Song Seung Hun ဟာေတာင္ကိုရီးယားရဲ႕အႏုပညာေလာကမွာ အခ်စ္ေရးနဲ႔ပတ္သတ္ျပီး ေကာလဟာလေတြအမ်ားၾကီးထြက္တဲ့မင္းသားေတြထဲက တစ္ဦးျဖစ္ပါတယ္။ သိပ္မၾကာခင္အခ်ိန္တုန္းက တရုတ္မင္းသမီးေခ်ာေလး Liu Yifei နဲ႔ျပတ္ဆဲသြားတဲ့သတင္းၾကားခဲ့ရတာ စိတ္မေကာင္းစရာပါပဲ။ လူေတာ္ေတာ္မ်ားမ်ားဟာ တရုတ္မင္းသမီးအလွပေဂေလးနဲ႔ျပတ္ဆဲသြားခဲ့တဲ့ မင္းသားျဖစ္သူအတြက္ ႏွေျမာတသျဖစ္ေနၾကပါတယ္။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားသတိမထားမိတဲ့အခ်က္က ေခ်ာေမာလွပတဲ့ မင္းသမီးေတာ္ေတာ္မ်ားမ်ားဟာ အဲ့ဒီဆြဲေဆာင္မႈွရွိတဲ့မင္းသား Song Seung Hun နဲ႔ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္ဆိုတဲ့အခ်က္ပါပဲ။ ဘယ္သူေတြျဖစ္မလဲဆိုတာကို ယခုပဲ မိုမိုေလးမွတင္ဆက္ေပးလိုက္ပါတယ္။
Choi Ji Woo
၁၉၉၆ ခုႏွစ္မွာ Song Seung Hun နဲ႔ Choi Ji Woo တို႔ဟာ အႏုပညာေလာကထဲ သရုပ္ေဆာင္အျဖစ္ တစ္ခ်ိန္တည္း၀င္ေရာက္ခဲ့ၾကပါတယ္။ သိပ္မၾကာခင္မွာပဲ ႏွစ္ေယာက္သားတြဲေနတယ္လို႔သတင္းထြက္ခဲ့ျပီး အဲ့သတင္းဟာ မွန္ကန္ေၾကာင္း လူသိရွင္ၾကားေၾကျငာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔ဟာ တြဲျပီး၃ႏွစ္အၾကာမွာ လမ္းခြဲခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္က သူတို႔ဟာအရမ္းနာမည္မၾကီးေသးတဲ့အတြက္ လူအမ်ားရဲဲ႕အာရံုစိုက္မႈကို အနည္းငယ္သာခံခဲ့ရပါတယ္။ အခုေတာ့လည္း ရင္းႏွီးတဲ့သူငယ္ခ်င္းေတြပါပဲတဲ့။
Sung Yuri
2002 ခုႏွစ္မွာ Sung Yuri နဲ႔ Song Seung Hoon တို႔ကို Andre Kim ရဲ႕မဂၤလာ၀တ္စံု ရိႈးပြဲေလ်ွာက္တဲ့အခါေတြ႔ဆံုခဲ့တာျဖစ္ပါတယ္။ သိ္ပ္မၾကာခင္မွာပဲ ၂ေယာက္သား တြဲေနတယ္လို႔သတင္းထြက္ခဲ့ျပီး ခ်က္ခ်င္းဆိုသလို တြဲခုတ္ေနတယ္ဆိုတာ အတည္ျပဳခဲ့ပါတယ္။ Song Seung Hoon ဟာေသေသခ်ာခ်ာ စဥ္းစားတတ္တဲ့သူျဖစ္တယ္လို႔ ယံုၾကည္ရေပမယ့္ သူတို႔ဟာ၁ႏွစ္အၾကာတြဲခုတ္ျပီး ၂၀၀၃မွာပဲျပတ္ဆဲသြားခဲ့ပါတယ္။ တစ္ခုေျပာစရာရွိတာက သူတို႔လည္း ဘာေတြဘယ္လိုၾကံဳေတြ႔ခဲ့ရလည္း ဘယ္သူမွမေျပာႏုိင္ဘူးေလ။ Sung Yuri ဟာ Liu Yifeiနဲ႔မေတြ႔ဆံုခင္ Song Seung Hoon နဲ႔ေနာက္ဆံုး လူသိရွင္ၾကားတြဲခုတ္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။
Son Ye Jin
၂၀၀၃ ခုႏွစ္မွာ Son Ye Jin ဟာ Song Seung Hoon နဲံ႔ "Summer Scent" ဆိုတဲ့ရုပ္ရွင္ကားမွာ ပါ၀င္သရုပ္ေဆာင္ခဲ့ျပီး သူတို႔၂ေယာက္တြဲေနတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Son Ye Jin ဟာ အဲ့ဒီသတင္းကိုျငင္းဆိုခဲ့ျပီး သူတို႔၂ေယာက္က သူငယ္ခ်င္းေတြပဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
Lee Yeon Hee
Song Seung Hoon ဟာ စစ္မႈတာ၀န္ေတြထမ္းေဆာင္လို႔အျပီးမွာ "East of Eden" ဆိုတဲ့ဇာတ္လမ္းတြဲကိုရိုက္ကူးခဲ့ျပီး ေျပာင္ေျမာက္လြန္းလွတဲ့သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ အႏုပညာမွတ္တမ္းတစ္ခုကိုစိုက္ထူႏိုင္ခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲမွာ တူတူတြဲဖက္သရုပ္ေဆာင္ခဲ့တဲ့ မင္းသမီးျဖစ္သူ Lee Yeon Hee နဲ႔ရိုက္ကြင္းမွာအရမ္း ရင္းရင္းႏွီးႏွီးဆက္ဆံတာေၾကာင့္ သူတို႔ႏွစ္ေယာက္ တြဲေနၾကတယ္လုိ႔သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္လည္း မင္းသမီးျဖစ္သူဟာ အဲ့ဒီေကာလဟာလကို ျငင္းဆိုခဲ့ျပီး သူတို႔၂ေယာက္က ဇာတ္ညႊန္းဖတ္ေနတာပါလို႔ေျပာခဲ့ပါတယ္။ သူမဟာ အႏုပညာလုပ္ငန္းကိုပဲ ဆက္လက္အာရံုစိုက္သြားခ်င္တယ္လုိ႔ေျပာၾကားခဲ့ပါတယ္။
Liu Yifei
ေျပာရမယ္ဆုိရင္ေတာ့ မင္းသားျဖစ္သူရဲ႕ေကာလဟာလေတြ၊ ခ်စ္သူေကာင္မေလးစာရင္းေတြ ရပ္တန္႔သြားတဲ့အရာကိုေတြ႔ရွိသြားတယ္လို႔ ဆိုရမလား။ သူဟာ "The Third Way of Love" မွာတူတူတြဲဖက္သရုပ္ေဆာင္ခဲ့တဲ့ မင္းသမီးျဖစ္သူ Liu Yifei နဲ႔တြဲခုတ္ေနတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ၂၀၁၅ခုႏွစ္မွာ သူတို႔တြဲခုတ္ေနတယ္ဆိုတာကို အတည္ျပဳေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔ဟာ ၂၀၁၈ခုႏွစ္မွာျပတ္ဆဲသြားခဲ့ျပီး ပရိတ္သတ္ေတြကလည္းႏွေျမာတသျဖစ္က်န္ရစ္ခဲ့ပါတယ္။
ယခုအခါမွာေတာ့ မင္းသားျဖစ္သူဟာ တစ္ကိုယ္တည္း လူပ်ိဳၾကီးျဖစ္ေနဆဲပါပဲ။ Song Seung Hoon တစ္ေယာက္အတည္တက် လက္တြဲေပါင္းဖက္ႏိုင္တဲ့ ဘ၀လက္တြဲေဖာ္ကိုရွာေတြ႔ျပီး အခ်စ္ေရးကံေကာင္းပါေစလို႔ ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္။
SHARE FROM Gi Gi (momolay)
တစ်ချိန်က Song Seung Hoon ရဲ့သက်ဆိုင်သူတွေဖြစ်ခဲ့ကြတဲ့ မင်းသမီးချောလေးများ
Song Seung Hun ဟာတောင်ကိုရီးယားရဲ့အနုပညာလောကမှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ကောလဟာလတွေအများကြီးထွက်တဲ့မင်းသားတွေထဲက တစ်ဦးဖြစ်ပါတယ်။ သိပ်မကြာခင်အချိန်တုန်းက တရုတ်မင်းသမီးချောလေး Liu Yifei နဲ့ပြတ်ဆဲသွားတဲ့သတင်းကြားခဲ့ရတာ စိတ်မကောင်းစရာပါပဲ။ လူတော်တော်များများဟာ တရုတ်မင်းသမီးအလှပဂေလေးနဲ့ပြတ်ဆဲသွားခဲ့တဲ့ မင်းသားဖြစ်သူအတွက် နှမြောတသဖြစ်နေကြပါတယ်။ ဒါပေမယ့် လူတော်တော်များများသတိမထားမိတဲ့အချက်က ချောမောလှပတဲ့ မင်းသမီးတော်တော်များများဟာ အဲ့ဒီဆွဲဆောင်မှုှရှိတဲ့မင်းသား Song Seung Hun နဲ့ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတဲ့အချက်ပါပဲ။ ဘယ်သူတွေဖြစ်မလဲဆိုတာကို ယခုပဲ မိုမိုလေးမှတင်ဆက်ပေးလိုက်ပါတယ်။
Choi Ji Woo
၁၉၉၆ ခုနှစ်မှာ Song Seung Hun နဲ့ Choi Ji Woo တို့ဟာ အနုပညာလောကထဲ သရုပ်ဆောင်အဖြစ် တစ်ချိန်တည်း၀င်ရောက်ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ နှစ်ယောက်သားတွဲနေတယ်လို့သတင်းထွက်ခဲ့ပြီး အဲ့သတင်းဟာ မှန်ကန်ကြောင်း လူသိရှင်ကြားကြေငြာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ တွဲပြီး၃နှစ်အကြာမှာ လမ်းခွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်က သူတို့ဟာအရမ်းနာမည်မကြီးသေးတဲ့အတွက် လူအများရဲဲ့အာရုံစိုက်မှုကို အနည်းငယ်သာခံခဲ့ရပါတယ်။ အခုတော့လည်း ရင်းနှီးတဲ့သူငယ်ချင်းတွေပါပဲတဲ့။
Sung Yuri
2002 ခုနှစ်မှာ Sung Yuri နဲ့ Song Seung Hoon တို့ကို Andre Kim ရဲ့မင်္ဂလာ၀တ်စုံ ရှိုးပွဲလျှောက်တဲ့အခါတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သိ်ပ်မကြာခင်မှာပဲ ၂ယောက်သား တွဲနေတယ်လို့သတင်းထွက်ခဲ့ပြီး ချက်ချင်းဆိုသလို တွဲခုတ်နေတယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ Song Seung Hoon ဟာသေသေချာချာ စဉ်းစားတတ်တဲ့သူဖြစ်တယ်လို့ ယုံကြည်ရပေမယ့် သူတို့ဟာ၁နှစ်အကြာတွဲခုတ်ပြီး ၂၀၀၃မှာပဲပြတ်ဆဲသွားခဲ့ပါတယ်။ တစ်ခုပြောစရာရှိတာက သူတို့လည်း ဘာတွေဘယ်လိုကြုံတွေ့ခဲ့ရလည်း ဘယ်သူမှမပြောနိုင်ဘူးလေ။ Sung Yuri ဟာ Liu Yifeiနဲ့မတွေ့ဆုံခင် Song Seung Hoon နဲ့နောက်ဆုံး လူသိရှင်ကြားတွဲခုတ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။
Son Ye Jin
၂၀၀၃ ခုနှစ်မှာ Son Ye Jin ဟာ Song Seung Hoon နဲံ့ "Summer Scent" ဆိုတဲ့ရုပ်ရှင်ကားမှာ ပါ၀င်သရုပ်ဆောင်ခဲ့ပြီး သူတို့၂ယောက်တွဲနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Son Ye Jin ဟာ အဲ့ဒီသတင်းကိုငြင်းဆိုခဲ့ပြီး သူတို့၂ယောက်က သူငယ်ချင်းတွေပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Lee Yeon Hee
Song Seung Hoon ဟာ စစ်မှုတာ၀န်တွေထမ်းဆောင်လို့အပြီးမှာ "East of Eden" ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့ပြီး ပြောင်မြောက်လွန်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် အနုပညာမှတ်တမ်းတစ်ခုကိုစိုက်ထူနိုင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲမှာ တူတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်သူ Lee Yeon Hee နဲ့ရိုက်ကွင်းမှာအရမ်း ရင်းရင်းနှီးနှီးဆက်ဆံတာကြောင့် သူတို့နှစ်ယောက် တွဲနေကြတယ်လို့သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မင်းသမီးဖြစ်သူဟာ အဲ့ဒီကောလဟာလကို ငြင်းဆိုခဲ့ပြီး သူတို့၂ယောက်က ဇာတ်ညွှန်းဖတ်နေတာပါလို့ပြောခဲ့ပါတယ်။ သူမဟာ အနုပညာလုပ်ငန်းကိုပဲ ဆက်လက်အာရုံစိုက်သွားချင်တယ်လို့ပြောကြားခဲ့ပါတယ်။
Liu Yifei
ပြောရမယ်ဆိုရင်တော့ မင်းသားဖြစ်သူရဲ့ကောလဟာလတွေ၊ ချစ်သူကောင်မလေးစာရင်းတွေ ရပ်တန့်သွားတဲ့အရာကိုတွေ့ရှိသွားတယ်လို့ ဆိုရမလား။ သူဟာ "The Third Way of Love" မှာတူတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်သူ Liu Yifei နဲ့တွဲခုတ်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ သူတို့တွဲခုတ်နေတယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ၂၀၁၈ခုနှစ်မှာပြတ်ဆဲသွားခဲ့ပြီး ပရိတ်သတ်တွေကလည်းနှမြောတသဖြစ်ကျန်ရစ်ခဲ့ပါတယ်။
ယခုအခါမှာတော့ မင်းသားဖြစ်သူဟာ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေဆဲပါပဲ။ Song Seung Hoon တစ်ယောက်အတည်တကျ လက်တွဲပေါင်းဖက်နိုင်တဲ့ ဘ၀လက်တွဲဖော်ကိုရှာတွေ့ပြီး အချစ်ရေးကံကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
SHARE FROM Gi Gi (momolay)
တစ္ခ်ိန္က Song Seung Hoon ရဲ႕သက္ဆိုင္သူေတြျဖစ္ခဲ့ၾကတဲ့ မင္းသမီးေခ်ာေလးမ်ား
Reviewed by Unknown
on
February 02, 2018
Rating:
No comments:
Post a Comment