


















Myanmar Portal

IS စစ်သွေးကြွ အယောက် ၁၅၀၀ ကျော်ကို သတ်နိုင်ခဲ့တဲ့ တကယ့်ဘဝထဲက ရမ်ဘို

ကျွန်တော်တို့ အနေနဲ့ ရမ်ဘိုလို ကွန်မန်ဒိုဇာတ်ကားတွေက မင်းသားတွေရဲ. စွမ်းဆောင်ရည်တွေကို နှစ်သက်သဘောကျဖူးကြမှာပါ ။ သူတို့ဟာ အက်ရှင်ဟီး၇ိုးတွေ ဖြစ်ပြီး ဆိုးရွားတဲ့ စစ်တပ်တွေကို တိုက်ခိုက် လူသားထုကို ကယ်တင်တာမျိုး လုပ်ဆောင်ကြသူတွေပါ ။ ရုပ်ရှင်တွေထဲမှာ ကျွန်တော်တို့နှစ်သက်တဲ့ ဟီးရိုးတွေဟာ မကောင်းတဲ့လူတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ မကြောက်ရွံ.ခဲ့ပဲ အခက်အခဲတွေကြားက အနိုင်ယူလေ့ ရှိပါတယ် ။

ဒါပေမယ့် တကယ့်တကယ်တမ်း တကယ့်ဘဝမှာ သူတို့လို စွမ်းဆောင်နိုင်သူ တစ်ဦးတစ်ယောက်မှ ရှိမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ထင်ထားပါတယ်။ Ayyub Faleh al-Rubaie ဆိုသူကတော့ ကျွန်တော်တို့ အထင်ကို တက်တက်စင်အောင် လွဲမှားစေခဲ့ပါပြီ ။ သူဟာ လက်ရှိမှာတော့ ISIS ၁၅၀၀ ကျော်ကို သတ်နိုင်ခဲ့သူ အဖြစ်နာမည်ကြီး နေပါတယ်။

သူဟာ တကယ့်ကို သူရဲကောင်း တစ်ယောက်လို့ ဆိုရမှာပါ ။ ယခင်တုန်းက တက္ကသိုလ် ပရော်ဖက်ဆာ တစ်ဦးဖြစ်ပြီး သူ့ကျောင်းသားတွေ ဆိုးရွားစွာ သေဆုံးခဲ့ရပြီး နောက်မှာတော့ သူဟာ စစ်တပ်ထဲဝင်ရောက်ခဲ့ပါတော့တယ် ။

သူဟာ အသက် ၄၅ နှစ်ရှိပြီဖြစ်ကာ အီရတ်နိုင်ငံသား ဖြစ်ပြီး ISIS တွေကို တိုက်ခိုက်နေတဲ့ နာမည်ကျော် စစ်အုပ်စု Popular Mobilization Forces က Commander တစ်ဦးပဲ ဖြစ်ပါတယ်။

Myanmar Portal
IS စစ်သွေးကြွ အယောက် ၁၅၀၀ ကျော်ကို သတ်နိုင်ခဲ့တဲ့ တကယ့်ဘဝထဲက ရမ်ဘို IS စစ်သွေးကြွ အယောက် ၁၅၀၀ ကျော်ကို သတ်နိုင်ခဲ့တဲ့ တကယ့်ဘဝထဲက ရမ္ဘို Reviewed by Unknown on February 10, 2018 Rating: 5

No comments:

Powered by Blogger.