(၅)လကြာမှ မွေးထားတဲ့ကလေးက မိန်းကလေးဖြစ်နေမှန်း သိခဲ့ရတဲ့မိခင်


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ မမွေးဖွားခင်မှာ ကလေးရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံအနေအထားနဲ့ လိင်အမျိုးအစားကို သိရှိနိုင်ဖို့ အာထရာဆောင်း ရိုက်ကြလေ့ရှိပါတယ်။ တစ်ချို့တစ်လေမှာတော့  အာထရာဆောင်းရိုက်စဉ်က မိန်းကလေး၊ တကယ်မွေးလာတော့ ယောက်ျားလေးဖြစ်နေတာ စတဲ့ထူးထူးခြားခြား အဖြစ်မျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။

အခုသတင်းပါ အမျိုးသမီးအကြောင်းကတော့ ကြားဖူးနေကျ အာထရာဆောင်းပုံပြင်တွေလို မဟုတ်ပါဘူး။ ရှားမှရှားတဲ့ အဖြစ်လို့ပဲ ဆိုရပါမယ်။ အမျိုးသမီးသမီးနာမည်ကတော့ Madelisha Hiscock ဖြစ်ပါတယ်။ သူမရဲ့  ဒုတိယကိုယ်ဝန်မှာ ဘာလေးမွေးလာမလဲ သိချင်တာကြောင့် ယောက်ျားဖြစ်သူနဲ့အတူ အာထရာဆောင်းရိုက်ဖို့ သွားခဲ့ပါတယ်။

ပထမတစ်ကြိမ်ရိုက်တော့ ဆရာဝန်တွေက မိန်းကလေးမွေးမှာလို့ဆိုပါတယ်။ နောက်ထပ် နှစ်ကြိမ်ထပ်ရိုက်တဲ့အခါမှာလည်း မိန်းကလေးပါပဲ။ ဒါဆို သေချာသလောက်ရှိနေပါပြီ။ သမီးကလေးမွေးလာရင် မှည့်ခေါ်ဖို့အတွက် McKenzi ဆိုတဲ့နာမည်တောင် Madelisha က ပေးထားပြီးပါပြီ။

ဒီလိုနဲ့ (၄)ကြိမ်မြောက် အဖြစ်အာထရာဆောင်းရိုက်တဲ့အခါမှာတော့ ဆရာဝန်တွေက တစ်မျိုးပြောလာပါတယ်။ ကလေးက ယောက်ျားလေးပါတဲ့။ ဆရာဝန်တွေက အခုလိုပြောနေတာကြောင့် သူတို့လင်မယား(၂)ယောက်လည်း မွေးလာမယ့်ကလေးကို မျှော်လင့်စောင့်စားရင်း ရင်တုန်နေခဲ့ကြပါတယ်။







သူတို့မှာက (၃)နှစ်အရွယ်သမီးလေးလည်း ရှိပြီဖြစ်တာကြောင့် ကိုယ်ဝန်ကိုသားလေးဖြစ်ဖို့ ပျော်ရွှင်စွာမျှော်လင့်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ Madelisha က ကလေးမွေးပြီးတဲ့အခါမှာတော့ ဆရာဝန်တွေကိုယ်တိုင်က ယောက်ျားလေးဖြစ်ကြောင်း အတည်ပြုသတ်မှတ်ပေးပြီး သူမက Kenneth လို့ အမည်ပေးခဲ့ပါတယ်။

Madelisha ကချက်ခြင်းပဲ သားကလေးကို ခရစ်ယာန်ဘာသာအရ နှစ်ခြင်းခံစေခဲ့ကာ မိသားစု၊ သူငယ်ချင်းတွေရဲ့ ရှေ့မှောက်မှာ သားကလေးကို ကြိုဆိုခဲ့ပါတယ်။  အပြာရောင်အ၀တ်အစားလေးတွေ၊ အရုပ်ကားလေးတွေနဲ့အတူ တခြားယောက်ျားလေးအသုံးအဆောင်တွေကိုလည်း ၀ယ်ယူခဲ့ပါတယ်။

ရက်သတ္တပတ်တွေ ကြာလာတဲ့အခါမှာ Madelisha နဲ့ သူမရဲ့ အမျိုးသားဟာ ကလေးနဲ့ပတ်သက်လို့ မတင်မကျဖြစ်လာပါတယ်။ Kenneth ကို ဆေးရုံဆီခေါ်သွားပြီး စစ်ဆေးမှုပေါင်းများစွာ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ဆရာဝန်တွေရဲ့အဖြေကြောင့် လင်မယားနှစ်ယောက် စကားပြန်မပြောနိုင်လောက်အောင် မှင်သက်ဆွံ့အသွားခဲ့ကြပါတယ်။

ကလေးက မိန်းကလေးဖြစ်နေတာကြောင့်ပါ။ တကယ်တော့ Kenneth တစ်ဖြစ်လဲ McKenzi ဟာ ရှားပါးပြီး ယောက်ျားလေးဟော်မုန်းတွေ ပမာဏများစွာ ထုတ်လုပ်တဲ့ မွေးရာပါမျိုးဗီဇတွေ ပုံသဏ္ဍာန်မမှန်တဲ့အခြေအနေနဲ့ မွေးလာခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။

SHARE FROM လင်းလင်း (ShweMom)
(၅)လကြာမှ မွေးထားတဲ့ကလေးက မိန်းကလေးဖြစ်နေမှန်း သိခဲ့ရတဲ့မိခင် (၅)လကြာမှ မွေးထားတဲ့ကလေးက မိန်းကလေးဖြစ်နေမှန်း သိခဲ့ရတဲ့မိခင် Reviewed by Unknown on February 07, 2018 Rating: 5

No comments:

Powered by Blogger.