ကားမေတာ္တဆျဖစ္ပြားမွဳအေၾကာင္း  ခိုင္ႏွင္းေ၀ ေျပာျပ



သ႐ုပ္ေဆာင္ ခိုင္ႏွင္းေ၀ ကား Accident ျဖစ္ပြားခဲ႔တဲ႔အတြက္ ပရိသတ္ေတြက စိုးရိမ္ေနၾကၿပီး  ဒီအေၾကာင္း နဲ႔ ပက္သက္လို႔ အျပည္႔အစံု ကို သူမက MC သို႔ ေျပာျပခဲ႔ပါတယ္ ။

“ ျဖစ္တာက ဟိုဘက္ကားလမ္းမွာ တိုက္တာ ။ အစ္မတို႕ က ဒီဘက္ ကားလမ္းက ျပန္လာတာ သပ္သပ္စီ ။ ကားကိုေတာ႕ တားေနတာေပါ႔ ။ လူၾကိတ္မွာစိုးလိ႕ု ။  အစ္မတို႕ျပန္တဲ႔အခ်ိန္မွာၾကေတာ႕ လွည္႔ကင္းထင္ေနတာ။ လူေတြအမ်ားၾကီးလည္း လွမ္းတားတယ္။ ညကလည္း (၁၁) နာရီေလာက္ အေမ႔ ကိုေဆးခန္းျပၿပီးေတာ႔ သြန္းဆက္ ၊ ေနမင္း တို႔နဲ႔ ေဟာ႔ေပါ႔ေသာက္ၿပီးျပန္လာတာ။   ဒီအခ်ိန္ဆိုရင္ လွည္႔ကင္း႐ွိတတ္တယ္ ဆိုၿပီးေတာ႔ အ႐ွိန္ကိုေလ်ာ႕ၿပီးေတာ႔ အစ္မက ရပ္လိုက္တာ။  ေ႐ွ႔႕မွာလူေတြ ဘာျဖစ္လို႔လဲဆိုၿပီးေတာ႔ အ႐ွိန္ေလ်ာ႔တုန္း႐ွိေသးတယ္ အေနာက္က သဲကားကေန ၀င္ေစာင္႔တာ။ ၀င္ေစာင္႔တာ ႐ိုး႐ိုးတန္းတန္း ေစာင္႔တာမဟုတ္ပဲနဲ႔ HighSpeed နဲ႔ေစာင္႔လုိက္တာ။ အမွန္တစ္ကယ္က အေ႐ွ႕က ရပ္ေနတဲ႔ကားဘက္ကို တိုက္မိလိုက္လို႕ေပါ႔ ။ အဲ႔ကားကိုသာ မတိုက္မိဘူးဆိုရင္ အေ႐ွ႕မွာ လူေသလို႔ အံုၾကည္႔ေနတဲ႔  လူ(၃)၊ (၄) ေယာက္ေလာက္ကို ထပ္တိုက္မိၿပီး  အစ္မကားလည္း  ေမွာက္မယ္ေပါ႔။ ဒါေပမယ္႔ ဒီဘက္ကိုဆဲြလ ိုက္ေတာ႔ Taxi ကိုေနာက္ကေနေစာင္႔တာ။ အစ္မရဲ ႔ Alphard ကားေတာင္ တစ္၀က္ေလာက္ထိ စုတ္ျပတ္သတ္သြားတာ။ အစ္မကေတာ႕ ထိခိုက္ဒဏ္ရာမ႐ွိဘူး။ အေမကေတာ႔ ႏွာေခါင္းထဲက ေသြးထြက္ၿပီး လန္႔သြားတာေပါ႔။  ႏွလံုးေရာဂါ႐ွိေတာ႔ တစ္အားေၾကာက္သြားတယ္ ။ အစ္မလည္း တစ္ခုခုျဖစ္မွာ စိုးရိမ္သြားတာေပါ႔။ အေမက ကားနဲ႔ညပ္ေနေတာ ႔ခ်က္ခ်င္း မထြက္ႏိုင္ဘူး။ ဆီတိုင္ဂီေတြဘာေတြ ပြင္႔ရင္ေတာ႔ ႏွစ္ေယာက္စလံုးေသၿပီ။  အမႈကေတာ႕ ျဖစ္သြားတာေပါ႔ ။ အစ္မတို႔ကို (၅၁) လမ္း ရဲမွႈး ကဆက္သြယ္ပါတယ္။  ပရိသတ္ေတြလည္း စိတ္မပူပါနဲ႕လို႕ ေျပာခ်င္တယ္ ” လုိ႔ MyanmarCelebrity သို႔ေျဖၾကားခဲ႔ပါတယ္။ 







သရုပ္ေဆာင္ခိုင္ႏွင္းေ၀ကေဖေဖာ္၀ါရီ (၁) ရက္ေန႔ ည (၁၁) နာရိီအေက်ာ္က သာေကတ - အေနာ္မာ လမ္းမွာ ကားမေတာ္တဆ မွဳ ျဖစ္ပြားခဲ႔တာပဲျဖစ္ပါတယ္။  

SHARE FROM Myanmar Celebrity

ကားမတော်တဆဖြစ်ပွားမှုအကြောင်း ခိုင်နှင်းေ၀ ပြောပြ

သရုပ်ဆောင် ခိုင်နှင်းေ၀ ကား Accident ဖြစ်ပွားခဲ့တဲ့အတွက် ပရိသတ်တွေက စိုးရိမ်နေကြပြီး ဒီအကြောင်း နဲ့ ပက်သက်လို့ အပြည့်အစုံ ကို သူမက MC သို့ ပြောပြခဲ့ပါတယ် ။

“ ဖြစ်တာက ဟိုဘက်ကားလမ်းမှာ တိုက်တာ ။ အစ်မတို့ က ဒီဘက် ကားလမ်းက ပြန်လာတာ သပ်သပ်စီ ။ ကားကိုတော့ တားနေတာပေါ့ ။ လူကြိတ်မှာစိုးလိ့ု ။ အစ်မတို့ပြန်တဲ့အချိန်မှာကြတော့ လှည့်ကင်းထင်နေတာ။ လူတွေအများကြီးလည်း လှမ်းတားတယ်။ ညကလည်း (၁၁) နာရီလောက် အမေ့ ကိုဆေးခန်းပြပြီးတော့ သွန်းဆက် ၊ နေမင်း တို့နဲ့ ဟော့ပေါ့သောက်ပြီးပြန်လာတာ။ ဒီအချိန်ဆိုရင် လှည့်ကင်းရှိတတ်တယ် ဆိုပြီးတော့ အရှိန်ကိုလျော့ပြီးတော့ အစ်မက ရပ်လိုက်တာ။ ရှေ့့မှာလူတွေ ဘာဖြစ်လို့လဲဆိုပြီးတော့ အရှိန်လျော့တုန်းရှိသေးတယ် အနောက်က သဲကားကနေ ၀င်စောင့်တာ။ ၀င်စောင့်တာ ရိုးရိုးတန်းတန်း စောင့်တာမဟုတ်ပဲနဲ့ HighSpeed နဲ့စောင့်လိုက်တာ။ အမှန်တစ်ကယ်က အရှေ့က ရပ်နေတဲ့ကားဘက်ကို တိုက်မိလိုက်လို့ပေါ့ ။ အဲ့ကားကိုသာ မတိုက်မိဘူးဆိုရင် အရှေ့မှာ လူသေလို့ အုံကြည့်နေတဲ့ လူ(၃)၊ (၄) ယောက်လောက်ကို ထပ်တိုက်မိပြီး အစ်မကားလည်း မှောက်မယ်ပေါ့။ ဒါပေမယ့် ဒီဘက်ကိုဆွဲလ ိုက်တော့ Taxi ကိုနောက်ကနေစောင့်တာ။ အစ်မရဲ ့ Alphard ကားတောင် တစ်၀က်လောက်ထိ စုတ်ပြတ်သတ်သွားတာ။ အစ်မကတော့ ထိခိုက်ဒဏ်ရာမရှိဘူး။ အမေကတော့ နှာခေါင်းထဲက သွေးထွက်ပြီး လန့်သွားတာပေါ့။ နှလုံးရောဂါရှိတော့ တစ်အားကြောက်သွားတယ် ။ အစ်မလည်း တစ်ခုခုဖြစ်မှာ စိုးရိမ်သွားတာပေါ့။ အမေက ကားနဲ့ညပ်နေတော ့ချက်ချင်း မထွက်နိုင်ဘူး။ ဆီတိုင်ဂီတွေဘာတွေ ပွင့်ရင်တော့ နှစ်ယောက်စလုံးသေပြီ။ အမှုကတော့ ဖြစ်သွားတာပေါ့ ။ အစ်မတို့ကို (၅၁) လမ်း ရဲမှှုး ကဆက်သွယ်ပါတယ်။ ပရိသတ်တွေလည်း စိတ်မပူပါနဲ့လို့ ပြောချင်တယ် ” လို့ MyanmarCelebrity သို့ဖြေကြားခဲ့ပါတယ်။ 

သရုပ်ဆောင်ခိုင်နှင်းေ၀က ဖေဖော်ဝါရီ (၁) ရက်နေ့ ည (၁၁) နာရိီအကျော်က သာကေတ - အနော်မာ လမ်းမှာ ကားမတော်တဆ မှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။  

SHARE FROM Myanmar Celebrity
ကားမေတာ္တဆျဖစ္ပြားမွဳအေၾကာင္း  ခိုင္ႏွင္းေ၀ ေျပာျပ ကားမေတာ္တဆျဖစ္ပြားမွဳအေၾကာင္း  ခိုင္ႏွင္းေ၀ ေျပာျပ Reviewed by Unknown on February 01, 2018 Rating: 5

No comments:

Powered by Blogger.