာသတွေတက်ဆက်ပေးတတ်တဲ့ လူရွှင်တော်တစ်ဦးလဲဖြစ်ပါတယ်။ဒါ့အပြင် လူရွှင်တော်ကြာစိဟာသိပ်မကြာသေးခင်အချိန်လေးကမှ လက်ထပ်ပွဲလေးကျင်းပထားတာလဲဖြစ်ပါတယ်။ဟိတ်ဟန်တွေမပါပဲ ဘဝကိုသမရိုးကျလေးဖြတ်သန်းနေထိုင်တဲ့ ကြာစီတို့ဇနီးမောင်နှံအတွက်ကတော့ ဘုရားကပေးတဲ့ လက်ဆောင်လေးတစ်ခုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။
ထိုလက်ဆောင်လေးကတော့ ချစ်ဇနီးလေးရဲ့ ဝမ်းဗိုက်ထဲမှာ ကြာစိရဲ့ ရင်သွေးလေးရှိနေတာပဲဖြစ်ပါတယ်။ ကြာစိအနေနဲ့လဲ ရင်သွေးလေးရရှိမှုကြောင့် အရမ်းပျော်ရွှင်နေတယ်လို့သိရပါတယ်။ ကြာစိကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
SHARE FROM MYANMARLOAD
ဘုရားပေးတဲ့လက်ဆောင်လေးတစ်ခုရရှိလိုက်တဲ့ကြာစိ
Reviewed by Unknown
on
February 16, 2018
Rating:
No comments:
Post a Comment