အပုပ္နံ႕ထြက္လာလို႔ ေသဆုံးေနမွန္းသိခဲ့ရတဲ့ အသက္(၈၀)အ႐ြယ္အဖြား



ေဖေဖာ္ဝါရီ(၁၂)ရက္ေန႕၊မေန႕ကည(၈)နာရီအခ်ိန္၊ ရန္ကုန္တိုင္းေဒသႀကီး၊ပုဇြန္ေတာင္ၿမိဳ႕နယ္တြင္ လူေသ အေလာင္းတစ္ေလာင္းေတြ႕ ရွိခဲ့ရတယ္လို႔ သိရပါတယ္။ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ မဟာေဇယ်လမ္းရွိ တိုက္အမွတ္(၁၀) ၃ လႊာတြင္ ေတြရွိခဲ့ရတာျဖစ္တယ္လို႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ ရဲစခန္းမွရဲအရာရွိတစ္ဦးက ေျပာပါတယ္။အဆိုပါ ေသဆုံးသူကေတာ့ အသက္ ၈၀ ဝန္းက်င္ အမ်ိဳးသမီးျဖစ္ၿပီး တစ္ဦးတည္းေနထိုင္သူ ျဖစ္တယ္လို႔ ကနဦးသတင္းမ်ားအရသိရပါတယ္။  

အဆိုပါလူေသဆုံးမႈ ျဖစ္စဥ္သတင္းရရွိတာေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးခဲ့ရာ ေနအိမ္တိုက္ခန္းရဲ႕ အိမ္ေရွ႕ဘုရားခန္းတြင္ ေသဆုံးသူအမ်ိဳးသမီးအေလာင္းကို ေတြ႕ရွိခဲ့ရတာ ျဖစ္တယ္လို႔ သိရပါတယ္။၎ေသဆုံးသူ အမ်ိဳးသမီးအေလာင္းကေတာ့ ဘုရားခန္းအတြင္း ပလက္အေနအထား ေသဆုံးေန ခဲ့တာ ျဖစ္တယ္လို႔ ကနဦးသတင္းမ်ားအရ သိရပါတယ္။ေသဆုံးသူအမ်ိဳးသမီးကိုေတာ့ လြန္ခဲ့တဲ့ ၂ရက္ ၃ရက္ကတည္းက အျပင္ထြက္တာ မေတြ႕ရဘဲ ေလွကားတြင္ အပုတ္နံ႕ရရွိတာေၾကာင့္ ရပ္ကြက္ အုပ္ခ်ဳပ္ေရး မႉးနဲ႕ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကိုဆက္သြယ္အေၾကာင္းၾကား ရွာေဖြခဲ့တာ ျဖစ္တယ္လို႔ အိမ္နီးနားျခင္းမ်ား ကေျပာပါ တယ္။  







လက္ရွိမွာေတာ့ ေသဆုံးသူအေလာင္းကို ရန္ကုန္ ေဆး႐ုံႀကီးသို႔ ပိုေဆာင္ထားၿပီး ဓမၼအတာအတိုင္းေသဆုံးမႈ ဟုတ္မဟုတ္စစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။ဆက္လက္ၿပီး အမႈမွန္ေပၚေပါက္ေရးအတြက္ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ဆက္လက္စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္သြားမယ္လို႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ ရဲစခန္းမွရဲအရာရွိတစ္ဦးက ေျပာပါတယ္။

သတင္းအရင္းအျမစ္ - AKoneThi 

အပုပ်နံ့ထွက်လာလို့ သေဆုံးနေမှန်းသိခဲ့ရတဲ့ အသက်(၈၀)အရွယ်အဖွား

ဖေဖော်ဝါရီ(၁၂)ရက်နေ့၊မနေ့ကည(၈)နာရီအချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်တွင် လူသေ အလောင်းတစ်လောင်းတွေ့ ရှိခဲ့ရတယ်လို့ သိရပါတယ်။ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ မဟာဇေယျလမ်းရှိ တိုက်အမှတ်(၁၀) ၃ လွှာတွင် တွေရှိခဲ့ရတာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောပါတယ်။အဆိုပါ သေဆုံးသူကတော့ အသက် ၈၀ ဝန်းကျင် အမျိုးသမီးဖြစ်ပြီး တစ်ဦးတည်းနေထိုင်သူ ဖြစ်တယ်လို့ ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါလူသေဆုံးမှု ဖြစ်စဉ်သတင်းရရှိတာကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်တိုက်ခန်းရဲ့ အိမ်ရှေ့ဘုရားခန်းတွင် သေဆုံးသူအမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။၎င်းသေဆုံးသူ အမျိုးသမီးအလောင်းကတော့ ဘုရားခန်းအတွင်း ပလက်အနေအထား သေဆုံးနေ ခဲ့တာ ဖြစ်တယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။သေဆုံးသူအမျိုးသမီးကိုတော့ လွန်ခဲ့တဲ့ ၂ရက် ၃ရက်ကတည်းက အပြင်ထွက်တာ မတွေ့ရဘဲ လှေကားတွင် အပုတ်နံ့ရရှိတာကြောင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ကိုဆက်သွယ်အကြောင်းကြား ရှာဖွေခဲ့တာ ဖြစ်တယ်လို့ အိမ်နီးနားခြင်းများ ကပြောပါ တယ်။  

လက်ရှိမှာတော့ သေဆုံးသူအလောင်းကို ရန်ကုန် ဆေးရုံကြီးသို့ ပိုဆောင်ထားပြီး ဓမ္မအတာအတိုင်းသေဆုံးမှု ဟုတ်မဟုတ်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ဆက်လက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောပါတယ်။

သတင်းအရင်းအမြစ် - AKoneThi 
အပုပ္နံ႕ထြက္လာလို႔ ေသဆုံးေနမွန္းသိခဲ့ရတဲ့ အသက္(၈၀)အ႐ြယ္အဖြား အပုပ္နံ႕ထြက္လာလို႔ ေသဆုံးေနမွန္းသိခဲ့ရတဲ့ အသက္(၈၀)အ႐ြယ္အဖြား Reviewed by Unknown on February 12, 2018 Rating: 5

No comments:

Powered by Blogger.