ေဟာလိဝုဒ္မွာ စိတ္ထားအမြန္ျမတ္ဆုံး၊ အဆင္းရဲဆုံး မင္းသားႀကီး Keanu Reeves



Keanu Reeves လုိ႔ေျပာလုိက္တာနဲ႔ ပရိသတ္ႀကီးမ်က္လုံးထဲမွာ သူ သ႐ုပ္ေဆာင္ထားတဲ့ John Wick,  Constantine, The Matrix, Speed, Point Break စတဲ့ ဇာတ္ကားေတြထဲက သ႐ုပ္ေဆာင္ ပုိင္ပိုင္ႏုိင္ႏုိင္ မင္းသားႀကီးကုိ ေျပးျမင္မိပါလိမ့္မယ္။ သူ႕ကို ေဟာလိဝုဒ္အသုိင္းအဝုိင္းက လက္ခံထားတာကေတာ့ အရမ္းကို လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနတဲ့ မင္းသားႀကီးေပါ့။

တကယ္လည္း အသက္(၅၃)ႏွစ္အရြယ္ကို ေရာက္ေနၿပီျဖစ္တဲ့ Reeves ဟာ ေဟာလိဝုဒ္မွာ ဝင္ေငြအျမင့္ဆုံးရရွိေနတဲ့ မင္းသားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ ေဟာလိဝုဒ္ အသုိင္းအဝုိင္းထက္ ျပင္ပလူေနမႈနဲ႔ ပုိၿပီးနီးစပ္သူျဖစ္ပါတယ္။ သူ႕မွာ အေကာင္းစား အဖုိးတန္ကား မရွိပါဘူး။ သူဟာ ကား႐ုိက္ရက္ မရွိခ်ိန္ေတြဆုိ ဆုိင္ကယ္တစ္စီးနဲ႔ ေလွ်ာက္သြားေနတတ္သလုိ၊ ၿမိဳ႕ပတ္ရထားကုိလည္း တြင္တြင္သုံးေလ့ရွိပါတယ္။

ဇာတ္ကားတစ္ကား႐ုိက္ရင္ ေဒၚလာသန္းခ်ီ ဝင္ေငြရေပမယ့္ သူကေတာ့ တစ္ျခားေဟာလိဝုဒ္ဆယ္လီေတြလုိ မခ်မ္းသာပါဘူး။ ဒါကလည္း အေၾကာင္းအရင္းတစ္ခု ျဖစ္ပါတယ္။ ဒီအေၾကာင္းကုိ မေျပာခင္မွာ Reeves ရဲ႕ ဘဝကုိ အရင္ဆုံး ေျပာခ်င္ပါတယ္။ ဒါဟာ ေစာေစာက တည္ထားတဲ့ အေၾကာင္းအရာနဲ႔လည္း ဆက္စပ္မႈရွိပါတယ္။

Reeves ဟာ ကေနဒါႏုိင္ငံသားပါ။ သူ သုံးႏွစ္အရြယ္ကတည္းက မိဘေတြခ်င္း သေဘာထားမတုိက္ဆုိင္လုိ႔ ကြဲကြာခဲ့ၾကၿပီး၊ မိခင္ေျပာင္းေရႊ႕ေနထုိင္ရာကို လုိက္ၿပီး ဘဝစုံျဖတ္သန္းခဲ့ရပါတယ္။ သူကုိ႕ ေက်ာင္းထားေတာ့လည္း ပညာေရးဘက္မွာ Reeves ကညံ့ဖ်င္းခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူ႕မွာ Dyslexia လုိ႔ေခၚတဲ့ စာေပသင္ၾကားရခက္တဲ့ ေရာဂါ ရွိလုိ႔ပါ။















ဒီလုိနဲ႔ သူဟာ ဘြဲ႕မရဘဲ ေက်ာင္းက ထြက္ခဲ့ရပါတယ္။ ဒါေပမယ့္ အႏုပညာဘက္မွာ ပါရမီရွိခဲ့တဲ့ Reeves ဟာ (၉)ႏွစ္အရြယ္မွာကတည္းက ျပဇာတ္ေတြမွာ စၿပီးသ႐ုပ္ေဆာင္ေနရပါၿပီ။ အသက္(၁၇)ႏွစ္မွာ သူ႕ရဲ႕အေမရိကန္ႏုိင္ငံသား ပေထြးနဲ႔အတူ အေမရိကန္ကုိ ေရာက္ခဲ့ရပါတယ္။ သူ႕ရဲ႕ ပေထြး Paul Aaron ဟာ ျပဇာတ္နဲ႔ တီဗြီဇာတ္လမ္း ဒါ႐ုိက္တာတစ္ေယာက္ပါ။ သူ႕ပေထြးရဲ႕ စင္တင္ေပးမႈနဲ႔ Reeves ဟာ အႏုပညာနယ္ပယ္မွာ ဝင္ဆန္႕ခဲ့ပါတယ္။

သူ အသက္ (၂၃)ႏွစ္မွာ အရင္းနီးဆုံးသူငယ္ခ်င္း River Phoenix ဟာ ေဆးအသုံးလြန္ၿပီး ေသသြားခဲ့ပါတယ္။ ဒီလုိနဲ႔ သူ လက္တည့္စမ္းမိထားတဲ့ မူးယစ္ေဆးကို လုံးဝစြန္႔လႊတ္ခဲ့ၿပီး၊ အဲဒီေနာက္မွာေတာ့ သူဟာ အေမရိကန္ေဟာလိဝုဒ္ေလာကထဲမွာ ေအာင္ျမင္တဲ့မင္းသားတစ္ေယာက္ ျဖစ္လာပါၿပီ။ ဒီလုိနဲ႔ (၁၉၉၈)ခုႏွစ္မွာ နာမည္ေက်ာ္ မင္းသမီး Jennifer Syme နဲ႔ ခ်စ္သူျဖစ္ခဲ့ပါတယ္။

တစ္ႏွစ္အၾကာမွာ Jennifer Syme ဟာ Reeves ရဲ႕ ကိုယ္ဝန္ကို လြယ္ခဲ့ပါတယ္။ ဒါေပမယ့္ ကုိယ္ဝန္(၈)လအရြယ္မွာပင္ ပ်က္က်ခဲ့ျပန္ပါတယ္။ ဒီအေတာအတြင္းမွာ Reeves ဟာ အလြန္စိတ္ထိခုိက္ေၾကကြဲခဲ့ရၿပီး၊ သူ႕ဘဝ ယုိင္လဲမသြားေအာင္ ေတာင့္ခံေနရပါတယ္။ ေနာက္ထက္ (၂)ႏွစ္အၾကာမွာ ဇနီးျဖစ္သူ Syme ဟာ ယာဥ္မေတာ္တဆမႈနဲ႔ ကြယ္လြန္ျပန္ပါတယ္။

Reeves ဟာ အဲဒီေနာက္မွာ အလြန္နာမည္ႀကီးတဲ့ မင္းသားဘဝကုိ တက္လွမ္းႏုိင္ေနပါၿပီ။ သူဟာ ဆင္းရဲၾကပ္တည္းမႈေတြ၊ ဘဝတုိက္ပြဲေတြ၊ ေလာကဓံအဆုိးေတြနဲ႔ အႀကိမ္ႀကိမ္ရင္ဆုိင္ခဲ့ရေပမယ့္ မယုိင္လဲခဲ့ပါဘူး။ သူ႕အတြက္ အဖုိးတန္တဲ့ပညာေတြလုိ႔ပဲ မွတ္ယူခဲ့ပါတယ္။ အေျခခံလူတန္းစားေတြကုိလည္း စာနာေထာက္ထားသူပါ။

ကမာၻေက်ာ္ခဲ့တဲ့ The Matrix ဇာတ္ကားမွာ Reeves ဟာ ေဒၚလာ (၁၁၄)သန္းအထိ ရရွိခဲ့ပါတယ္။ ဒီပုိက္ဆံေတြကုိ သူ႕တစ္ကုိယ္ေရအတြက္ မသုံးစြဲပါဘူး။ တုိက္ေတြကားေတြ မဝယ္ပါဘူး။ Reeves ဟာ ေဒၚလာသန္း (၈၀)ကို ဆက္တင္အဖြဲ႕သားေတြအကုန္လုံး ခြဲေဝေပးခဲ့ပါတယ္။ သူ႕အေျပာအရ ဒီဇာတ္ကား ေပါက္ေျမာက္ေအာင္ျမင္ရျခင္းမွာ သူတစ္ေယာက္တည္းေၾကာင့္ မဟုတ္ေၾကာင္း ဆက္တင္အဖြဲ႕သားေတြ ႀကိဳးစားပန္းစား အားထုတ္ခဲ့လုိ႔ျဖစ္ေၾကာင္း ဆုိပါတယ္။

သူဟာ အခုအခ်ိန္ထိ သြားလုိလာလုိတဲ့အခါ ၿမိဳ႕ပတ္ရထားကို သုံးေနဆဲပါဘဲ။ သူၾကင္လည္ရာ လမ္းေတြထဲမွာ အမ်ားျပည္သူနဲ႔အတူ လမ္းေဘးေကာ္ဖီဆုိင္ေလးေတြမွာ သူ႕ကုိေတြ႕ရတတ္ၿပီး၊ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးဘဲ ေနေလ့ရွိပါတယ္။ လြန္ခဲ့တဲ့ လအနည္းငယ္က Reeves ကုိ ရထားေပၚမွာ ေတြ႕လုိက္ရသူတစ္ဦးက မွတ္တမ္းတင္ထားတဲ့ ဗြီဒီယုိဖုိင္တစ္ခုဟာ ပ်ံ႕ႏွ့ံ႔ခဲ့ၿပီး ပရိသတ္ေတြအတြက္ ႏွစ္ေထာင္းအားရ ျဖစ္ေစခဲ့ပါတယ္။

SHARE FROM နတ္စည္ေတာ္ (Shwemom)

ဟောလိဝုဒ်မှာ စိတ်ထားအမွန်မြတ်ဆုံး၊ အဆင်းရဲဆုံး မင်းသားကြီး Keanu Reeves

Keanu Reeves လို့ပြောလိုက်တာနဲ့ ပရိသတ်ကြီးမျက်လုံးထဲမှာ သူ သရုပ်ဆောင်ထားတဲ့ John Wick, Constantine, The Matrix, Speed, Point Break စတဲ့ ဇာတ်ကားတွေထဲက သရုပ်ဆောင် ပိုင်ပိုင်နိုင်နိုင် မင်းသားကြီးကို ပြေးမြင်မိပါလိမ့်မယ်။ သူ့ကို ဟောလိဝုဒ်အသိုင်းအဝိုင်းက လက်ခံထားတာကတော့ အရမ်းကို လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ မင်းသားကြီးပေါ့။

တကယ်လည်း အသက်(၅၃)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ Reeves ဟာ ဟောလိဝုဒ်မှာ ဝင်ငွေအမြင့်ဆုံးရရှိနေတဲ့ မင်းသားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဟောလိဝုဒ် အသိုင်းအဝိုင်းထက် ပြင်ပလူနေမှုနဲ့ ပိုပြီးနီးစပ်သူဖြစ်ပါတယ်။ သူ့မှာ အကောင်းစား အဖိုးတန်ကား မရှိပါဘူး။ သူဟာ ကားရိုက်ရက် မရှိချိန်တွေဆို ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွားနေတတ်သလို၊ မြို့ပတ်ရထားကိုလည်း တွင်တွင်သုံးလေ့ရှိပါတယ်။

ဇာတ်ကားတစ်ကားရိုက်ရင် ဒေါ်လာသန်းချီ ဝင်ငွေရပေမယ့် သူကတော့ တစ်ခြားဟောလိဝုဒ်ဆယ်လီတွေလို မချမ်းသာပါဘူး။ ဒါကလည်း အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဒီအကြောင်းကို မပြောခင်မှာ Reeves ရဲ့ ဘဝကို အရင်ဆုံး ပြောချင်ပါတယ်။ ဒါဟာ စောစောက တည်ထားတဲ့ အကြောင်းအရာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

Reeves ဟာ ကနေဒါနိုင်ငံသားပါ။ သူ သုံးနှစ်အရွယ်ကတည်းက မိဘတွေချင်း သဘောထားမတိုက်ဆိုင်လို့ ကွဲကွာခဲ့ကြပြီး၊ မိခင်ပြောင်းရွှေ့နေထိုင်ရာကို လိုက်ပြီး ဘဝစုံဖြတ်သန်းခဲ့ရပါတယ်။ သူကို့ ကျောင်းထားတော့လည်း ပညာရေးဘက်မှာ Reeves ကညံ့ဖျင်းခဲ့ပါတယ်။ အကြောင်းကတော့ သူ့မှာ Dyslexia လို့ခေါ်တဲ့ စာပေသင်ကြားရခက်တဲ့ ရောဂါ ရှိလို့ပါ။

ဒီလိုနဲ့ သူဟာ ဘွဲ့မရဘဲ ကျောင်းက ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် အနုပညာဘက်မှာ ပါရမီရှိခဲ့တဲ့ Reeves ဟာ (၉)နှစ်အရွယ်မှာကတည်းက ပြဇာတ်တွေမှာ စပြီးသရုပ်ဆောင်နေရပါပြီ။ အသက်(၁၇)နှစ်မှာ သူ့ရဲ့အမေရိကန်နိုင်ငံသား ပထွေးနဲ့အတူ အမေရိကန်ကို ရောက်ခဲ့ရပါတယ်။ သူ့ရဲ့ ပထွေး Paul Aaron ဟာ ပြဇာတ်နဲ့ တီဗွီဇာတ်လမ်း ဒါရိုက်တာတစ်ယောက်ပါ။ သူ့ပထွေးရဲ့ စင်တင်ပေးမှုနဲ့ Reeves ဟာ အနုပညာနယ်ပယ်မှာ ဝင်ဆန့်ခဲ့ပါတယ်။

သူ အသက် (၂၃)နှစ်မှာ အရင်းနီးဆုံးသူငယ်ချင်း River Phoenix ဟာ ဆေးအသုံးလွန်ပြီး သေသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ လက်တည့်စမ်းမိထားတဲ့ မူးယစ်ဆေးကို လုံးဝစွန့်လွှတ်ခဲ့ပြီး၊ အဲဒီနောက်မှာတော့ သူဟာ အမေရိကန်ဟောလိဝုဒ်လောကထဲမှာ အောင်မြင်တဲ့မင်းသားတစ်ယောက် ဖြစ်လာပါပြီ။ ဒီလိုနဲ့ (၁၉၉၈)ခုနှစ်မှာ နာမည်ကျော် မင်းသမီး Jennifer Syme နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်။

တစ်နှစ်အကြာမှာ Jennifer Syme ဟာ Reeves ရဲ့ ကိုယ်ဝန်ကို လွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်(၈)လအရွယ်မှာပင် ပျက်ကျခဲ့ပြန်ပါတယ်။ ဒီအတောအတွင်းမှာ Reeves ဟာ အလွန်စိတ်ထိခိုက်ကြေကွဲခဲ့ရပြီး၊ သူ့ဘဝ ယိုင်လဲမသွားအောင် တောင့်ခံနေရပါတယ်။ နောက်ထက် (၂)နှစ်အကြာမှာ ဇနီးဖြစ်သူ Syme ဟာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ပြန်ပါတယ်။

Reeves ဟာ အဲဒီနောက်မှာ အလွန်နာမည်ကြီးတဲ့ မင်းသားဘဝကို တက်လှမ်းနိုင်နေပါပြီ။ သူဟာ ဆင်းရဲကြပ်တည်းမှုတွေ၊ ဘဝတိုက်ပွဲတွေ၊ လောကဓံအဆိုးတွေနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပေမယ့် မယိုင်လဲခဲ့ပါဘူး။ သူ့အတွက် အဖိုးတန်တဲ့ပညာတွေလို့ပဲ မှတ်ယူခဲ့ပါတယ်။ အခြေခံလူတန်းစားတွေကိုလည်း စာနာထောက်ထားသူပါ။

ကမ္ဘာကျော်ခဲ့တဲ့ The Matrix ဇာတ်ကားမှာ Reeves ဟာ ဒေါ်လာ (၁၁၄)သန်းအထိ ရရှိခဲ့ပါတယ်။ ဒီပိုက်ဆံတွေကို သူ့တစ်ကိုယ်ရေအတွက် မသုံးစွဲပါဘူး။ တိုက်တွေကားတွေ မဝယ်ပါဘူး။ Reeves ဟာ ဒေါ်လာသန်း (၈၀)ကို ဆက်တင်အဖွဲ့သားတွေအကုန်လုံး ခွဲဝေပေးခဲ့ပါတယ်။ သူ့အပြောအရ ဒီဇာတ်ကား ပေါက်မြောက်အောင်မြင်ရခြင်းမှာ သူတစ်ယောက်တည်းကြောင့် မဟုတ်ကြောင်း ဆက်တင်အဖွဲ့သားတွေ ကြိုးစားပန်းစား အားထုတ်ခဲ့လို့ဖြစ်ကြောင်း ဆိုပါတယ်။

သူဟာ အခုအချိန်ထိ သွားလိုလာလိုတဲ့အခါ မြို့ပတ်ရထားကို သုံးနေဆဲပါဘဲ။ သူကြင်လည်ရာ လမ်းတွေထဲမှာ အများပြည်သူနဲ့အတူ လမ်းဘေးကော်ဖီဆိုင်လေးတွေမှာ သူ့ကိုတွေ့ရတတ်ပြီး၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဘဲ နေလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က Reeves ကို ရထားပေါ်မှာ တွေ့လိုက်ရသူတစ်ဦးက မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုဟာ ပျံ့န့ှံ့ခဲ့ပြီး ပရိသတ်တွေအတွက် နှစ်ထောင်းအားရ ဖြစ်စေခဲ့ပါတယ်။

SHARE FROM နတ်စည်တော် (Shwemom)
ေဟာလိဝုဒ္မွာ စိတ္ထားအမြန္ျမတ္ဆုံး၊ အဆင္းရဲဆုံး မင္းသားႀကီး Keanu Reeves ေဟာလိဝုဒ္မွာ စိတ္ထားအမြန္ျမတ္ဆုံး၊ အဆင္းရဲဆုံး မင္းသားႀကီး Keanu Reeves Reviewed by Unknown on February 09, 2018 Rating: 5

No comments:

Powered by Blogger.