လူကို မနာမကျင် ငါးမိနစ်အတွင်း ကိုယ့်ကိုယ်ကို သတ်သေနိုင်တဲ့စက်အား ဆရာဝန်တစ်ဦးမှ တီထွင်
လူတွေက သေဖို့ထက် နေဖို့ကို ပိုကြောက်နေပါတယ်။တချို့တွေရဲ့ ဖြေရှင်းနည်းကတော့ ကိုယ့်ကိုယ်ကို သတ်သေပြီးထွက်ပေါက်ရှာတာဖြစ်ပါတယ်။နေ့စဉ် လူတစ်ရာလောက်အထိ တိုးပြီး ကမ္ဘာမှာသတ်သေမှုနှုန်းများလာတယ်လို့ စစ်တမ်းကောက်မိပါတယ်။တကယ့်ကို ကြောက်မက်ဖွယ်ရာနှုန်းနဲ့ တနှစ်ထက် တနှစ် ပိုပိုတိုးလာတာဖြစ်ပါတယ်။လူတွေဟာ မနာကျင်ရဘူးဆိုရင် ပိုလို့တောင် သတ်သေပစ်လိုက်ဖို့ အလားအလာများပါတယ်။
ဒီလို မနာမကျင်သေနိုင်ဖို့ အကောင်အထည်ဖော်လိုက်သူကတော့ Philip Nitschke ဖြစ်ပြီး သူဟာ သင်မြင်ဖူးနေကျ လူကိုကယ်တဲ့ဆရာဝန်မဟုတ်ပဲ လူကိုသေစေနိုင်တဲ့ စက်ကို ထွင်လိုက်တဲ့ဆရာဝန်ဖြစ်ပါတယ်။သူ့ကို ဒေါက်တာသေမင်းလို့ ခေါ်ပြီး သူ့လက်ထဲ သေမင်းက သေစာရင်းစာအုပ်ထည့်ပေးလိုက်သလိုပါပဲ။
သူကတော့ လူတွေကို ငြိမ်းချမ်းစွာ ထွက်ခွာသွားစေချင်တဲ့ဆန္ဒနဲ့ ထွင်တာလို့ ပြောပါတယ်။သူဟာ ဒါကို 3D-printer အသုံးပြုပြီး ဒီဇိုင်းဖော်ကာ နိုက်ထရိုဂျင်အရည်တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ဒီအရည်တွေက လူတစ်ယောက်ကို သတ်ဖို့ ကောင်းကောင်းလုံလောက်ပါတယ်။လူတွေရဲ့ ပင်ပမ်းမွန်းကြပ်မှုတွေကို ငါးမိနစ်အတွင်း ဖြေလျော့ပေးနိုင်တယ်လို့ ဆိုပါတယ်။အဆိ်ုပါ စက်ဟာ သတ်သေမယ့်သူကို နာကျင်မှု လုံးဝမရှိအောင် လုပ်ပေးနိုင်တဲ့ စက်ဖြစ်ပါတယ်။
လူကို ငါးမိနစ်အတွင်း သေစေဖို့ အချိန်ပေးနိုင်သလို စက်မောင်းပြီးမှ မသေချင်တော့လို့ ပြန်ထွက်ချင်လည်း ရပါတယ်။ပြန်ထွက်လို့ မရရင်တော့ လူဟာ ငြိမ်းချမ်းစွာ သေဆုံးခြင်းမဟုတ်တော့ပဲ ကြောက်လန့်ခြင်း ရုန်းကန်ခြင်းတွေဖြစ်ရမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီစက်ဟာ 3D Print ကို အခြေခံတာဖြစ်လို့ လူဝင်တာနဲ့ သိနိုင်ပြီး နိုက်ထရိုဂျင်ထုတ်လွှတ်မှုကို S ဆိုတဲ့ အက္ခရာစာလုံး ခလုတ်နှိပ်တာနဲ့ စတင်ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။အချိန်တိုအတွင်း အောက်ဆီဂျင် ဆီကို ဖြေညှင်းစွာဖြတ်တောက်ပေးပြီး လူဟာ မေ့မြောသလိုဖြစ်ရာကနေ ညင်သာစွာ အသက်ထွက်သွားမှာဖြစ်ပါတယ်။
ဒါကို 24 နာရီအလုပ်လုပ်နိုင်အောင် အားသွင်းစနစ်ကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာသူအနေနဲ့ မိနစ်အနည်းငယ်လေးသာ ပိုကြာနိုင်ပေမယ့် မသေဖူးဆိုတာတော့ မရှိဘူးလို့ ပြောထားပါတယ်။လျှပ်စစ်ကုလားထိုင်တွေလိုပဲ အပိတ်ခံရဖို့ များပါတယ်။တကယ်တော့ သူဟာ လျှပ်စစ်ကုလားထိုင်လို လူကို သေစေလိုတဲ့ဆန္ဒနဲ့ ထုတ်တာပဲဖြစ်ပါတယ်။
နိုက်ထရိုဂျင်မြင့်လေ အောက်ဆီဂျင်နည်းလေဖြစ်ပြီး လူဟာ ဇီဝိန်ချုပ်သွားမှာဖြစ်ပါတယ်။သိပ်ကို လွယ်ကူတဲ့သေနည်းဖြစ်ပြီး သေခြင်းတရားဆီ ပေါ့ပေါ့ပါးပါးခရီးသွားနိုင်တယ်လို့ ပြောပါတယ်။
ဒါကို တီထွင်တဲ့ဆရာဝန်ကတော့ အသက် 70 ရှိပြီဖြစ်ပါတယ်။သူ့ရဲ့ တီထွင်မှုကို လွန်ခဲ့တဲ့ လအနည်းက ချပြခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ များစွာကြုံခဲ့ရပေမယ့် သူဟာ မတုန်လှုပ်ခဲ့ပါဘူး။သူ အပြောအရဆို အသက် 80 အရွယ် ပြင်သစ်အဖွားကြီးတစ်ဦးဟာ ဒီရောဂါတွေကို မခံစားချင်တော့ဘူး သေချင်တယ်လို့ပြောရာကနေ သူဟာ စိတ်ကူးရခဲ့တာဖြစ်ပြီး ထွင်ခဲ့တာဖြစ်လို့ ဆိုပါတယ်။
SHARE FROM ပြောချင်လွန်းလို့
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment