လင်းလင်း(ShweMom)
eBayမှာ လေလံတင်ရောင်းချမယ့် ကမ္ဘာ့အကြီးဆုံး ဘရာစီယာ
ကမ္ဘာ့အကြီးဆုံးဘရာကို eBay မှာ လေလံတင်ရောင်းချမယ်လို့ သိရပါတယ်။ ဘရာဆိုက်ဒ်ဟာ (၁၃၆B) ဖြစ်ပြီး ကီလိုဂရမ်(၉၀) ရှိပါတယ်။ ရင်သားကင်ဆာ ေ၀ဒနာရှင်တွေအတွက် ရန်ပုံငွေရှာဖွေရန် ရည်ရွယ်ပြီး ဘရာစီယာကို (၂၀၁)ခုနှစ်မှာ ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အရောင်တောက်ပတဲ့ အဆိုပါဘရာစီယာမှာ ပိတ်သား(၂၇၀)မီတာကို အသုံးပြုထားပါတယ်။ ပတ်လည်အကျယ်ကတော့ (၂၉.၆)မီတာ ရှိပါတယ်။ လေလံကြမ်းခမ်းဈေးနှုန်းကိုတော့ ပေါင်(၅၀၀)ကနေ စတင်မှာဖြစ်ပြီး တကယ်လို့ လေလံနိုင်ရင် ဘရာကိုပိုင်ဆိုင်ရုံတင်မကပဲ ကမ္ဘာ့အကြီးဆုံးဘရာအဖြစ် ဂင်းနစ်ကပေးတဲ့မှတ်တမ်းလည်း ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ယခုတွေ့ရတဲ့ဘရာကို ချိတ်ပြထားတဲ့ နောက်ခံသံချောင်းတွေတော့ ရောင်းချမယ့်ထဲမှာ မပါ၀င်ပါဘူး။
ဘရာစီယာကို ကုမ္ပဏီက ရောင်းချမှာပါ။ လေလံအောင်တဲ့ငွေသားတွေကိုတော့ ရင်သားကင်ဆာကုသမှုဌာနကို ပေးလှူမှာဖြစ်ပါတယ်။ က တာ၀န်ရှိသူတစ်ဦးကတော့ ဘရာနဲ့ပတ်သက်လို့ ကမ္ဘာ့ကင်ဆာေ၀ဒနာရှင်များနေ့မှာ ပူးပေါင်းပါ၀င်နိုင်ဖို့နဲ့ ရင်သားကင်ဆာကုသမှုအတွက် ရန်ပုံငွေတွေရှာပေးဖို့ ရည်ရွယ်ရောင်းချခဲ့ကြောင်း ဆိုခဲ့ပါတယ်။
လင်းလင်း(ShweMom)
Reviewed by Unknown
on
February 08, 2018
Rating:
Reviewed by Unknown
on
February 08, 2018
Rating:
No comments:
Post a Comment