ပန်းကောင်းတစ်ပွင့် ကြွေလွင့်ခြင်း



‘‘လှည်းတန်းကို ရောက်နေပြီ’’ဟု သမီးဖြစ်သူနှင့် ည ၇ နာရီ ၄၅ မိနစ်တွင် ဖုန်းအဆက်အသွယ်ရခြင်းက သမီးနှင့် နောက်ဆုံးအဆက်အသွယ်ရခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက် ညက မရွှေ ရည်ဝင်း၏ ဖခင်တစ်ယောက် ကြို တင်မသိခဲ့ပေ။

ပုံမှန် အိမ်ပြန်ဝင်ချိန်ထက် နောက်ကျနေသည့် သမီးကို စိတ်ပူပြီး ဖုန်းခေါ်ဆိုကြည့်ရာ မရတော့သောကြောင့် ည ၁၁ နာရီတွင် ဒဂုံမြို့နယ်ရဲစခန်း၌ ချက်ချင်း လူ ပျောက်တိုင်ချက်ဖွင့်ခဲ့သည်။ သို့သော် သမီးကို အသက်ရှင်လျက် ပြန်မတွေ့ရတော့ဘူးဆိုသည့် အ တွေးမျိုး ထိုတစ်ညလုံး မိဘများ မတွေးရဲခဲ့ချေ။

မရွှေရည်ဝင်း ပျောက်ဆုံးပြီး နောက်တစ်နေ့နံနက်တွင် မြောက် ဥက္ကလာပဆေးရုံတွင် ရောက်ရှိနေ ကြောင်း သက်ဆိုင်ရာက ဆက် သွယ်လာသောအခါ သမီးဖြစ်သူ မတော်တဆမှုဖြင့် ဆေးရုံရောက် ရှိနေသည်ဟုသာ ထင်မှတ်ခဲ့သေးသည်။

သို့သော် မရွှေရည်ဝင်းသည် လူမဆန်စွာ သတ်ဖြတ်ခံရပြီး ကံမကောင်း အကြောင်းမလှစွာ သေဆုံးခဲ့ပြီဖြစ်သည်။ မရွှေရည်ဝင်းသည် လှည်းတန်း City Mart တွင် တနင်္ဂနွေနေ့၌ ဘုန်းတော်ကြီး ဆွမ်းလောင်းရန် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူပြီး တက္ကစီငှားစီးခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ ပစ္စုပ္ပန်ကုသိုလ်ကံသည် အမိုက် မှောင် ဖုံးလွှမ်းနေသူတစ်ဦး၏ အကုသိုလ်ကံအောက်တွင် အကျိုးပေးခွင့် မသာခဲ့ပေ။

‘‘အသတ်ခံရမယ့်နေ့က လည်း အလုပ်ကိစ္စနဲ့ထွက်ပြီး ညနေ ၃ နာရီလောက် ပြန်လာတယ်။ နောက် သူငယ်ချင်းတွေနဲ့ တွေ့ပြီးရင် တနင်္ဂနွေဆွမ်းလောင်းဖို့အတွက် လိုတဲ့ပစ္စည်း သွားဝယ် မယ်ဆိုပြီး ဦးလေးကိုပြောပြီးထွက် သွားတာ။ ပြန်မလာနိုင်တော့ဘူး ဖြစ်သွားတယ်’’ဟု မရွှေရည်ဝင်း၏ အစ်မဝမ်းကွဲက အသုဘရက်လည်တွင် ဝမ်းနည်းစွာပြောသည်။

သူသည် ဦးဝိစာရအိမ်ရာသို့ ပြောင်းရွှေ့လာချိန်ကစ၍ တနင်္ဂနွေနေ့ ကျားကူကျောင်း သံဃာတော်များ ဆွမ်းခံရက်တိုင်းတွင် အမြဲဆွမ်းလောင်းလှူသည်။ အလုပ်တာဝန်အရ နေပြည်တော် ပြောင်းရချိန်တွင် မလုပ်နိုင်ခဲ့သော် လည်း ရန်ကုန်သို့ အလုပ်ကိစ္စဖြင့် ပြန်လာရချိန် တနင်္ဂနွေနေ့များ တွင် မပျက်မကွက် ဆွမ်းလောင်း လှူကြောင်း သူ၏အစ်ကိုဝမ်းကွဲ က ဆိုသည်။

အသိဉာဏ်ကင်းမဲ့သူ တစ်ဦး၏ မိုက်မဲမှုအောက်တွင် ပန်း ကောင်းတစ်ပွင့် အညွန့်ကျိုးခဲ့ရ သည်။

သူသည် တစ်ဦးတည်းသော သမီးဖြစ်သည်နှင့်အညီ မိဘများ ၏ စည်းကမ်းသတ်မှတ်ချက်များ၊ ဆိုဆုံးမမှုများအပေါ် အမြဲတစေ လိုက်နာသူတစ်ဦးဖြစ်သည်။ ညီ အစ်ကို မောင်နှမ ဝမ်းကွဲများအ ပေါ်၌လည်း ညှာတာသူဖြစ် ကြောင်း အစ်မဝမ်းကွဲတော်စပ်သူကဆိုသည်။ မရွှေရည်ဝင်း၏ မိဘများသည် ဘာသာတရား ကိုင်းရှိုင်းသည်နှင့်အညီ သူသည် လည်း ကိုးတန်းကျောင်းသူအရွယ် တွင် သာသနာ့နွယ်ဝင် သီလရှင် အဖြစ် ခံယူခဲ့သည်။ သင်္ကြန်ကာ လ ရုံးပိတ်ရက်များတွင်လည်း ပဲခူး မဟာစည်သာသနာ့ရိပ်သာ၌ ၁၀ ရက် တရားစခန်းကို မိဘများနှင့်အတူ ဝင်ရောက်တရားအားထုတ်ခြင်းများလည်းရှိကြောင်း သူ၏ မိသားစုဝင်များကဆိုသည်။













ရွှေရည်က ငယ်ငယ်လေး ကတည်းက ဘာသာရေးလုပ် တယ်။ ပဋ္ဌာန်းလည်း ရွတ်တယ်။ မိသားစုတွေနဲ့ စုပေါင်းပြီး အလှူ လည်းလုပ်တယ်’’ဟု သူ၏အစ်ကို ဝမ်းကွဲကပြောသည်။

မရွှေရည်ဝင်း၏ မိဘများက ည ၈ နာရီနောက်ပိုင်း အပြင်ထွက် ခြင်းကို သဘောမကျသလို သူ ကိုယ်တိုင်ကလည်း အပြင်ထွက်ပါက ည ၇ နာရီခွဲ နောက်ဆုံးထား အိမ်အရောက် ပြန်လာတတ် သည်။ နောက်ကျသောနေ့များ တွင်လည်း သူ၏ဖခင် (သို့မဟုတ်) ဦးလေးက အမြဲကြိုပို့ကြောင်း ၎င်း ကပြောသည်။

ရွှေရည်က တက္ကစီစီးတာ နည်းတယ်။ စီးရင်လည်း အိမ်က မိသားစုကို ဘယ်ခရီး ဘယ် လောက်ကျလဲ ဈေးနှုန်းမေးတယ်။ အခုလည်း ပစ္စည်းတွေပါလို့ တက္ကစီ စီးတာ’’ဟု ဝမ်းကွဲအစ်ကိုက ပြောသည်။

မရွှေရည်ဝင်းသည် ဖခင်နှင့် နောက်ဆုံး အဆက်အသွယ်ရခဲ့ သော ဖုန်းမှတစ်ဆင့် လူသတ် တရားခံကို ဖမ်းမိခဲ့သည်။

သို့သော် တစ်ဦးတည်း ကျူး လွန်ခြင်းဟု မိသားစုဝင်များက မယုံကြည်ပေ။

မရွှေရည်ဝင်းသည် ၁၉၉၂ တွင် တောင်ငူမြို့၌ မွေးဖွားခဲ့ပြီး ဒုတိယတန်းအထိ ပညာသင်ကြားခဲ့သည်။ ဝန်ထမ်းမိဘများနှင့်အတူ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့ကာ အဋ္ဌမတန်းအထိ တက်ရောက်အောင် မြင်ခဲ့သည်။ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းကို ကျောက်တံတားမြို့နယ်တွင် ဖြေဆိုအောင်မြင်ခဲ့သည်။

ထို့နောက် ၂၀၀၅ ကစ၍ မရွှေရည်ဝင်းတို့မိသားစုသည် ဒဂုံ မြို့နယ် ဦးဝိစာရအိမ်ရာတွင် နေ ထိုင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း အမှတ်ကောင်း နှင့် အောင်မြင်ခဲ့ပြီး ကုန်ထုတ် ဓာတုဗေဒဘာသာရပ်ကို ဒဂုံတက္က သိုလ်၌ တက်ရောက်ကာ မဟာ တန်းအထိ လေ့လာသင်ကြားခဲ့ သည်။

မရွှေရည်ဝင်းသည် ဘွဲ့ရပြီး နောက် သောက်ရေသန့်ကုမ္ပဏီ တစ်ခုတွင် ရေသန့်စစ်ဆေးရေး အပိုင်း၌ ဝင်ရောက်အလုပ်လုပ် ကိုင်ပြီး ကိုးလအကြာတွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန(FDA)က အလုပ်ခေါ်ယူ မှုကို တွေ့ရှိကာ ဝင်ခွင့်အောင်မြင်ပြီး ဒုကြီးကြပ်ရေးမှူးအဖြစ် ၂၀၁၆ နိုဝင်ဘာ ၁ ရက်က စတင် အလုပ်ဝင်ခဲ့ကြောင်း မိသားစုဝင် များကဆိုသည်။ ယင်းအလုပ် သည် သူဝါသနာပါရာ အလုပ်ဖြစ် သလို မိဘများကလည်း အစိုးရဝန်ထမ်း အလုပ်ကို အားပေးခြင်း ကြောင့် ဝင်ရောက်လုပ်ကိုင်ရင်း နေပြည်တော်တွင် တာဝန်ကျနေ သော မိခင်နှင့်အတူ နေထိုင်ခဲ့ ကြောင်း အစ်မဝမ်းကွဲက ပြော သည်။

ရွှေရည်က စူးစမ်းလေ့လာ တဲ့အလုပ်ကို ဝါသနာပါတယ်။ သဘောလည်းကျတယ်’’ဟု ၎င်း ကပြောသည်။

မရွှေရည်ဝင်းသည် လုပ်ငန်း ခွင်တွင်လည်း အထက်လူကြီးများ ၏ ချစ်ခင်အားကိုးခြင်းခံရသလို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ အပေါ်၌လည်း သည်းခံစိတ်ရှိသူ ဖြစ်ကြောင်း သူ၏လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကပြောသည်။

ရွှေရည်က သူ့ကို လူကြီးက အလုပ်နဲ့ပတ်သက်ပြီး နှစ်ခု၊ သုံးခု ခိုင်းလည်း မငြင်းဘူး။ ပြီးအောင် လုပ်တယ်။ အလုပ်ထဲမှာ ဘယ်သူ နဲ့မှ ရန်ဖြစ်တာ၊ ဆဲဆိုတာ မရှိဘူး’’ဟု လုပ်ဖော်ကိုင်ဖက် သူငယ် ချင်းကဆိုသည်။

ယခုကဲ့သို့ မရွှေရည်ဝင်း အသတ်ခံရမှုအပေါ် လုပ်ဖော်ကိုင် ဖက် မိတ်ဆွေများနှင့် အထက်လူ ကြီးများ များစွာစိတ်မကောင်းဖြစ်ရပြီး သူ့အတွက် နေပြည်တော်၌လည်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း သူ၏သူငယ်ချင်းက ပြောကြား သည်။

မရွှေရည်ဝင်းသည် သူငယ် ချင်းနှင့် လာမည့်နှစ်တွင် စာပေဆိုင်ရာ ဒေါက်တာဘွဲ့ကို ထပ်မံဖြေဆိုရန် ကြိုးစားနေသူလည်း ဖြစ်သည်။

သူသည် မိသားစုများနှင့် ခရီးဝေးသွားလာခြင်းများ မရှိ သလို လုပ်ငန်းခွင်ဝင်ရာက်ချိန်၌ ဌာနက ပို့ပေးသော ပြင်ဦးလွင် ခရီးတစ်ခုသာ ခရီးထွက်ခဲ့သည်။ သို့ဖြစ်ရာ လာမည့်မတ်လတွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများဖြင့် ငပလီကမ်းခြေသို့ ခရီးထွက်ရန် ကြိုတင်စီစဉ်ထား ကြောင်း သူ၏သူငယ်ချင်းက မျက်ရည်များဖြင့်ဆိုသည်။

မရွှေရည်ဝင်း၏ နောက်ဆုံး ခရီးကို ဇန်နဝါရီ ၂၃ ရက်တွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြုင်္ိဟ်ရာ၌ သူ့ကိုချစ်သော မိဘဆွေမျိုးများနှင့် လုပ်ငန်းခွင်မှ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ သူ သေဆုံးမှုအပေါ် စာနာသနားသူများစွာ လိုက်ပါပို့ဆောင်ခဲ့သည်။

သူသည် ရန်ကုန်သို့ ခွင့်ဖြင့် ပြန်လာခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်တွင် နေပြည်တော်သို့ မူလ တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်ခွင့်ပြုရန် ဌာနမှ ထွက်ခွာခွင့်အစီရင်ခံစာ တင်ခဲ့ကြောင်း သူ၏ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

သို့သော် သူသည် နေပြည် တော်သို့ မပြန်နိုင်တော့ဘဲ ကျန်ရှိ နေသော လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်များနှင့် ချစ်ခင်သူ အားလုံးကို ထားရစ်ခဲ့ရသည်။ သို့ဖြစ်ရာ သူ၏ အထက်လူကြီး ကိုယ်တိုင် ရန်ကုန်သို့ လာရောက် ကာ သူ့နောက်ဆုံးခရီးကို လိုက် ပါပို့ဆောင်ရင်း ဌာနအမိန့် ပြန် တမ်း ထုတ်ပြန်ဖတ်ဆိုခဲ့ရသည်။

‘‘သမီး ရန်ကုန်မဆင်းခင်က ဆရာ့ကို မနက်ဖြန်ပြန်လာခဲ့မယ် လို့ စာတင်သွားခဲ့တယ်နော်။ အခု တော့ ဒီနေ့ပဲ ဆရာက သမီးရှိတဲ့ နေရာကိုလာပြီး သမီးပြန်လာစရာ မလိုတော့ဘူးလို့ ကိုယ်တိုင်လာ ပြောခဲ့ရပြီလေ။ သမီးရဲ့လိပ်ပြာ လေး အကောင်းဆုံး ပျံသန်းလိုက်ပါ။ ဆရာ တစ်သက်ပြုခဲ့သမျှ ကုသိုလ်အဖို့ဘာဂအစုစုကို သမီးကို အမျှပေးပါတယ်။ သာဓုခေါ်နော်။ တို့တွေ နောက်ဆုံးခင်းခဲ့တဲ့ ကထိန်အလှူကုသိုလ်လည်း သမီးနဲ့အတူပါမှာ စိတ်ချထား။ အ တိတ်ဝဋ်ကြွေး ပါခဲ့တယ်ဆိုရင် လည်း ဒါအကုန်ဆပ်ခဲ့တာလို့ပဲ မှတ်လိုက်ပါတော့မယ် ကလေး ရေ’’ဟု မရွှေရည်ဝင်း သေဆုံးမှုအပေါ် ဆရာဖြစ်သူက သူ၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

 SHARE FROM 7 day news 
ပန်းကောင်းတစ်ပွင့် ကြွေလွင့်ခြင်း ပန်းကောင်းတစ်ပွင့် ကြွေလွင့်ခြင်း Reviewed by Unknown on February 02, 2018 Rating: 5

No comments:

Powered by Blogger.