ဖြံ႔ထြားစြင့္ကားတဲ့ တင္ပါးလွလွရဖုိ႔ ထိေရာက္တဲ့ထိုင္ထေလ့က်င့္ခန္း (၃) မ်ိဳး



လပိုင္းအတြင္းမွာတင္ သိသိသာသာ လွပလာႏိုင္ပါတယ္။ထိုင္ထေလ့က်င့္ခန္းဟာ တင္ပါးကိုလွပေစမွန္း အားလံုးသိထားၿပီးျဖစ္မွာပါ။ နည္းစနစ္မွန္မွန္နဲ႔ ဇြဲ႐ွိ႐ွိသာ ကစားေပးမယ္ဆုိရင္ လပိုင္းအတြင္းမွာတင္ သိသိသာသာ လွပလာႏိုင္ပါတယ္။ လြယ္လြယ္ကူကူနဲ႔ ထိေရာက္မယ့္ ေလ့က်င့္ခန္းေတြကို လိုက္လုပ္ၾကည့္ပါဦး။

၁။ အေျခခံထိုင္ထ (၁၅ ႀကိမ္မွ အႀကိမ္ ၂၀)

အဆင့္ ၁ - ေျခႏွစ္ေခ်ာင္းကို ပခံုးအက်ယ္ေလာက္ ခြဲၿပီး မတ္တပ္ရပ္ပါ။ လက္ႏွစ္ဖက္ကို လက္ခုပ္တီးမယ့္ပံုစံအတိုင္း ရင္ဘတ္ေ႐ွ႕မွာ ဆုပ္ကိုင္ထားရပါမယ္။ တံေတာင္ဆစ္ကလည္း အတန္အသင့္ ေကြးေနပါေစ။

အဆင့္ ၂ - ဗိုက္သားေတြကိုတင္းၿပီး တင္ပါးကိုေနာက္ပစ္လိုက္ပါ။ ဒူးကိုေကြးၿပီး ထိုင္ခ်လိုက္ရမွာျဖစ္ပါ။ အဆံုးထိ ထိုင္ခ်စရာမလိုပါဘူး။ ဒူးနဲ႔ေပါင္က ၉၀ ဒီဂရီေလာက္ ျဖစ္သြားတဲ့အထိပဲ ထိုင္ရမွာျဖစ္ၿပီး မတ္တပ္ျပန္ရပ္လိုက္ရမွာျဖစ္ပါတယ္။

၂။ ဆူမိုထိုင္ထ (၁၅ ႀကိမ္မွ အႀကိမ္ ၂၀)









အဆင့္ ၁ - မတ္တပ္အေနအထားမွာ ေျခေထာက္ႏွစ္ဖက္ကို ပခံုးထက္က်ယ္ေအာင္ကားၿပီး ေျခေခ်ာင္းေလးေတြကိုပါ ကားထားလိုက္ပါ။ လက္ႏွစ္ဖက္ကို တင္ပါးနားမွာ ႐ွိပါေစ။

အဆင့္ ၂ - တင္ကိုေနာက္ပစ္ၿပီး ထိုင္ခ်လိုက္ပါ။ ရင္ကိုေကာ့ တင္ကိုေနာက္ပစ္လ်က္သားအတုိင္းပဲ ရွိေနရမွာျဖစ္ပါတယ္။ ၿပီးရင္ မတ္တပ္ျပန္ရပ္လိုက္ပါ။

၃။ တေစာင္းအေနအထား (၁၅ ႀကိမ္မွ အႀကိမ္ ၂၀)

အဆင့္ ၁ - ဒူးေကြး ေျခကားၿပီး ထိုင္လ်က္အေနအထားမွာ လက္ႏွစ္ကို ဦးေခါင္းအေနာက္မွာ ကပ္ထားရပါမယ္။ ေကြးထားတဲ့လက္ႏွစ္ဖက္က ပခံုးနဲ႔ ေရျပင္ညီအေနအထား႐ွိေနပါေစ။

အဆင့္ ၂ - မတ္တပ္ရပ္လိုက္ပါ။ ပံုစံမပ်က္ေစဘဲ ဘယ္ဘက္တံေတာင္နဲ႔ ထိေအာင္ ဘယ္ဒူးကိုေျမႇာက္ရပါမယ္။ ညာဘက္ကိုလည္း ထုိနည္းလည္းေကာင္းပါပဲ။ ဒီေလ့က်င့္ခန္းက တင္ပါးကိုသာမက ဗိုက္သားကိုပါ က်စ္လ်စ္ေစႏိုင္ပါတယ္။

SHARE FROM DUWUN

ဖွံ့ထွားစွင့်ကားတဲ့ တင်ပါးလှလှရဖို့ ထိရောက်တဲ့ထိုင်ထလေ့ကျင့်ခန်း (၃) မျိုး

လပိုင်းအတွင်းမှာတင် သိသိသာသာ လှပလာနိုင်ပါတယ်။ထိုင်ထလေ့ကျင့်ခန်းဟာ တင်ပါးကိုလှပစေမှန်း အားလုံးသိထားပြီးဖြစ်မှာပါ။ နည်းစနစ်မှန်မှန်နဲ့ ဇွဲရှိရှိသာ ကစားပေးမယ်ဆိုရင် လပိုင်းအတွင်းမှာတင် သိသိသာသာ လှပလာနိုင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ထိရောက်မယ့် လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြည့်ပါဦး။

၁။ အခြေခံထိုင်ထ (၁၅ ကြိမ်မှ အကြိမ် ၂၀)

အဆင့် ၁ - ခြေနှစ်ချောင်းကို ပခုံးအကျယ်လောက် ခွဲပြီး မတ်တပ်ရပ်ပါ။ လက်နှစ်ဖက်ကို လက်ခုပ်တီးမယ့်ပုံစံအတိုင်း ရင်ဘတ်ရှေ့မှာ ဆုပ်ကိုင်ထားရပါမယ်။ တံတောင်ဆစ်ကလည်း အတန်အသင့် ကွေးနေပါစေ။

အဆင့် ၂ - ဗိုက်သားတွေကိုတင်းပြီး တင်ပါးကိုနောက်ပစ်လိုက်ပါ။ ဒူးကိုကွေးပြီး ထိုင်ချလိုက်ရမှာဖြစ်ပါ။ အဆုံးထိ ထိုင်ချစရာမလိုပါဘူး။ ဒူးနဲ့ပေါင်က ၉၀ ဒီဂရီလောက် ဖြစ်သွားတဲ့အထိပဲ ထိုင်ရမှာဖြစ်ပြီး မတ်တပ်ပြန်ရပ်လိုက်ရမှာဖြစ်ပါတယ်။

၂။ ဆူမိုထိုင်ထ (၁၅ ကြိမ်မှ အကြိမ် ၂၀)

အဆင့် ၁ - မတ်တပ်အနေအထားမှာ ခြေထောက်နှစ်ဖက်ကို ပခုံးထက်ကျယ်အောင်ကားပြီး ခြေချောင်းလေးတွေကိုပါ ကားထားလိုက်ပါ။ လက်နှစ်ဖက်ကို တင်ပါးနားမှာ ရှိပါစေ။

အဆင့် ၂ - တင်ကိုနောက်ပစ်ပြီး ထိုင်ချလိုက်ပါ။ ရင်ကိုကော့ တင်ကိုနောက်ပစ်လျက်သားအတိုင်းပဲ ရှိနေရမှာဖြစ်ပါတယ်။ ပြီးရင် မတ်တပ်ပြန်ရပ်လိုက်ပါ။

၃။ တစောင်းအနေအထား (၁၅ ကြိမ်မှ အကြိမ် ၂၀)

အဆင့် ၁ - ဒူးကွေး ခြေကားပြီး ထိုင်လျက်အနေအထားမှာ လက်နှစ်ကို ဦးခေါင်းအနောက်မှာ ကပ်ထားရပါမယ်။ ကွေးထားတဲ့လက်နှစ်ဖက်က ပခုံးနဲ့ ရေပြင်ညီအနေအထားရှိနေပါစေ။

အဆင့် ၂ - မတ်တပ်ရပ်လိုက်ပါ။ ပုံစံမပျက်စေဘဲ ဘယ်ဘက်တံတောင်နဲ့ ထိအောင် ဘယ်ဒူးကိုမြှောက်ရပါမယ်။ ညာဘက်ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီလေ့ကျင့်ခန်းက တင်ပါးကိုသာမက ဗိုက်သားကိုပါ ကျစ်လျစ်စေနိုင်ပါတယ်။

SHARE FROM DUWUN
ဖြံ႔ထြားစြင့္ကားတဲ့ တင္ပါးလွလွရဖုိ႔ ထိေရာက္တဲ့ထိုင္ထေလ့က်င့္ခန္း (၃) မ်ိဳး ဖြံ႔ထြားစြင့္ကားတဲ့ တင္ပါးလွလွရဖုိ႔ ထိေရာက္တဲ့ထိုင္ထေလ့က်င့္ခန္း (၃) မ်ိဳး Reviewed by Unknown on February 09, 2018 Rating: 5

No comments:

Powered by Blogger.