အမ်ိဳးသမီး အတြင္းခံမ်ား လုိက္လံခိုးယူတဲ့ သူခိုးကို ဖမ္းမိ



ဂ်ပန္ႏိုင္ငံမွာရွိတဲ့ ရဲ၀န္ထမ္းေတြဟာ အမ်ိဳးသား တစ္ေယာက္ရဲ ႔ ေနအိမ္ ဂိုေဒါင္အတြင္း အမ်ိဳးသမီးမ်ားအသံုးျပဳၿပီးသားျဖစ္တဲ့ ဘရာစီယာ နဲ႔ ပင္တီအတြင္းခံ အထည္ ၂၀၀ ေက်ာ္ကို ေတြ႔ရွိၿပီးတဲ့ေနာက္မွာ ထိုအမ်ိဳးသားက အတြင္းခံမ်ားကို ခိုးယူခဲ့ျခင္းျဖစ္တယ္လို႔ ၀န္ခံလိုက္ပါတယ္။

Tomohiro Honma ဆိုသူဟာ အ၀တ္အထည္ ဆိုင္တစ္ခုကေန အမ်ိဳးသမီး၀တ္ အတြင္းခံ ၁၂ စံုကို ခိုးယူတာကို သတိထားမိခဲ့ရာကေန သူ႔ရဲ ႔ေနအိမ္မွာ ခိုးယူထားတဲ့ အတြင္းခံမ်ားကို ဖမ္းဆီး ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ရွိသူ Honma ဟာ ဇန္န၀ါရီလတုန္းက Kanagawa ၿမိဳ ႔ Takatsu ရပ္ကြက္အတြင္းမွာရွိတဲ့ ဆိုင္ခန္းတစ္ခုကေန ထိုအတြင္းခံ ၁၂ စံုကို ခိုးယူခဲ့တာျဖစ္တယ္လို႔ တိုက်ိဳ ရီပို႔တာ သတင္းဌာနက ေဖာ္ျပထားပါတယ္။





အဲဒီေနာက္ ရဲတပ္ဖြဲ႕၀င္ေတြက Honma ဆိုသူရဲ ႔ေနအိမ္မွာ ၀င္ေရာက္ရွာေဖြၾကည့္ခဲ့ရာကေန ေနာက္ထပ္ အတြင္းခံ ၂၀၀ ေက်ာ္ကို ထပ္မံေတြ႔ရွိခဲ့ၿပီး Honma ကေတာ့ သူဟာ ထိုအတြင္းခံအားလံုးကို မတူညီတဲ့ ေနရာေပါင္း ၅၀ ခန္႔ကေန ခိုးယူခဲ့တာ ျဖစ္တယ္လို႔ ၀န္ခံလိုက္ပါတယ္။

“ကၽြန္ေတာ္ မိန္းမအတြင္းခံေတြကို ႀကိဳက္ပါတယ္။ ကၽြန္ေတာ္ အဲဒါေတြကို ကၽြန္ေတ္ာ့ရဲ ႔ ကာမဆႏၵေတြေျဖေဖ်ာက္ဖို႔ အသံုးခ်ပါတယ္” လို႔ Honma က ရဲတပ္ဖြဲ႕ကို ေျပာျပခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁ လ ခန္႔ကလည္း အတြင္းခံ သူခိုးတစ္ေယာက္ဟာ Victoria’s Secret စတိုးဆိုင္ကေန အတြင္းခံေတြခိုးယူသြားတာကို ဖမ္းမိခဲ့ရာကတစ္ဆင့္ Pablo Munoz ဆိုသူ ထိုသူခိုးရဲ ႔ေနအိမ္မွာ စတာလင္ေပါင္ ၁၈၀၀၀ တန္ဖိုးရွိတဲ့ အတြင္းခံေပါင္း ၁၀၀၀ ေက်ာ္ကို ဖမ္းဆီးရမိခဲ့မႈလည္း ျဖစ္ပြားခဲ့ပါေသးတယ္။

Credit: Thithtoolwin

အမျိုးသမီး အတွင်းခံများ လိုက်လံခိုးယူတဲ့ သူခိုးကို ဖမ်းမိ

ဂျပန်နိုင်ငံမှာရှိတဲ့ ရဲ၀န်ထမ်းတွေဟာ အမျိုးသား တစ်ယောက်ရဲ ့ နေအိမ် ဂိုဒေါင်အတွင်း အမျိုးသမီးများအသုံးပြုပြီးသားဖြစ်တဲ့ ဘရာစီယာ နဲ့ ပင်တီအတွင်းခံ အထည် ၂၀၀ ကျော်ကို တွေ့ရှိပြီးတဲ့နောက်မှာ ထိုအမျိုးသားက အတွင်းခံများကို ခိုးယူခဲ့ခြင်းဖြစ်တယ်လို့ ၀န်ခံလိုက်ပါတယ်။

Tomohiro Honma ဆိုသူဟာ အ၀တ်အထည် ဆိုင်တစ်ခုကနေ အမျိုးသမီး၀တ် အတွင်းခံ ၁၂ စုံကို ခိုးယူတာကို သတိထားမိခဲ့ရာကနေ သူ့ရဲ ့နေအိမ်မှာ ခိုးယူထားတဲ့ အတွင်းခံများကို ဖမ်းဆီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိသူ Honma ဟာ ဇန်နဝါရီလတုန်းက Kanagawa မြို ့ Takatsu ရပ်ကွက်အတွင်းမှာရှိတဲ့ ဆိုင်ခန်းတစ်ခုကနေ ထိုအတွင်းခံ ၁၂ စုံကို ခိုးယူခဲ့တာဖြစ်တယ်လို့ တိုကျို ရီပို့တာ သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့၀င်တွေက Honma ဆိုသူရဲ ့နေအိမ်မှာ ၀င်ရောက်ရှာဖွေကြည့်ခဲ့ရာကနေ နောက်ထပ် အတွင်းခံ ၂၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့ပြီး Honma ကတော့ သူဟာ ထိုအတွင်းခံအားလုံးကို မတူညီတဲ့ နေရာပေါင်း ၅၀ ခန့်ကနေ ခိုးယူခဲ့တာ ဖြစ်တယ်လို့ ၀န်ခံလိုက်ပါတယ်။

“ကျွန်တော် မိန်းမအတွင်းခံတွေကို ကြိုက်ပါတယ်။ ကျွန်တော် အဲဒါတွေကို ကျွန်တေ်ာ့ရဲ ့ ကာမဆန္ဒတွေဖြေဖျောက်ဖို့ အသုံးချပါတယ်” လို့ Honma က ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁ လ ခန့်ကလည်း အတွင်းခံ သူခိုးတစ်ယောက်ဟာ Victoria’s Secret စတိုးဆိုင်ကနေ အတွင်းခံတွေခိုးယူသွားတာကို ဖမ်းမိခဲ့ရာကတစ်ဆင့် Pablo Munoz ဆိုသူ ထိုသူခိုးရဲ ့နေအိမ်မှာ စတာလင်ပေါင် ၁၈၀၀၀ တန်ဖိုးရှိတဲ့ အတွင်းခံပေါင်း ၁၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Credit: Thithtoolwin
အမ်ိဳးသမီး အတြင္းခံမ်ား လုိက္လံခိုးယူတဲ့ သူခိုးကို ဖမ္းမိ အမ်ိဳးသမီး အတြင္းခံမ်ား လုိက္လံခိုးယူတဲ့ သူခိုးကို ဖမ္းမိ Reviewed by Unknown on February 11, 2018 Rating: 5

No comments:

Powered by Blogger.