Kati Pohler ဆိုသူ မိန္းကေလး ကို တရုတ္ျပည္မွာ ေမြးဖြားျပီး အသက္ ၁ ႏွစ္ သာသာ အရြယ္မွာ အေမရိကန္စံုတြဲက ေမြးစားခဲ့ပါတယ္။ ေမြးစားမိဘေတြက သူူမကို အေမရိကန္ Michigan ျမိဳ႕ ဆီ ေခၚေဆာင္သြားခဲ့ပါတယ္။မိသားစုအသစ္မွာ အကို ႏွစ္ေယာက္ရခဲ့ျပီး သူမကို ဂရုစိုက္ျပီး ခ်စ္ေပးတဲ့ မိသားစုေလးမွာ ေနထိုင္ခြင့္ရခဲ့ပါတယ္။
အံ့အားသင့္ဖြယ္ သတင္းတစ္ခုကိုေတာ့ သူမအသက္ ၂၁ ႏွစ္အရြယ္မွာ ၾကားသိခဲ့ရပါတယ္။ တရုတ္ျပည္က မိဘအရင္းေတြက သူမ ျပန္လာမယ့္ အခ်ိန္ကို ေစာင့္ေနတယ္ဆုိတဲ့ သတင္းပါ။
ဘာေၾကာင့္ katie မိဘေတြက သမီးျဖစ္သူကို ေမြးစားမိဘေတြလက္ထဲထည့္လိုက္လဲ လို႕ စာဖတ္သူေတြအံ့ၾသေနမွာေပါ့။ အေၾကာင္းရင္းကို ျပန္ေျပာရမယ္ဆိုရင္ေတာ့ ၁၉၉၅ ခုႏွစ္ကို ျပန္သြားရမယ္ဗ်။ Xu Lida ႏွင့္ Qian Fenxiang တို႕ဇနီးေမာင္ႏွံဟာ သူတို႕ရဲ႕ သမီးေလးကို စြန္႕ပစ္ရံုမွတစ္ပါးတျခားေရြးခ်ယ္စရာ မရွိေတာ့ပါဘူး။ သားဦးသမီးေလးလည္းရွိေနျပီ ျဖစ္တာေၾကာင့္ တရုတ္ ႏိုင္ငံရဲ႕ တစ္အိမ္ေထာင္ ကေလးတစ္ေယာက္ မူဝါဒအရ ဥပေဒကို ခ်ိဳးေဖာက္ျပီး ဒုတိယသမီးေလးကို ေမြးထားဖို႕ အဆင္မေျပတဲ့ အတြက္ပါ။
Katie ကိုေမြးဖြားတုန္းက အိမ္နီးခ်င္းေတြနဲ႕ ျမိဳ႕နယ္အရာရွိေတြ သိသြားမွာစိုးတဲ့အတြက္ ေလွေပၚမွာ ေမြးဖြားခဲ့ရတာပါ။ ၃ရက္ၾကာျပီးေနာက္မွာ သူမအေဖက သူမအတြက္ ႏို႕ဗူးေလးျပင္ဆင္ေပးလိုက္ျပီး သူမကိုဖြဖြေလး နမ္းခဲ့ပါတယ္။ ျပီးတဲ့ေနာက္မွာေတာ့ သူမကို ေစ်းထဲမွာ ခ်ထားခဲ့လိုက္ပါတယ္။အနာဂတ္မွာ သူမသမီးေလးနဲ႕ ျပန္လည္ဆံုေတြ႕ခြင့္ရႏိုင္မွာဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ပါ။
ႏွစ္ေတြၾကာျပီးတဲ့ေနာက္ သူဝန္ခံေျပာၾကားခဲ့တာက သူ႕သမီးေလးနဲ႕ပတ္သက္တဲ့ အမွတ္တရကေတာ့ ေစ်းထဲမွာ ထားခဲ့တုန္းက ေအာ္ငိုေနတဲ့ အသံပါတဲ့။ ေစ်းထဲမွာ ခ်ထားခဲ့တုန္းက သူမအေဖက စာေလးတစ္ေစာင္သူမနားမွာ ထားခဲ့ပါတယ္။ ဒီစာကို သူမ အသက္ ၂၁ ႏွစ္အရြယ္မွာ ေသခ်ာသိခြင့္ရခဲ့ပါတယ္။စာထဲမွာ သူမအေဖအရင္းက သမီးေလးကို စြန္႕ပစ္ခဲ့ရတဲ့ အေၾကာင္းရင္း ႏွင့္ တကယ္လို႕ သူ႕သမီးေလးကို ေမြးစားသြားခဲ့သူေတြရွိရင္လည္း ၁၀ ႏွစ္ ဒါမွ မဟုတ္ အႏွစ္ ၂၀ ၾကာရင္ သမီးေလးနဲ႕ Hangzou ျမိဳ႕က တံတားေပၚမွာ ျပန္လည္ ေတြ႕ဆံုခြင့္ေပးဖို႕ ေတာင္းဆိုထားခဲ့တာပါ။
ဒီစာေလးကိုဖတ္ျပီးတဲ့ေနာက္ Katie က တရုတ္ျပည္ကိုသြားျပီး မိဘအရင္းေတြကိုေတြ႕ဖို႕ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ စာထဲမွာ ေရးထားတဲ့ တံတားေလးမွာပဲ သားအမိ သားအဖေတြ ျပန္လည္ ဆံုစည္းခြင့္ရခဲ့ပါတယ္။ Katie က သူမရဲ႕ အမၾကီး Xiao chen နဲ႕လည္း ေတြ႕ဆံုခဲ့ရပါတယ္။ ရက္အနည္းငယ္အတြင္းမွာပဲ မိသားစုေတြ ခင္မင္မႈေတြ ပိုတိုးလာခဲ့ပါတယ္။
ဒါေပမဲ့လည္း Katie က သူမရဲ႕ အိမ္ရွိရာ Michigan ဆီ ျပန္သြားခဲ့ပါတယ္။မိဘအရင္း ၊ အမျဖစ္သူနဲ႕ ေတာ့ အဆက္အသြယ္ လုပ္ျဖစ္ပါတယ္။ အခုလက္ရွိသူမက Mandarin ဘာသာစကားကို သင္ယူေနတာျဖစ္လို႕ တစ္ေန႕က်ရင္ ဘာသာျပန္မလိုဘဲ သူတို႕မိသားစုေတြ တစ္ေယာက္ကိုတစ္ေယာက္ ပိုျပီး နားလည္သြားၾကမွာပါ။
May Moe(ရိုးရာေလး)
၂၂ နှစ်ကြာမှ မိဘအရင်းနဲ့ ပြန်လည်ဆုံစည်းခွင့်ရတဲ့ မိန်းကလေး
Kati Pohler ဆိုသူ မိန်းကလေး ကို တရုတ်ပြည်မှာ မွေးဖွားပြီး အသက် ၁ နှစ် သာသာ အရွယ်မှာ အမေရိကန်စုံတွဲက မွေးစားခဲ့ပါတယ်။ မွေးစားမိဘတွေက သူူမကို အမေရိကန် Michigan မြို့ ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။မိသားစုအသစ်မှာ အကို နှစ်ယောက်ရခဲ့ပြီး သူမကို ဂရုစိုက်ပြီး ချစ်ပေးတဲ့ မိသားစုလေးမှာ နေထိုင်ခွင့်ရခဲ့ပါတယ်။
အံ့အားသင့်ဖွယ် သတင်းတစ်ခုကိုတော့ သူမအသက် ၂၁ နှစ်အရွယ်မှာ ကြားသိခဲ့ရပါတယ်။ တရုတ်ပြည်က မိဘအရင်းတွေက သူမ ပြန်လာမယ့် အချိန်ကို စောင့်နေတယ်ဆိုတဲ့ သတင်းပါ။
ဘာကြောင့် katie မိဘတွေက သမီးဖြစ်သူကို မွေးစားမိဘတွေလက်ထဲထည့်လိုက်လဲ လို့ စာဖတ်သူတွေအံ့သြနေမှာပေါ့။ အကြောင်းရင်းကို ပြန်ပြောရမယ်ဆိုရင်တော့ ၁၉၉၅ ခုနှစ်ကို ပြန်သွားရမယ်ဗျ။ Xu Lida နှင့် Qian Fenxiang တို့ဇနီးမောင်နှံဟာ သူတို့ရဲ့ သမီးလေးကို စွန့်ပစ်ရုံမှတစ်ပါးတခြားရွေးချယ်စရာ မရှိတော့ပါဘူး။ သားဦးသမီးလေးလည်းရှိနေပြီ ဖြစ်တာကြောင့် တရုတ် နိုင်ငံရဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒအရ ဥပဒေကို ချိုးဖောက်ပြီး ဒုတိယသမီးလေးကို မွေးထားဖို့ အဆင်မပြေတဲ့ အတွက်ပါ။
Katie ကိုမွေးဖွားတုန်းက အိမ်နီးချင်းတွေနဲ့ မြို့နယ်အရာရှိတွေ သိသွားမှာစိုးတဲ့အတွက် လှေပေါ်မှာ မွေးဖွားခဲ့ရတာပါ။ ၃ရက်ကြာပြီးနောက်မှာ သူမအဖေက သူမအတွက် နို့ဗူးလေးပြင်ဆင်ပေးလိုက်ပြီး သူမကိုဖွဖွလေး နမ်းခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ သူမကို ဈေးထဲမှာ ချထားခဲ့လိုက်ပါတယ်။အနာဂတ်မှာ သူမသမီးလေးနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရနိုင်မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
နှစ်တွေကြာပြီးတဲ့နောက် သူဝန်ခံပြောကြားခဲ့တာက သူ့သမီးလေးနဲ့ပတ်သက်တဲ့ အမှတ်တရကတော့ ဈေးထဲမှာ ထားခဲ့တုန်းက အော်ငိုနေတဲ့ အသံပါတဲ့။ ဈေးထဲမှာ ချထားခဲ့တုန်းက သူမအဖေက စာလေးတစ်စောင်သူမနားမှာ ထားခဲ့ပါတယ်။ ဒီစာကို သူမ အသက် ၂၁ နှစ်အရွယ်မှာ သေချာသိခွင့်ရခဲ့ပါတယ်။စာထဲမှာ သူမအဖေအရင်းက သမီးလေးကို စွန့်ပစ်ခဲ့ရတဲ့ အကြောင်းရင်း နှင့် တကယ်လို့ သူ့သမီးလေးကို မွေးစားသွားခဲ့သူတွေရှိရင်လည်း ၁၀ နှစ် ဒါမှ မဟုတ် အနှစ် ၂၀ ကြာရင် သမီးလေးနဲ့ Hangzou မြို့က တံတားပေါ်မှာ ပြန်လည် တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားခဲ့တာပါ။
ဒီစာလေးကိုဖတ်ပြီးတဲ့နောက် Katie က တရုတ်ပြည်ကိုသွားပြီး မိဘအရင်းတွေကိုတွေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ စာထဲမှာ ရေးထားတဲ့ တံတားလေးမှာပဲ သားအမိ သားအဖတွေ ပြန်လည် ဆုံစည်းခွင့်ရခဲ့ပါတယ်။ Katie က သူမရဲ့ အမကြီး Xiao chen နဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ မိသားစုတွေ ခင်မင်မှုတွေ ပိုတိုးလာခဲ့ပါတယ်။
ဒါပေမဲ့လည်း Katie က သူမရဲ့ အိမ်ရှိရာ Michigan ဆီ ပြန်သွားခဲ့ပါတယ်။မိဘအရင်း ၊ အမဖြစ်သူနဲ့ တော့ အဆက်အသွယ် လုပ်ဖြစ်ပါတယ်။ အခုလက်ရှိသူမက Mandarin ဘာသာစကားကို သင်ယူနေတာဖြစ်လို့ တစ်နေ့ကျရင် ဘာသာပြန်မလိုဘဲ သူတို့မိသားစုတွေ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်သွားကြမှာပါ။
May Moe(ရိုးရာလေး)
၂၂ ႏွစ္ၾကာမွ မိဘအရင္းနဲ႕ ျပန္လည္ဆံုစည္းခြင့္ရတဲ့ မိန္းကေလး
Reviewed by Unknown
on
February 10, 2018
Rating:
No comments:
Post a Comment