ေဘာနီယိုကၽြန္းသားေတြက မိတ္လိုက္ေနတဲ့ ေပ (၂၀)အရွည္ စပါးအံုးေျမြႀကီးတစ္ေကာင္နဲ႔ စပါးအံုးေျမြငယ္တစ္ေကာင္တို႔ကို ေတြ႔ခဲ့ရာ ရြာသားေတြ ပြဲေတာ္တည္ဖို႔ ၎ေျမြႀကီးေတြကို ဖမ္းဆီးသတ္ျဖတ္ခဲ့ပါတယ္။ ျပီးခဲ့တဲ့စေနေန႔က မေလးရွားႏုိင္ငံ ေဘာ္နီယုိကၽြန္းေပၚမွာ ရြာသားေတြ အမဲလိုက္ရင္း ၎ေျမြႀကီးႏွစ္ေကာင္ကို ေတြ႔ခဲ့တာပါ။
ရြာသားေတြဟာ ေတာထဲက သစ္ေခါင္းတစ္ခုထဲမွာ ထူးဆန္းတဲ့အသံမ်ိဳး ၾကားခဲ့တာေၾကာင့္ သြားၾကည့္ခဲ့ရာ သူတို႔ေဒသရဲ႕ နာမည္ေက်ာ္ အစားအစာျဖစ္တဲ့ တြားသြားသတၱဝါႏွစ္ေကာင္ကို ေတြ႔ခဲ့ပါတယ္။ သစ္ေခါင္းကို လႊနဲ႔အရင္ျဖတ္ခဲ့ရျပီး အထဲက ေျမြေတြကို ဆြဲထုတ္က ပစ္သတ္ခဲ့ၾကပါတယ္။ ထို႔ေနာက္ေျမြႏွစ္ေကာင္ကို ညစာအျဖစ္ ထရပ္ကားေပၚတင္သယ္သြားၾကပါတယ္။
အသက္ (၆၀)အရြယ္ ျမိဳ႕ခံ Tinsung Ujang ကေတာ့ လာမယ့္ရက္ပိုင္းေတြမွာ ရြာသားေတြအတြက္ေတာ့ စားပြဲေသာက္ပဲြ ျဖစ္ေတာ့မွာျဖစ္ေၾကာင္း ဝမ္းသာအားရေျပာခဲ့ပါတယ္။ ေျမြႏွစ္ေကာင္ကို ေတြ႔ခဲ့စဥ္မွာ တစ္ေကာင္နဲ႔တစ္ေကာင္ ခ်ိတ္ေနခဲ့တဲ့ အေနအထားျဖစ္တာေၾကာင့္ သစ္ေခါင္းဖြင့္ျပီးေနာက္မွာေတာင္ ဆြဲထုတ္ဖို႔ ခက္ခဲခဲ့တယ္ဆိုပါတယ္။
ေျမြႏွစ္ေကာင္ မိတ္လိုက္တာကိုေရာ (၅)မီတာေလာက္ရွည္တဲ့ စပါးအံုးေျမြႀကီးကိုေရာ မျမင္ဖူးတာေၾကာင့္ ကၽြန္ေတာ့္အတြက္ေတာ့ အရမ္းအံ့ၾသဖြယ္ပါပဲ။ ေျမြထီးကေတာ့ အရြယ္ ပိုေသးငယ္ပါတယ္။ ရြာခံေတြအတြက္ ဟင္းလ်ာေကာင္းတစ္ခုရေစဖို႔ ေျမြႀကီးႏွစ္ေကာင္ကို ပစ္သတ္ေပးရတာ ေက်နပ္စရာပါပဲ” လို႔ Tinsung က ေျပာခဲ့ပါတယ္။
ေျမြႀကီးႏွစ္ေကာင္ကို ထရပ္ကားေပၚတင္ေခၚသြားခ်ိန္မွာေတာ့ ရြာသူရြာသားေတြက ဝမ္းေျမာက္စြာ လက္ခုပ္ၾသဘာနဲ႔ အားေပးခဲ့ၾကျပီး ေျမြသားကို အကင္ (သို႔မဟုတ္) အေၾကာ္ျပဳလုပ္ကာ ထမင္းနဲ႔ စားသံုးၾကမွာျဖစ္ေၾကာင္း သိရပါတယ္။ ေျမြသားကို အခ်ိဳးညီညီ ခုတ္ပိုင္းျပီး ရြာသားေတြကို အညီအမွ်ေဝေပးသြားမွာျဖစ္ေၾကာင္းလည္း Tinsung က ေျပာခဲ့ပါတယ္။
SHARE FROM White (Shwemom)
မိတ်လိုက်နေတဲ့ စပါးအုံးမြွေကြီးနှစ်ကောင်ကို ချက်စားဖို့ သတ်ပစ်ခဲ့ကြတဲ့ ရွာသားများ
ဘောနီယိုကျွန်းသားတွေက မိတ်လိုက်နေတဲ့ ပေ (၂၀)အရှည် စပါးအုံးမြွေကြီးတစ်ကောင်နဲ့ စပါးအုံးမြွေငယ်တစ်ကောင်တို့ကို တွေ့ခဲ့ရာ ရွာသားတွေ ပွဲတော်တည်ဖို့ ၎င်းမြွေကြီးတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်မှာ ရွာသားတွေ အမဲလိုက်ရင်း ၎င်းမြွေကြီးနှစ်ကောင်ကို တွေ့ခဲ့တာပါ။
ရွာသားတွေဟာ တောထဲက သစ်ခေါင်းတစ်ခုထဲမှာ ထူးဆန်းတဲ့အသံမျိုး ကြားခဲ့တာကြောင့် သွားကြည့်ခဲ့ရာ သူတို့ဒေသရဲ့ နာမည်ကျော် အစားအစာဖြစ်တဲ့ တွားသွားသတ္တဝါနှစ်ကောင်ကို တွေ့ခဲ့ပါတယ်။ သစ်ခေါင်းကို လွှနဲ့အရင်ဖြတ်ခဲ့ရပြီး အထဲက မြွေတွေကို ဆွဲထုတ်က ပစ်သတ်ခဲ့ကြပါတယ်။ ထို့နောက်မြွေနှစ်ကောင်ကို ညစာအဖြစ် ထရပ်ကားပေါ်တင်သယ်သွားကြပါတယ်။
အသက် (၆၀)အရွယ် မြို့ခံ Tinsung Ujang ကတော့ လာမယ့်ရက်ပိုင်းတွေမှာ ရွာသားတွေအတွက်တော့ စားပွဲသောက်ပွဲ ဖြစ်တော့မှာဖြစ်ကြောင်း ဝမ်းသာအားရပြောခဲ့ပါတယ်။ မြွေနှစ်ကောင်ကို တွေ့ခဲ့စဉ်မှာ တစ်ကောင်နဲ့တစ်ကောင် ချိတ်နေခဲ့တဲ့ အနေအထားဖြစ်တာကြောင့် သစ်ခေါင်းဖွင့်ပြီးနောက်မှာတောင် ဆွဲထုတ်ဖို့ ခက်ခဲခဲ့တယ်ဆိုပါတယ်။
“မြွေနှစ်ကောင် မိတ်လိုက်တာကိုရော (၅)မီတာလောက်ရှည်တဲ့ စပါးအုံးမြွေကြီးကိုရော မမြင်ဖူးတာကြောင့် ကျွန်တော့်အတွက်တော့ အရမ်းအံ့သြဖွယ်ပါပဲ။ မြွေထီးကတော့ အရွယ် ပိုသေးငယ်ပါတယ်။ ရွာခံတွေအတွက် ဟင်းလျာကောင်းတစ်ခုရစေဖို့ မြွေကြီးနှစ်ကောင်ကို ပစ်သတ်ပေးရတာ ကျေနပ်စရာပါပဲ” လို့ Tinsung က ပြောခဲ့ပါတယ်။
မြွေကြီးနှစ်ကောင်ကို ထရပ်ကားပေါ်တင်ခေါ်သွားချိန်မှာတော့ ရွာသူရွာသားတွေက ဝမ်းမြောက်စွာ လက်ခုပ်သြဘာနဲ့ အားပေးခဲ့ကြပြီး မြွေသားကို အကင် (သို့မဟုတ်) အကြော်ပြုလုပ်ကာ ထမင်းနဲ့ စားသုံးကြမှာဖြစ်ကြောင်း သိရပါတယ်။ မြွေသားကို အချိုးညီညီ ခုတ်ပိုင်းပြီး ရွာသားတွေကို အညီအမျှဝေပေးသွားမှာဖြစ်ကြောင်းလည်း Tinsung က ပြောခဲ့ပါတယ်။
SHARE FROM White (Shwemom)
မိတ္လုိက္ေနတဲ့ စပါးအံုးေျမြႀကီးႏွစ္ေကာင္ကုိ ခ်က္စားဖုိ႔ သတ္ပစ္ခဲ့ၾကတဲ့ ရြာသားမ်ား
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment