လူတိုင္းဟာ အခ်စ္ဦးနဲ႔ လက္တြဲခြင့္မရတတ္ၾကပါဘူး။ အခ်စ္ဦးတင္မဟုတ္ပဲ။ တစ္ခါတစ္ေလ အခ်စ္ဆံုးဆိုသူေတြနဲ႔
လည္းကြဲကြာတတ္ၾကပါတယ္။ ဒီလိုကြဲကြာတဲ့အခိုက္အတန္႕မွာ ခံစားရတဲ့ေဝဒနာမ်ိဳးဟာ ေျပာမျပတတ္ေလာက္ေအာင္
နာက်င္ရပါတယ္။ အခ်ိဳ႕သူေတြကေတာ့ ႏွစ္အနည္းငယ္အၾကာမွာ အနည္က်သြားေပမယ့္ အခ်ိဳ႕သူေတြကေတာ့နွစ္ေတြ
အမ်ားၾကီးၾကာသြားတာေတာင္ အနည္မထိုင္ပဲရွိေနတတ္ပါတယ္။ အသဲကြဲျခင္းက ေရရွည္ျဖစ္ေနျပီး မိမိကိုယ္ကိုု လြင့္
ခ်င္ရာလြင့္ပါေစဆိုျပီး ေမွ်ာထားတဲ့ေလွတစ္စင္းလိုျပဳမူေနရင္ေတာ့ သင့္ဘဝကို အျမန္ဆံုုးျပဳျပင္သင့္ပါျပီ။ ေအာက္ပါ
အခ်က္ေတြက သင့္ရ့ဲအခ်စ္ရဆံုးကို ခ်က္ခ်င္းၾကီးေမ့ေအာင္ေတာ့ မကူညီနုုိင္ေပမယ့္ အခ်ိန္အျမန္ဆံုးေမ့ေအာင္ၾကိဳး
စားတဲ့ေနရာမွာေတာ့ ကူညီေပးနုုိင္ပါလိမ့္မယ္။
(၁) ပထမဆံုးသင္သတိရဖို႔က အခိ်န္ေတြအမ်ားၾကီးရွိေသးတယ္ဆိုတာပါပဲ။
သင့္ရဲ့အခ်စ္ဆံုးကို ဘယ္ေလာက္ၾကာရင္ ေမ့နုုိင္ေအာင္ၾကိဳးစားမယ္ဆိုုျပီး ပံုေသၾကီးခ်မထားပါနဲ႕။ ဒီအခ်က္ကသူ႕ကို
ပိုျပီးသတိရေစပါတယ္။ အခ်ိန္ကတျဖည္းျဖည္းကုစားသြားမယ္ဆိုေပမယ့္ အဲ့ဒိအခ်ိန္ဆိုတာၾကီးကို ခဏခဏေခါင္းထဲ
မေရာက္ပါေစနဲ႔။ သင္ကအခ်ိန္ကာလာအကန္႔အသတ္ေပးထားရင္ အခ်ိန္ျပည့္လို႔ မေမ့နုုိင္ေသးရင္ ပိုုျပီးေတာ့ေတာင္
သူက စိတ္ထဲေရာက္လာနုုိင္ပါတယ္။ အခုကစျပီး အခ်ိန္ကာလအေၾကာင္းက ခဏေမ့ထားပါ။
(၂) အျပည့္အဝနာက်င္လိုက္ပါ။
အသဲကြဲရင္ ရင္ကြဲမတတ္ခံစားရတာ သင္တစ္ေယာက္ထဲမဟုတ္ပါဘူး။ ရင္ဘတ္ထဲ ဘာလိုလို႔လိုေနမွန္းမသိျခင္း၊
အထီးက်န္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ ေမွ်ာ္လင့္ခ်က္မဲ့သြားျခင္း စတာေတြဟာ အသဲကြဲတဲ့သူတိုုင္းခံစားရပါတယ္။ ဒီ
အတြက္ သင္အၾကာၾကီးေတာ့ အခ်ိန္မယူမိပါေစနဲ႔။ ဒါေပမယ့္ နာက်င္တဲ့အခ်ိန္မွာေတာ့အျပည့္အဝနာက်င္လိုက္ပါ။
ဖြင့္ေျပာမယ့္ သူငယ္ခ်င္းရွိရင္ ဖြင့္ေျပာလုိက္ပါ။ မရွိရင္ စာအုပ္ထဲမွာ ခ်ေရးပါ။
(၃) ေနာက္တစ္ဆင့္အေနနဲ႔ သင့္ရဲ့အဆက္ေဟာင္းကို မျမင္ေအာင္ေနပါ။
သင့္အဆက္ေဟာင္းရဲ့ Facebook ကို ဘေလာ့့ပါ။ ေနာက္ဆံုုးစိတ္မထိန္းနုုိင္ရင္ ကိုယ့္အေကာင့္ပါ Delete လုပ္
ျပီး Facebook မသံုးပဲေနပါ။ ဖုန္းနံပါတ္၊ viberစတာေတြက အခ်စ္ေဟာင္းရဲ့အၾကြင္းအက်န္ေတြကို ျဖတ္ပစ္ပါ။
သူေပးထားတဲ့ လက္ေဆာင္ေတြအားလံုးလႊင့္ပစ္ပါ။ ဘာဆိုဘာမွကို မက်န္ပါေစနဲ႔။
(၄) မိမိကုိယ္ကိုခ်စ္ဖို႔ၾကိဳးစားပါ။
တစ္ခါတစ္ေလ လမ္းခြဲၾကျပီးရင္ အခ်ိဳ႕ကကိုယ့္ကို္ယ္ကိုအျပစ္တင္တတ္ၾကပါတယ္။ ငါမ်ားသူ႕အတြက္ မလံုေလာက္
ခဲ့လို႔လား။ ငါကပဲ လိုအပ္ခဲ့လိုု႕လားဆိုျပီး မိမိကိုယ္ကိုယ္အျပစ္တင္တတ္ၾကပါတယ္။ သင္ဟာဘယ္သူ႕ရဲ့ ေက်းကြ်န္
မွ မဟုတ္ဘူးဆိုုတာ ျပန္သတိရပါ။ သင့္ကိုုယ္သင္ခ်စ္တတ္ေအာင္ ျပန္ၾကိဳးစားပါ။ က်န္းမာေရးေကာင္းေအာင္ေနပါ။
ပိုျပီးေအာင္ျမင္ေအာင္ၾကိဳးစားပါ။
(၅) ခံစားခ်က္ေတြကိုခ်ေရးပါ။
သင္ဘယ္ေလာက္ပဲ ေမ့ဖို႕ၾကိဳးစားၾကိဳးစား အစေတာ့ သူ႕ကိုခဏခဏသတိရမိမွာပါပဲ။ ဒါေပမယ့္ သူနဲ႔ပက္သက္တဲ့
ခံစားခ်က္ေတြရင္ထဲမွာျဖစ္လာတိုုင္း စာအုပ္ထဲမွာခ်ေရးပါ။ သူ႕ကိုဖုုန္းေခၚတာ Messageပိုု႔တာ၊ သူ႕Facebookကို
ဝင္ၾကည့္တာ၊စတာေတြ လုုံးဝမလုပ္မိပါေစနဲ႔။ စာအုပ္ထဲမွာခံစားခ်က္ေတြ ခ်ေရးျခင္းက သင့္ရဲ့စိတ္ကိုုထြက္ေပါက္
ေပးရာလည္းေရာက္ပါတယ္။
(၆) သင့္ခံစားခ်က္ေတြကို အေပါင္းလကၡဏာေဆာင္တဲ့အရာေတြအျဖစ္ေျပာင္းလဲပါ။
အစပိုင္းမွာ အိမ္တြင္းပုန္းျပီး ေခ်ာကလက္စားလိုက္၊ တီဗီြၾကည့္လိုုက္လုုပ္လိုု႔ရေပမယ့္ အျမဲတမ္းေတာ့ အိမ္တြင္းပုုန္း
ေနတာမ်ိဳး မလုပ္သင့္ပါဘူး။ သင့္ဘဝကို ျပန္လည္ေမာင္းႏွင္ရမွာပါ။ အနည္းဆံုးဘာမွမလုပ္နုုိင္ေသးရင္ေတာင္အိမ္
သန္႔ွရွင္းေရးလုပ္တာကစပါ။ မိမိကိုယ္ကိုု အားလပ္ခ်ိန္အရမ္းမေပးပါနဲ႔။ အျခားဆီအာရံုုေရာက္မယ့္အရာေတြကို
ေျပာင္းလဲလုုပ္ေဆာင္ပါ။ အသဲကြဲျခင္းကို စြမ္းအင္တစ္ခုုအျဖစ္ေျပာင္းလဲလိုက္ပါ။
(၇) ေဒါသနဲ႔အျပစ္တင္ျခင္းေတြကို အျပိးတိုင္စြန္႔လႊတ္ပါ။
သင့္ကိုယ္သင္လဲ အျပစ္မတင္နဲ႔ သူ႕ကိုလည္း ေဒါသမထြက္ပါနဲ႕ေတာ့။ ဘာမွျပန္လုပ္လိုု႔မရတဲ့အရာတစ္ခုအတြက္
သင့္စိတ္ထဲမွာ ေနရာအက်ယ္ၾကီး မေပးထားပါနဲ႔ေတာ့။
(၈) သင္တစ္ေန႔ သင့္ကိုခ်စ္တဲ့သူနဲ႔ေတြ႕လိမ့္မယ္။ (သိုု႔မဟုတ္) သင့္ကိုယ္သင္ခ်စ္တတ္သြားလိမ့္မယ္။
တစ္ေန႔ေန႔မွာ သင့္ကိုတကယ္ခ်စ္တဲ့သူနဲ႔ တကယ္ကိုေတြ႕နုုိင္ပါတယ္။ ဘဝဟာ အျမဲတမ္းဆိုးရြားမႈေတြနဲ႔ျပည့္နွက္
မေနပါဘူး။ သင့္ဘက္ကလည္း အေကာင္းျမင္ဖုု႔ိလိုပါတယ္။ Negative Mindနဲ႔ Positive Lifeတစ္ခုုကိုဘယ္လို
မွမရနုုိင္လိုု႔႔ပါ။ အကယ္၍ သင့္ကိုခ်စ္တဲ့သူနဲ႔မေတြ႕လည္း သင္စိုးရိမ္စရာမလိုပါဘူး။ သင့္ကိုယ္သင္ခ်စ္တတ္သြားရင္
အရာရာပိုျပီး စိတ္ခ်မ္းသာလာပါလိမ့္မယ္။
SHARE FROM SHWEMOM
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
လူတိုင်းဟာ အချစ်ဦးနဲ့ လက်တွဲခွင့်မရတတ်ကြပါဘူး။ အချစ်ဦးတင်မဟုတ်ပဲ။ တစ်ခါတစ်လေ အချစ်ဆုံးဆိုသူတွေနဲ့
လည်းကွဲကွာတတ်ကြပါတယ်။ ဒီလိုကွဲကွာတဲ့အခိုက်အတန့်မှာ ခံစားရတဲ့ဝေဒနာမျိုးဟာ ပြောမပြတတ်လောက်အောင်
နာကျင်ရပါတယ်။ အချို့သူတွေကတော့ နှစ်အနည်းငယ်အကြာမှာ အနည်ကျသွားပေမယ့် အချို့သူတွေကတော့နှစ်တွေ
အများကြီးကြာသွားတာတောင် အနည်မထိုင်ပဲရှိနေတတ်ပါတယ်။ အသဲကွဲခြင်းက ရေရှည်ဖြစ်နေပြီး မိမိကိုယ်ကို လွင့်
ချင်ရာလွင့်ပါစေဆိုပြီး မျှောထားတဲ့လှေတစ်စင်းလိုပြုမူနေရင်တော့ သင့်ဘဝကို အမြန်ဆုံးပြုပြင်သင့်ပါပြီ။ အောက်ပါ
အချက်တွေက သင့်ရ့ဲအချစ်ရဆုံးကို ချက်ချင်းကြီးမေ့အောင်တော့ မကူညီနိုင်ပေမယ့် အချိန်အမြန်ဆုံးမေ့အောင်ကြိုး
စားတဲ့နေရာမှာတော့ ကူညီပေးနိုင်ပါလိမ့်မယ်။
(၁) ပထမဆုံးသင်သတိရဖို့က အခိျန်တွေအများကြီးရှိသေးတယ်ဆိုတာပါပဲ။
သင့်ရဲ့အချစ်ဆုံးကို ဘယ်လောက်ကြာရင် မေ့နိုင်အောင်ကြိုးစားမယ်ဆိုပြီး ပုံသေကြီးချမထားပါနဲ့။ ဒီအချက်ကသူ့ကို
ပိုပြီးသတိရစေပါတယ်။ အချိန်ကတဖြည်းဖြည်းကုစားသွားမယ်ဆိုပေမယ့် အဲ့ဒိအချိန်ဆိုတာကြီးကို ခဏခဏခေါင်းထဲ
မရောက်ပါစေနဲ့။ သင်ကအချိန်ကာလာအကန့်အသတ်ပေးထားရင် အချိန်ပြည့်လို့ မမေ့နိုင်သေးရင် ပိုပြီးတော့တောင်
သူက စိတ်ထဲရောက်လာနိုင်ပါတယ်။ အခုကစပြီး အချိန်ကာလအကြောင်းက ခဏမေ့ထားပါ။
(၂) အပြည့်အဝနာကျင်လိုက်ပါ။
အသဲကွဲရင် ရင်ကွဲမတတ်ခံစားရတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ ရင်ဘတ်ထဲ ဘာလိုလို့လိုနေမှန်းမသိခြင်း၊
အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့သွားခြင်း စတာတွေဟာ အသဲကွဲတဲ့သူတိုင်းခံစားရပါတယ်။ ဒီ
အတွက် သင်အကြာကြီးတော့ အချိန်မယူမိပါစေနဲ့။ ဒါပေမယ့် နာကျင်တဲ့အချိန်မှာတော့အပြည့်အဝနာကျင်လိုက်ပါ။
ဖွင့်ပြောမယ့် သူငယ်ချင်းရှိရင် ဖွင့်ပြောလိုက်ပါ။ မရှိရင် စာအုပ်ထဲမှာ ချရေးပါ။
(၃) နောက်တစ်ဆင့်အနေနဲ့ သင့်ရဲ့အဆက်ဟောင်းကို မမြင်အောင်နေပါ။
သင့်အဆက်ဟောင်းရဲ့ Facebook ကို ဘလော့့ပါ။ နောက်ဆုံးစိတ်မထိန်းနိုင်ရင် ကိုယ့်အကောင့်ပါ Delete လုပ်
ပြီး Facebook မသုံးပဲနေပါ။ ဖုန်းနံပါတ်၊ viberစတာတွေက အချစ်ဟောင်းရဲ့အကြွင်းအကျန်တွေကို ဖြတ်ပစ်ပါ။
သူပေးထားတဲ့ လက်ဆောင်တွေအားလုံးလွှင့်ပစ်ပါ။ ဘာဆိုဘာမှကို မကျန်ပါစေနဲ့။
(၄) မိမိကိုယ်ကိုချစ်ဖို့ကြိုးစားပါ။
တစ်ခါတစ်လေ လမ်းခွဲကြပြီးရင် အချို့ကကိုယ့်ကို်ယ်ကိုအပြစ်တင်တတ်ကြပါတယ်။ ငါများသူ့အတွက် မလုံလောက်
ခဲ့လို့လား။ ငါကပဲ လိုအပ်ခဲ့လို့လားဆိုပြီး မိမိကိုယ်ကိုယ်အပြစ်တင်တတ်ကြပါတယ်။ သင်ဟာဘယ်သူ့ရဲ့ ကျေးကျွန်
မှ မဟုတ်ဘူးဆိုတာ ပြန်သတိရပါ။ သင့်ကိုယ်သင်ချစ်တတ်အောင် ပြန်ကြိုးစားပါ။ ကျန်းမာရေးကောင်းအောင်နေပါ။
ပိုပြီးအောင်မြင်အောင်ကြိုးစားပါ။
(၅) ခံစားချက်တွေကိုချရေးပါ။
သင်ဘယ်လောက်ပဲ မေ့ဖို့ကြိုးစားကြိုးစား အစတော့ သူ့ကိုခဏခဏသတိရမိမှာပါပဲ။ ဒါပေမယ့် သူနဲ့ပက်သက်တဲ့
ခံစားချက်တွေရင်ထဲမှာဖြစ်လာတိုင်း စာအုပ်ထဲမှာချရေးပါ။ သူ့ကိုဖုန်းခေါ်တာ Messageပို့တာ၊ သူ့Facebookကို
ဝင်ကြည့်တာ၊စတာတွေ လုံးဝမလုပ်မိပါစေနဲ့။ စာအုပ်ထဲမှာခံစားချက်တွေ ချရေးခြင်းက သင့်ရဲ့စိတ်ကိုထွက်ပေါက်
ပေးရာလည်းရောက်ပါတယ်။
(၆) သင့်ခံစားချက်တွေကို အပေါင်းလက္ခဏာဆောင်တဲ့အရာတွေအဖြစ်ပြောင်းလဲပါ။
အစပိုင်းမှာ အိမ်တွင်းပုန်းပြီး ချောကလက်စားလိုက်၊ တီဗွီကြည့်လိုက်လုပ်လို့ရပေမယ့် အမြဲတမ်းတော့ အိမ်တွင်းပုန်း
နေတာမျိုး မလုပ်သင့်ပါဘူး။ သင့်ဘဝကို ပြန်လည်မောင်းနှင်ရမှာပါ။ အနည်းဆုံးဘာမှမလုပ်နိုင်သေးရင်တောင်အိမ်
သန့်ှရှင်းရေးလုပ်တာကစပါ။ မိမိကိုယ်ကို အားလပ်ချိန်အရမ်းမပေးပါနဲ့။ အခြားဆီအာရုံရောက်မယ့်အရာတွေကို
ပြောင်းလဲလုပ်ဆောင်ပါ။ အသဲကွဲခြင်းကို စွမ်းအင်တစ်ခုအဖြစ်ပြောင်းလဲလိုက်ပါ။
(၇) ဒေါသနဲ့အပြစ်တင်ခြင်းတွေကို အပြိးတိုင်စွန့်လွှတ်ပါ။
သင့်ကိုယ်သင်လဲ အပြစ်မတင်နဲ့ သူ့ကိုလည်း ဒေါသမထွက်ပါနဲ့တော့။ ဘာမှပြန်လုပ်လို့မရတဲ့အရာတစ်ခုအတွက်
သင့်စိတ်ထဲမှာ နေရာအကျယ်ကြီး မပေးထားပါနဲ့တော့။
(၈) သင်တစ်နေ့ သင့်ကိုချစ်တဲ့သူနဲ့တွေ့လိမ့်မယ်။ (သို့မဟုတ်) သင့်ကိုယ်သင်ချစ်တတ်သွားလိမ့်မယ်။
တစ်နေ့နေ့မှာ သင့်ကိုတကယ်ချစ်တဲ့သူနဲ့ တကယ်ကိုတွေ့နိုင်ပါတယ်။ ဘဝဟာ အမြဲတမ်းဆိုးရွားမှုတွေနဲ့ပြည့်နှက်
မနေပါဘူး။ သင့်ဘက်ကလည်း အကောင်းမြင်ဖု့ိလိုပါတယ်။ Negative Mindနဲ့ Positive Lifeတစ်ခုကိုဘယ်လို
မှမရနိုင်လို့့ပါ။ အကယ်၍ သင့်ကိုချစ်တဲ့သူနဲ့မတွေ့လည်း သင်စိုးရိမ်စရာမလိုပါဘူး။ သင့်ကိုယ်သင်ချစ်တတ်သွားရင်
အရာရာပိုပြီး စိတ်ချမ်းသာလာပါလိမ့်မယ်။
SHARE FROM SHWEMOM
ရူးေလာက္ေအာင္ခ်စ္ခဲ့ရသူကို ေမ့ေပ်ာက္ေအာင္ၾကိဳးစားနည္း
Reviewed by Unknown
on
February 10, 2018
Rating:
No comments:
Post a Comment