ဒီေန႔ ကြၽန္မ အလုပ္လုပ္တဲ့ ေ႐ွာ့ပင္းေမာမွာ အရမ္းကို လူေတြ စည္ကားေနတယ္… ပံုမွန္ ေရာင္းရတာထက္ကို ပိုၿပီးေရာင္းရတယ္…
လာဝယ္ၾကတာလဲ ခပ္ငယ္ငယ္ ေကာင္ေလးေတြ ေကာင္မေလးေတြေပါ့…သူတို႔ေတြ အမ်ားဆံုးဝယ္ေနၾကတာက ဒီဇိုင္းတူ အေရာင္တူ အမ်ိဳးသားဝတ္နဲ႔အမ်ိဳးသမီးဝတ္ အက်ႌေတြ၊ေခ်ာကလက္မ်ိဳးစံုေတြ၊ အ႐ုပ္လွလွေလးေတြေလ။
ဘာလို႔ ဝယ္ေနၾကတာလဲ…ဘာျဖစ္လို႔လဲ သိခ်င္လာတယ္… ေဘးနားက သူငယ္ခ်င္းကို ေမးၾကည့္လိုက္ေတာ့…မနက္ျဖန္ ဗယ္လင္တိုင္းေဒး(ခ်စ္သူမ်ားေန႔)တဲ့ေလ…
ျဖတ္ခနဲ ခုန္သြားတဲ့ ရင္ခုန္သံ တစ္ခ်က္ အဲ့ဒါရဲ႕ ေနာက္က တဆတ္ဆတ္တုန္ၿပီး နာက်င္သြားတဲ့ ႏွလံုးသား တစ္စံု…
နားက်ည္းမႈေတြနဲ႔ အတူ ေမ့ထားခဲ့တဲ့ လြန္ခဲ့ေသာ အတိတ္က ရက္စြဲေတြကို ျပန္သတိရမိလိုက္တယ္။
ဟုတ္တယ္…သံုးႏွစ္ သံုးႏွစ္ သံုးႏွစ္ဆိုတာ ဘာမွ မၾကာလိုက္သလိုပါပဲ…ဒီလို ခ်စ္သူမ်ားေန႔ တစ္ေန႔မွာေပါ့…ဦးနဲ႔ ပထမဆံုး ေတြ႔တဲ့ေန႔ ဒါမွမဟုတ္ ေနာက္ဆံုးေတြ႔ခဲ့တဲ့ ေန႔။
ဟဲ့…ဘာေတြ စဥ္းစားေနတာလဲ၊ ပုခံုးကိုပုတ္ရင္း ေျပာတဲ့အသံကို ၾကားမွ လက္ရိွ အေနအထားနဲ႔ ပစၥဳပၸန္ကို ျပန္ၿပီးေရာက္သြားတယ္…
ဒါေပမယ့္ ခဏေလးပါပဲ စိတ္ရဲ႕ေစရာ အတိတ္ကာလကို လြင့္ေမ်ာၿပီး ျပန္ေရာက္သြားေလရဲ႕….
စဥ္းစားစရာ မလိုတဲ့ အေၾကာင္းေတြက အစီအရီ ႐ုပ္႐ွင္က အေႏွးျပကြက္လို တစ္ကြက္ျခင္း တစ္ကြက္ျခင္းေျဖးေျဖးျခင္း ျပန္ၿပီး ျမင္ေယာင္လာတယ္။
အျဖစ္က ဒီလို ကြၽန္မက နယ္ၿမိဳ႕ေလး တစ္ၿမိဳ႕မွာ ေမြးခဲ့တယ္…အဲ့ဒီ ၿမိဳ႕ေလးမွာပဲ အသက္(၁၇)ႏွစ္အထိ ေနထိုင္ခဲ့ရတယ္။
ဆင္းရဲသား မိသားစုက ေမြးဖြားလာတဲ့ တစ္ဦးတည္းေသာ သမီး…မိဘေတြက ဆင္းရဲေတာ့ ဘာအေမြမွ မေပးႏိုင္ဘူးတဲ့…
သူတို႔ ေပးခဲ့ႏိုင္တာက ပညာအေမြပဲတဲ့…ဒီစကားက ေဖေဖနဲ႔ ေမေမရဲ႕ ဆံုးမေနက် စကားေလးပါ။
ကြၽန္မက စာေတာ္တဲ့ စာရင္းမွာ မပါေပမယ့္ စာ ကိုေတာ့ ႀကိဳးစားပါတယ္…တစ္ႏွစ္ တစ္တန္း ပံုမွန္ေအာင္တယ္…
ဒီလိုနဲ႔ ဆယ္တန္းစာေမးပြဲကိုလည္း ႏွစ္ျခင္းေပါက္ ေအာင္ခဲ့တယ္ပဲ ေျပာပါေတာ့…ကြၽန္မရဲ႕ ပံုစံကို ကြၽန္မေျပာျပမယ္…ပတ္ဝန္းက်င္က ေျပာတာေတာ့ အရမ္းကိုလွတယ္တဲ့…
ႏွဖူးက အက်ဥ္းမက်ယ္ ကႀကီးပံု ႏွဖူး ဆံတံခြန္ ေလးနဲ႔…မ်က္ခံုးက ေမ်ွာ့ႏွစ္ေကာင္ တင္ထားသလို႔ နက္စိုေနတယ္…
ႏွာေခါင္းေလးက ဖူးဖူးလံုးလံုးေလးနဲ႔…ကိုယ္လံုး ကိုယ္ေပါက္က ဒီဖက္က ေခတ္လို ေမာ္ဒယ္ စတိုင္မဟုတ္ဟို အရင္ေခတ္က မယ္&ာ ဆိုဒ္မ်ိဳးေလ…
လွတယ္ ဆိုတာထက္ ပုရိသ ေယာက်ာၤးေတြကို စြဲျငိသြားေစႏိုင္တဲ့
သူတစ္ေယာက္ေပါ့။
ကိုးတန္း ဆယ္တန္း အရြယ္မွာ ေက်ာင္းတက္ရင္း အတန္းေဖာ္ေတြ အျပင္က ေကာင္ေလးေတြရဲ႕ ရည္းစားစာ ေပးခံရတာ ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္း အေျပာခံရတာ ရိွခဲ့ေပမယ့္ နယ္ၿမိဳ႕ေလးက က်ဥ္းတာရယ္ အေဖနဲ႔အေမရဲ႕ အုပ္ထိန္းမႈရယ္ေၾကာင့္ ရည္းစားသနာ မထားခဲ့။
ဆယ္တန္းကို ကြၽန္မတို႔ ၿမိဳ႕ေလးက ပရဟိတ ေက်ာင္းမွာ ခ်ိဳ႕တဲ့စြာ ပညာသင္ရင္း ေအာင္ျမင္ခဲ့ပါတယ္။ဒါကိုက ဦးနဲ႔ ကြၽန္မ ေတြ႔ဖို႔ ဆံုဖို႔ အခြင့္အေရး ျဖစ္လာတာ။
ဆယ္တန္းေအာင္ေတာ့ ကြၽန္မက တကၠသိုလ္ တက္ခ်င္တယ္။ဘြဲ႔တစ္ခုေတာ့ လိုခ်င္တယ္။
အေဖနဲ႔ အေမက မခြဲႏိုင္တဲ့ အျပင္ ေငြကုန္ေၾကးၾက မတတ္ႏိုင္။ကြၽန္မကေတာ့ မျဖစ္ျဖစ္ေအာင္ တက္မယ္လို႔ ဆံုးျဖတ္ထားတဲ့သူ။
ဒီလိုနဲ႔ သားအမိ သားအဖ သံုးေယာက္ တိုင္ပင္ၿပီး ညိွလိုက္ၾကတယ္။ ကြၽန္မ တကၠသိုလ္တက္လို႔ ကုန္ၾကမယ့္ ေငြအတြက္ ေက်ာင္းတက္ရင္း အလုပ္လုပ္မယ္။
ေဒး မတက္ပဲ အေဝးသင္တက္ၿပီး ဘြဲ႔တစ္ခုယူမယ္ေပါ့။ ဒီအထိ ျပႆနာ မရိွ။ အဓိက ျပႆနာက အေဖနဲ႔အေမရဲ႕ အရိပ္ေအာက္မွာ မရိွပဲ သူတို႔ရဲ႕ မ်က္စိကြယ္ရာ နားကြယ္ရာျဖစ္ေနလို႔တဲ့။ကြၽန္မ ေတာ္ေတာ္ကို ေျပာယူရတယ္။
အေဖနဲ႔အေမရဲ႕ အနီးအနားမွာ မဟုတ္ေပမယ့္ လိမၼာပါ့မယ္ စိတ္ခ်ပါလို႔ ငိုတစ္ခါ ရယ္တစ္လွည့္ ေျပာမွသေဘာမတူခ်င္ေပမယ့္ အေလ်ာ့ေပးၿပီး လိုက္ေလ်ာၾကတာပါ။
ကြၽန္မတို႔ အိမ္နားက အစ္မႀကီး တစ္ေယာက္ရဲ႕ ေက်းဇူးနဲ႔ ေက်ာင္းတက္မယ့္ၿမိဳ႕က အခုအလုပ္လုပ္ေနတဲ့ ေ႐ွာ့ပင္းေမာမွာ အေရာင္းစာေရးမ ရာထူးနဲ႔ အလုပ္လုပ္ခြင့္ ရခဲ့တယ္ေလ။
အလုပ္လုပ္ရင္း အေဝးသင္တက္မွာလို႔ သူေဌးမကို ေျပာျပေတာ့ ဆယ္တန္းေအာင္ၿပီးသားလားတဲ့။ဟုတ္ကဲ့လို႔ ျပန္ေျပလိုက္ေတာ့ ကြန္ျပဴတာတတ္လားတဲ့။ ဟင့္အင္းေပါ့။
ဒါဆို ကြန္ျပဴတာ တတ္ေအာင္သင္လိုက္ စာရင္းကိုင္ရာထူး ေပးမယ္တဲ့။ ေပ်ာ္လိုက္တာ။
ဒါေပမယ့္ ကြန္ျပဴတာသင္တန္းတက္ဖို႔က အခက္ အခဲ ရိွတယ္ေလ။
ဘယ္မွာလဲ သင္တန္းေၾကးေပးဖို႔ ပိုက္ဆံ စုရ
မွာေပါ့။ လခထဲက ခြဲစုၿပီး ျဖစ္ေအာင္ေတာ့ တက္ရမယ္။ဒီိလိုနဲ႔ အလုပ္ဝင္ၿပီး တစ္လေလာက္ရိွေတာ့သူေဌးမက ေခၚၿပီးေမးတယ္။
ကြန္ျပဴတာ တက္ေနၿပီးလားတဲ့။ မတက္ျဖစ္ေသးေၾကာင္း ပိုက္ဆံစုတုန္းမို႔ ျပည့္ရင္တက္မယ့္ အေၾကာင္းေျပာေတာ့ သူႀကိဳထုတ္ေပးမယ္တဲ့။
ေနာက္မွ လစာထဲက အရစ္က် ျပန္ဆပ္ေလတဲ့။ေက်းဇူးတင္လိုက္တာ႐ွင္။ဒါနဲ႔ပဲ သင္တန္းတက္ျဖစ္သြားတယ္။
ကိုယ္တိုင္ကလည္း တတ္ခ်င္ အလုပ္ရာထူးအတြက္ကလည္း မတတ္လို႔ မျဖစ္။ႀကိဳးစားၿပီေလ။
ဘယ္ေနရာမွာ မဆို အေကာင္းအဆိုး ဒြန္တြဲေနတဲ့ ေလာကႀကီးရဲ႕ နိယာမ သဘာဝမို႔ ကြန္ျပဴတာ သင္တန္းတက္ရင္းနဲ႔ေဖ့စ္ဘြတ္ သံုးတတ္လာတယ္။
ခ်က္တင္ ထိုင္တတ္လာတယ္။ သူငယ္ခ်င္းေတြ လိုက္႐ွာတာေပါ့။ ကိုယ္သေဘာက်တဲ့သူဆို သူငယ္ခ်င္း ျဖစ္ခြင့္ေတာင္း၊ တစ္ခ်ိဳ႕က သူငယ္ခ်င္း အျဖစ္ လက္ခံေပးပါဆို ျပန္လက္ခံလိုက္နဲ႔ေပါ့။
ေပ်ာ္စရာႀကီး ေက်နပ္စရာႀကီးေတြေလ။အတတ္က်ဴးရင္ ဘီလူးျဖစ္သတဲ့။တတ္လာေတာ့လည္း စမ္းသပ္ခ်င္တာေပါ့။
သူမ်ားေတြ ဓာတ္ပံုတင္သလို ဓာတ္ပံုေတြ လိုက္တင္ စာတိုေပစေတြေရးနဲ႔။ကိုယ့္ကိုယ္ကို အထင္ေတြႀကီးလာတယ္။
သင္တန္းမွာ ဆရာက သင္တာေတြ ေရးလိုက္ မွတ္လိုက္ သင္တန္းခ်ိန္ၿပီးေတာ့ေဖ့စ္ဘြတ္ေလး သံုးလိုက္နဲ႔ေပါ့။
ဒီလိုနဲ႔ တစ္ရက္ လိုင္းေပၚမွာ မက္ေဆ့ တစ္ေစာင္ေရာက္လာတယ္။သမီးေရ ခင္မင္ခြင့္ ေပးပါလားတဲ့။
ရပါတယ္ေပါ့ ခင္လို႔ရပါတယ္ေပါ့။ဒါနဲ႔သူ႔ ပ႐ိုဖိုင္းထဲ ဝင္ၾကည့္လိုက္ေတာ့ အားပါးပါး နယ္စပ္ၿမိဳ႕တစ္ၿမိဳ႕က ကားပြဲစား လုပ္တဲ့သူပဲ။
သူတင္ထားတဲ့ ပံုနဲ႔ေမြးေန႔ကို ၾကည့္လိုက္ေတာ့ ကြၽန္မနဲ႔ အသက္ကြာတယ္…ဦးေလးအရြယ္ေပါ့…
ကြၽန္မထက္ အႏွစ္သံုးဆယ္ေလာက္ ပိုႀကီးတယ္…သူတင္တဲ့ ပို႔စ္ေတြကို ၾကည့္ၾကည့္ေတာ့ ေလးစား အတုယူစရာ ခင္မင္ခ်င္စရာ…ဟ၀
မနက္ေစာေစာ ဘုရားပံုေလးနဲ႔ မဂၤလာပါအားလံုး က်န္းမာ ခ်မ္းသာ ၾကပါေစအလုပ္မသြားခင္ ဘုရားဝတ္ျပဳေနတာတစ္ကိုယ္တည္းမို႔ ျဖစ္သလိုပဲစားရတယ္
ဒီေန႔ ပြဲျဖစ္လို႔ ကုသိုလ္ယူစသျဖင့္ေပါ့ အမ်ားႀကီးပါပဲ၊ အထင္ႀကီးခ်င္စရာေတြေလ။
ဒီလိုနဲ႔ ခင္သြားတယ္ ဆိုၾကပါစို႔…သင္တန္းေလး လာတက္ အားရင္ ဦးနဲ႔ ခ်က္တင္ထိုင္…စကားေတြေျပာနဲ႔ေပ်ာ္စရာ ေကာင္းလိုက္တာ…
ဦးက ဟာသေတြေျပာတတ္သလို တစ္ခါတစ္ေလ လူႀကီးဆန္ဆန္ ဆံုးမတတ္ေတာ့ ပိုလို႔ပိုလို႔ သံေယာဇဥ္ႀကိဳးက ခိုင္ၿပီ္ေလ။
တစ္ေန႔ေတာ့ ဦးက ညဖက္ၾကမွ ေအးေအး ေဆးေဆး စကားေျပာပါရေစတဲ့…ကြၽန္မက မရဘူး ဦးရဲ႕ အေဆာင္မွာ ကြန္ျပဴတာလဲ မရိွဘူး၊ ဖုန္းလဲ မ႐ိွဘူး ဆိုေတာ့ ဘာမွမပူနဲ႔တဲ့ မနက္ျဖန္ ဘဏ္ကေန ေငြလႊဲေပးလိုက္မယ္ ဖုန္း
တစ္လံုးနဲ႔ ဆင္းကဒ္ ဝယ္လိုက္တဲ့။
ေပ်ာ္လိုက္တာျငင္းဆန္ခ်င္ေပမယ့္ သူမ်ားေတြလို ကိုယ္လဲ ကိုင္ခ်င္တာေပါ့…ဒီလိုနဲ႔ပဲ မျငင္းျဖစ္ခဲ့ပါ…
ကိုယ္ပိုင္ ဟမ္းဖုန္းေလးနဲ႔ ညညဆို ဦးဆီ ဖုန္းဆက္မက္ေဆ့ပို႔ တီတီိတာတာ ခြၽဲႏြဲ႔ေျပာရင္း သာယာ ယစ္မူးခဲ့ရတဲ့ အခ်ိန္ေတြက တကယ္ဆို ပင့္ကူအိမ္ထဲ တေျဖးေျဖး တိုးဝင္မိမွန္း မသိခဲ့ပါ။
ဦးက ဘာလိုသလဲ ဘာျဖစ္ခ်င္လဲ အခ်ိန္မေရြး ဖုန္းဆက္လိုက္ပါတဲ့ေပးကမ္းေထာက္ပံ့မႈေတြရဲ႕ ေနာက္ကပါလာတဲ့ ျပန္လည္ ေတာင္းဆိုျခင္းေတြဟာလည္း ငါးစာကို စားမိၿမိဳမိတဲ့ ငါးလိုပဲ ငါးမ်ွားခ်ိတ္က တစ္တန္းတန္းပါလာေလရဲ႕…
ဦးရဲ႕ ပထမဆံုး ေတာင္းဆိုမႈကေတာ့ အထီးက်န္ လူပ်ိဳႀကီးရဲ႕ ဘဝကို နားလည္ေပးပါ လိုအပ္ေနတဲ့ ကြက္လပ္ေလး ျဖည့္ေပးပါ
ဦးဘဝမွာ သမီးသာ အနားမွာ ရိွေနမယ္ဆိုရင္တဲ့ဒီအေျပာေလးေတြနဲ႔တင္ အပ်ိဳစင္ အပ်ိဳ႐ိုင္းေလး ရင္ထဲ မိုင္းခြဲ ခံလိုက္ရသလို ဝုန္းဒိုင္းက်ဲၿပီေပါ့…ဒီလိုနဲ႔ တစ္ေန႔ဦးက ခ်စ္တယ္တဲ့ ေမ်ွာ္လင့္ၿပီးသား စကားပါ။
အေျဖကလဲ ရိွၿပီးသား….အားကိုး ခ်စ္နဲ႔ ခ်စ္ေနမိတာေလ…တစ္ဘဝလံုးအတြက္ မီွခိုထားအားရမယ္ ထင္ၿပီး အေျဖျပန္ေပးမိခဲ့တယ္…ဦးရယ္ သမီးကလဲ ခ်စ္ပါတယ္။
ခ်စ္သက္တမ္း သံုးလ ျပည့္ခါနီးမွာ ဦးက လူခ်င္းေတြ႔ပါရေစတဲ့…ကြၽန္မလဲ အျပင္မွာ ဦးကို ေတြ႔ဖူးျမင္ဖူးခ်င္တာေပါ့…
ဒါနဲ႔ပဲ ေတြ႔ၾကမယ့္ ရက္ကို ညိွလိုက္ၾကတယ္…ဦးက ကြၽန္မ အလုပ္လုပ္တဲ့ ၿမိဳ႕ကို လာခဲ့မယ္တဲ့ဦးနဲ႔ ကြၽန္မ ေတြ႔မယ့္ ရက္က ရင္ခုန္ခ်င္စရာ ေန႔ေလးေလ အဲ့ဒီေန႔ကေတာ့ ‘ဗယ္လင္တိုင္းေဒး’
ခ်စ္သူမ်ားေန႔
ဦးက သူေနတဲ့ နယ္စပ္ၿမိဳ႕ကေန ကြၽန္မဆီကို သူ႔ကိုယ္ပိုင္ကားနဲ႔ ေမာင္းလာမွာ ႏွစ္ညအိပ္ေလာက္ေမာင္းမွ ေရာက္မွာတဲ့…သနားလိုက္တာ ဦးပင္ပန္းမွာပဲ…
ဦးေရာက္မွ ဦးကို အၾကင္နာေတြ ယုယမႈေတြ ေပးရမယ္…မနက္ဖန္ ဗယ္လင္တိုင္းေဒး ဒါကို ေတြးရင္းတစ္ညလံုး အိပ္မေပ်ာ္ မနက္က် ဦးကားၿမိဳ႕ထဲကို ဝင္လာတာနဲ႔ မလြဲေအာင္လို႔ ခ်ိန္းထားတဲ့ ေကာ္ဖီဆိုင္ေလးကို ေစာေစာသြားရမယ္…ဒါမွ ဦး မ်က္စိ မလည္မွာ…
အေစာႀကီးထ ဖီးလိမ္းဝတ္စားရင္း သီခ်င္းေလး တၿငီးၿငီးနဲ႔ ေပ်ာ္စရာေကာင္းလိုက္တဲ့ ေန႔ေလးေပါ။
ေကာ္ဖီဆိုင္မွာ ထိုင္ေစာင့္လို႔ နာရီဝက္ေလာက္ ၾကာေတြ ဖုန္းဝင္လာတယ္…သမီး ဦး အခု ၿမိဳ႕ထဲ ဝင္ၿပီတဲ့..
ရင္ေတြ ပရမ္းပတာ ခုန္ၿပီေလ…ရည္းစားသနာ မထားဖူးေယာက်ာၤးေလးေတြနဲ႔ နီးစပ္မႈကလဲ မရိွတဲ့ ကြၽန္မ ထိုင္ရမလို ထရမလို…ေဟာ ဟိုမွာ ဦးလာၿပီ…
ကားအေကာင္းစားႀကီးေပၚကေန ကြၽန္မကို ျပံဳးျပေနေလရဲ႕….ကြၽန္မက ထၿပီး သြားႀကိဳမယ္ လုပ္ေတာ့ ဦးက လက္ယပ္လွမ္းျပတယ္…ေနေန ရတယ္ဆိုတဲ့ သေဘာေပါ့…
ဦး ဘာစားမလဲ…ႏြားႏုိ႔ တစ္ခြက္ ၾကက္ဥနဲ႔ ဌက္ေပ်ာ္သီးေရာၿပီး ပလာတာ တစ္ခ်ပ္….
စားလို႔ ေသာက္လို႔ ၿပီးေတာ့ ဦးက ဘယ္သြားမလဲတဲ့…
ကြၽန္မလဲ ဘုရားကို အရင္သြားမယ္၊ၿပီးမွ ဒီၿမိဳ႕ရဲ႕ နာမည္ႀကီး ေနရာေတြ လိုက္ပို႔မယ္ေလ ဆိုေတာ့…
သမီးသေဘာတဲ့ ….ဒီေန႔ တစ္ေန႔လံုး ဦးက သမီးရဲ႕ ဒ႐ိုင္ဘာ ေဖေဖပါတဲ့…ဘာ ဒ႐ိုင္ဘာ ေဖေဖလဲ ဆိုေတာ့ သြားခ်င္တာသြား ဝယ္ခ်င္တာဝယ္ စားခ်င္တာစားတဲ့…ဟယ္ တစ္ကယ္လား…ဟုတ္ပါ့ဗ်ားတဲ့…
ဘုရားကိုသြား ျပန္လာေတာ့ အလုပ္လုပ္တဲ့
ေ႐ွာ့ပင္းေမာကိုဝင္ ဦးက အ႐ုပ္အႀကီးႀကီး တစ္႐ုပ္(ကြၽန္မအရပ္ေလာက္ရိွတဲ့ ဝက္ဝံ႐ုပ္ႀကီး) ၿပီေတာ့ ဦးနဲ႔ ကြၽန္မဆင္တူ အက်ီႌေလး ႏွစ္ထည္ ဝယ္လာခဲ့တယ္…
ဆိုင္ကေနထြက္လာေတာ့ ေအးေအးေဆးေဆး စကားေျပာလို႔ ရတဲ့ေနရာ သြားရေအာင္တဲ့…ကမ္းနားလမ္းက လက္ပံပင္ အႀကီးႀကီးေအာက္ကို လမ္းၫႊန္လိုက္မိတယ္။
ဒီလိုနဲ႔ ကားေလးကို လက္ပံပင္ႀကီးေအာက္ထိတိုးၿပီး စက္မသတ္ပဲ အဲကြန္းဖြင့္ၿပီး စကားေတြေျပာၾကရင္း ခ်စ္တင္းေႏွာၾကရင္း ကြၽန္မကေတာ့ စိတ္နဲ႔ ကိုယ္နဲ႔မကပ္ခ်င္…
ကိုယ္မေရာက္ဘူးတ့ဲ မလည္ဘူးတဲ့ အရပ္ေဒသကို ေရာက္သြားသလိုပါပဲ အားလံုးဟာ အသစ္အဆန္းေတြ ျဖစ္ေနေလရဲ႕…ခဏေလာက္ၾကာေတာ့ ဦးကေရေသာက္မလားတဲ့…
ဟုတ္တယ္ ကြၽန္မ ေရေသာက္ရမယ္ေလ…အာေခါင္ေတြ ေျခာက္ကပ္ေနတာ အခုမွ သ
တိထားမိတယ္။
ဦးရဲ႕ ကားမွာပါတဲ့ ေရခဲ ေသတၱာ ေသးေသးေလးထဲက ေရသန္ဘူးေလး ေပးလို႔ ယူၿပီး ေသာက္လိုက္တယ္…
ဦးကေတာ့ မေသာက္ေတာ့ဘူးတဲ့…ၿပီးေတာ့
ဦးက ကိုကာကိုလာ အခ်ိဳရည္ဘူးေလး ထပ္ထုတ္လိုက္ၿပီး ေခါင္းၾကည္သြားေအာင္ ထပ္ေသာက္လိုက္တဲ့ ဒါေပမယ့္ ေဖာက္ေသာက္ထားေတာ့ အသစ္မဟုတ္…
သမီးရြံတတ္လားတဲ့ ဟင့္အင္းေပါ့…ကိုယ့္ခ်စ္သူ ေသာက္ထားတာ ဘာလို႔ မသတီစရာ ရိွမလဲ… ခ်စ္တင္းေႏွာတုုန္းကေတာင္ ႏုတ္ခမ္းျခင္း နမ္းခဲ့ စုပ္ခဲ့ေသးတာပဲ။
အခ်ိဳရည္ဗူးကို ယူၿပီးေသာက္လိုက္တယ္…ခဏေနေတာ့ ဦးက ကားေမာင္းလာတာ ပင္ပန္းလို႔ ကားေနာက္ခန္းမွာ ခဏလွဲေနခ်င္တယ္တဲ့…
ဟုတ္တာေပါ့ ဦးနားခ်င္မွာေပါ့…ရတယ္ ရတယ္ ဆိုၿပီး ကားေနာက္ခန္းထဲေရြ႔ ႏွစ္ေယာက္ထိုင္ ကုလားထိုင္ကို ေနာက္လွန္ခ်ၿပီး လွဲေနလိုက္ၾကတယ္…
ကားအဲယားကြန္း ေအးတာေၾကာင့္လား ခင္ေမာင္တိုး သီခ်င္းေၾကာင့္လား အိပ္ခ်င္စိတ္ေပၚလာၿပီး သတိထားေနတဲ့ ၾကားကေန ေမွးကနဲ အိပ္ေပ်ာ္သြားတယ္လို႔ ထင္လိုက္တယ္။
အဲ့ဒီမွာ အံ့ဩစရာေကာင္းတာက အ္ိမ္မက္ေတြေလ…အိမ္မက္ေတြ ကြၽန္မ အိမ္မက္ေတြ မက္ေနသလို ခံစားေနရတယ္…
အိမ္မက္ထဲမွာ ကြၽန္မ တစ္ခါမွ မေရာက္ဘူး တဲ့ ပင္လယ္ျပင္ႀကီးထဲမွာ လိႈင္းလံုးႀကီးေတြ စီးေနရသလိုဘုရားပြဲေတာ္က ပင္လယ္ဓားျပ ေလွႀကီး စီးေနရသလို ရင္ခုန္သံေတြက အနိမ့္ အျမင့္ မညီမညာ လိႈက္ကနဲ ဖိုကနဲ ေခြၽးေစးေတြလဲ ျပန္လာသလို ခံစားခ်က္ေတြက အဆံုးစြန္ထိ အလန္႔တၾကားေပမယ့္ မ႐ုန္းႏိုင္ မထြက္ႏိုင္ေအာင္ပါပဲ။
အိမ္မက္က တေရးႏိုးလာေတာ့ ကြၽန္မရဲ႕ ကိုယ္ေပၚမွာ မနက္က ဝတ္ထားတဲ့ အဝတ္အစားေတြ မရိွေတာ့ ဦးနဲ႔ အတူဝယ္လာတဲ့ ဆင္တူ အက်ီႌေလးရယ္ ဦးဝယ္ေပးတဲ့ သရီးကြာတား ဂ်င္းေဘာင္းဘီေလးရယ္ လဲၿပီးသားျဖစ္ေနၿပီ… ကြၽန္မလဲတာ မဟုတ္ဘူး ဒါဆိုရင္ ဘယ္သူကလဲေပးထားတာလဲ။
ကြၽန္မ အလန္႔တၾကားနဲ႔ ဦးကို ၾကည့္လိုက္ေတာ့ ဦးရဲ႕ မ်က္ဝန္းက ေတာင္းပန္တိုး႐ိွဳး ေနတဲ့ အၾကည့္ေတြ ၿပီးေတာ့ ဦးႏုတ္က မပြင့္တပြင့္ စကားသံကို ၾကားမိလိုက္တယ္…
သမီးရယ္ ဦးမွားသြားပါတယ္…ခ်စ္လြန္းလို႔
ျဖစ္သြားတာပါ…ေတာင္းပန္ပါတယ္…ခြင့္လႊတ္ပါ ဆိုတဲ့စကားလံုးေတြ ဗလံုးဗေထြးနဲ႔ တရစပ္ ၾကားလိုက္ရတယ္သမီးကို အတည္တက် လက္ထပ္ယူမွာပါတဲ့။
ကြၽန္မ. ဘာမ်ားတတ္ႏိုင္မွာလဲ…လြန္သြားၿပီေလ လြန္ကုန္ၿပီ… ဘာမွ ျပန္ျပင္လို႔ မရေတာ့တဲ့ အေျခအေန လက္ထပ္ယူမွာပါ ဆိုတဲ့ စကားကိုေတာင္ ေက်းဇူးတင္ရမယ့္ အေနအထားေပါ့။
ဒါေပမယ့္ ကြၽန္မ သိခ်င္တာေလး တစ္ခုကို
ေတာ့ ေမးလိုက္မိတယ္…ဦး မလိမ္မညာဘဲ ေျဖေပးပါ…
ဦး တိုက္တဲ့ အခ်ိဳရည္ထဲမွာ ဘာေတြ ထည့္
ထားလဲ…တစ္ခုခုေတာ့ ပါမွာေပါ့ေနာ္….ဦး မ်က္ႏွာပ်က္ သြားတယ္။
ဟုတ္တယ္ သမီးသမီး ျငင္းဆန္မွာ ဆိုးရိမ္လို႔ အိပ္ေဆးရယ္အမ်ိဳးသမီး ကာမ စိတ္ႂကြေဆးရယ္ ႏွစ္မ်ိဳးႏွစ္မ်ိဳးစလံုး ထည့္လိုက္တာတဲ့။
ဟယ္ ဦးရယ္ လုပ္ရက္လိုက္တာ… သမီးကို ဒီလိုလုပ္ဖို႔ ရည္ရြယ္ခ်က္ ရိွရိွ ႀကိဳတင္ ၾကံစည္ထားတာပဲ…
အခုမွ စိတ္ဆိုးမရ အျပစ္တင္မရတဲ့ ကြၽန္မ ဘဝဦးရဲ႕ လက္ခုပ္ထဲကေရ သြန္လိုသြန္ ေသာက္လိုေသာက္တန္ဖိုးက်တဲ့ အမ်ိုးသမီး တစ္ေယာက္ ျဖစ္ခဲ့ရၿပီ…
ဒီလိုနဲ႔ ညေနက် အေဆာင္ကို ျပန္ပို႔ၿပီး ဦး ဟိုမွာရိွတဲ့ အလုပ္ေလးေတြ အျမန္ျဖတ္ၿပီး ျပန္လာခဲ့မယ္။
သမီးရဲ႕ မိဘေတြဆီမွာ ခြင့္ေတာင္းၿပီး လက္ထပ္ယူပါ့မယ္တဲ့ေနာက္ေန႔ မနက္ မျပန္ခင္ ဦးက လာႏုတ္ဆက္ေတာ့ သမီးကို ဦးက အရမ္း်စ္တာပါတဲ့ ဒါက ကြၽန္မနဲ႔ဦးရဲ႕ ေနာက္ဆံုး ေတြ႔ဆံုျခင္း ေနာက္ဆံုး ႏုတ္ဆက္ စကား ဆိုတာ ကြၽန္မ ႀကိဳမသိခဲ့ပါ…
ဒီလိုနဲ႔ ဦး ျပန္သြားၿပီး တစ္လေလာက္အထိ အ
ဆက္အသြယ္ ရေပမယ့္ ေနာက္ပိုင္းက်ေတာ့ ဖုန္းဆက္လို႔ မရေတာ့ အင္တာနက္လိုင္းေပၚမွာလဲ မေတြ႔ေတာ့ပါ…ကြၽန္မ စိုးရိမ္စိတ္ေတြ ဝင္ၿပီေလ။
ကြၽန္မကို ထားသြားၿပီလား…
ပန္းေကာင္း အၫႊန္႔ခ်ိဳး ခံလိုက္ရၿပီလား…
ေမးခြန္းေပါင္း မ်ားစြာ လားေပါင္းမ်ားစြာနဲ႔ အတူ
ကြၽန္မ ဘဝထဲကို ဝင္လာတာက ဦးျပန္သြားၿပီး သံုးလဆိုတဲ့ အခ်ိန္မွာ ကြၽန္မ ကိုယ္ဝန္ ရိွေနခဲ့ၿပီ…
မဖိတ္ မေခၚဘဲ ေရာက္လာတဲ့ ရင္ေသြးေလးနဲ႔
လူ႔ေလာက ပတ္ဝန္းက်င္မွာ ရင္ဆိုင္ရေတာ့မယ့္ အ႐ွက္တရား ဂုဏ္သိကၡာ အတြက္ ကြၽန္မ ေပးဆပ္ရေတာ့မယ္။
ကိုယ္ျပဳခဲ့တဲ့ အလုပ္တစ္ခုအတြက္ အမွားတစ္ခုအတြက္ျပန္ဆပ္ရမယ့္ အေႂကြးက အမ်ားႀကီးပါပဲ…
ဘာပဲျဖစ္ျဖစ္ သတၱိရိွရိွ ရင္ဆိုင္ရပ္တည္ ရလိမ့္
မယ္… ျပႆနာ အကိ်ဳးအေၾကာင္းကို ဆိုင္႐ွင္ သူေဌးမကို ေျပာျပ အကူအညီေတာင္းေတာ့ အမ်ိဳးသမီးခ်င္း သားသမီးခ်င္း ကိုယ္ခ်င္းစာ စိတ္နဲ႔ ကူညီပါ့မယ္တဲ့…
ဒီကေလးကို ျဖစ္ေအာင္ေမြးပါ…ဘာမွ အနၱရာယ္ မျဖစ္ပါေစနဲ႔တဲ့…ဒီဆိုင္မွာပဲ အလုပ္ဆက္လုပ္ပါ…ႏွစ္ေယာက္စလံုးကိုေကြၽးေမြး ေစာင့္ေ႐ွာက္ တာဝန္ယူပါ့မယ္တဲ့။
ဒီျပႆနာရဲ႕ ေနာက္ဆက္တြဲက အေဖနဲ႔ အေမ ကိစၥ… ဘယ္လို႐ွင္းရမွာလဲ ဘယ္လိုေျပာရမွာလဲ…
အရိပ္တၾကည့္ၾကည့္နဲ႔ ထားလာတဲ့ သမီးေလးအတြက္ သူတို႔ ယူက်ိဳးမရ ခံစားရေပလိမ့္မည္…သိုေပမယ့္ မတတ္ႏိုင္ ဖြင့္ေျပာရေတာ့မွာပဲ…
တစ္ကယ္တမ္း ဖြင့္ေျပာေတာ့အေဖနဲ႔ အေမရဲ႕ ႏွစ္သိမ့္စကားက သမီး ဝဠ္ေႂကြးလို႔ သေဘာထားၿပီး ဒီဘဝမွာ ေက်ေအာင္ဆပ္ၾကတာေပါ့တဲ့…
ေက်းဇူးပါ အေဖနဲ႔ အေမသမီးမိုက္ မဟုတ္ေပမယ့္ ျပင္မရတဲ့ အမွားတစ္ခုကို ခြင့္လႊတ္ေပးလို႔ပါ။
ဒီလိုနဲ႔ ေလာကဒဏ္ကို ရင္ဆိုင္ ျဖတ္သန္းရင္း
သမီးေလးနဲ႔ အတူ ျဖတ္ေက်ာ္လာခဲ့တာ သမီးေလးေတာင္ ႏွစ္ႏွစ္ျပည့္ၿပီးၿပီ…
အခု ေရးေနတဲ့ စာေတြက ကြၽန္မ သမီး အရြယ္
ေရာက္ လူလားေျမာက္တဲ့ အခ်ိန္မွာ သူ႔ကို ေပးဖတ္ရမွာေပါ့…
သမီး မိန္းကေလးဆိုတာ မိဘ အုပ္ထိန္းမႈနဲ႔ ကင္းကြာရင္ အနၱရာယ္မ်ားေၾကာင္း ဘယ္အရာမဆို စူးစမ္း ဆင္ခ်င္တဲ့ စိတ္နဲ႔ လက္တဲ့စမ္းၾကည့္ခ်င္တဲ့စိတ္ ခြဲျခားသိေစဖို႔ တိုးတက္လာတာနဲ႔ အမ်ွ ေယာက်ာၤးဆိုတာ အကုန္လံုး မဟုတ္ေပမယ့္ မိန္းကေလးတိုင္းကို အနၱရာယ္အေပး
ႏိုင္ဆံုးက သူတို႔ပဲ ဆိုတာ သမီးေလး သိေစဖို႔ေပါ့။
ဟုတ္တယ္…ဒီအေၾကာင္းေတြကို ကြၽန္မကိုယ္တိုင္ ရင္နာနာ နဲ႔ နာမည္ ေပးထားတဲ့ ကြၽန္မရဲ႕ တစ္ဦးတည္းေသာခ်စ္သမီးေလး ေမဗယ္လင္တိုင္း အတြက္ ကြၽန္မရဲ႕ ဝတၳဳမဟုတ္ေသာ ကိုယ္ေတြ႔ ဇာတ္လမ္းပါ။
Credit: ရာစုသစ္mgy
ကျွန်မကိုယ်တိုင် ဆေးမိခဲ့သော Valentine day
ဒီနေ့ ကျွန်မ အလုပ်လုပ်တဲ့ ရှော့ပင်းမောမှာ အရမ်းကို လူတွေ စည်ကားနေတယ်… ပုံမှန် ရောင်းရတာထက်ကို ပိုပြီးရောင်းရတယ်…
လာဝယ်ကြတာလဲ ခပ်ငယ်ငယ် ကောင်လေးတွေ ကောင်မလေးတွေပေါ့…သူတို့တွေ အများဆုံးဝယ်နေကြတာက ဒီဇိုင်းတူ အရောင်တူ အမျိုးသားဝတ်နဲ့အမျိုးသမီးဝတ် အကျႌတွေ၊ချောကလက်မျိုးစုံတွေ၊ အရုပ်လှလှလေးတွေလေ။
ဘာလို့ ဝယ်နေကြတာလဲ…ဘာဖြစ်လို့လဲ သိချင်လာတယ်…ဘေးနားက သူငယ်ချင်းကို မေးကြည့်လိုက်တော့…မနက်ဖြန် ဗယ်လင်တိုင်းဒေး(ချစ်သူများနေ့)တဲ့လေ…
ဖြတ်ခနဲ ခုန်သွားတဲ့ ရင်ခုန်သံ တစ်ချက် အဲ့ဒါရဲ့ နောက်က တဆတ်ဆတ်တုန်ပြီး နာကျင်သွားတဲ့ နှလုံးသား တစ်စုံ…
နားကျည်းမှုတွေနဲ့ အတူ မေ့ထားခဲ့တဲ့ လွန်ခဲ့သော အတိတ်က ရက်စွဲတွေကို ပြန်သတိရမိလိုက်တယ်။
ဟုတ်တယ်…သုံးနှစ် သုံးနှစ် သုံးနှစ်ဆိုတာ ဘာမှ မကြာလိုက်သလိုပါပဲ…ဒီလို ချစ်သူများနေ့ တစ်နေ့မှာပေါ့…ဦးနဲ့ ပထမဆုံး တွေ့တဲ့နေ့ ဒါမှမဟုတ် နောက်ဆုံးတွေ့ခဲ့တဲ့ နေ့။
ဟဲ့…ဘာတွေ စဉ်းစားနေတာလဲ၊ ပုခုံးကိုပုတ်ရင်း ပြောတဲ့အသံကို ကြားမှ လက်ရှိ အနေအထားနဲ့ ပစ္စုပ္ပန်ကို ပြန်ပြီးရောက်သွားတယ်…
ဒါပေမယ့် ခဏလေးပါပဲ စိတ်ရဲ့စေရာ အတိတ်ကာလကို လွင့်မျောပြီး ပြန်ရောက်သွားလေရဲ့….
စဉ်းစားစရာ မလိုတဲ့ အကြောင်းတွေက အစီအရီ ရုပ်ရှင်က အနှေးပြကွက်လို တစ်ကွက်ခြင်း တစ်ကွက်ခြင်းဖြေးဖြေးခြင်း ပြန်ပြီး မြင်ယောင်လာတယ်။
အဖြစ်က ဒီလို ကျွန်မက နယ်မြို့လေး တစ်မြို့မှာ မွေးခဲ့တယ်…အဲ့ဒီ မြို့လေးမှာပဲ အသက်(၁၇)နှစ်အထိ နေထိုင်ခဲ့ရတယ်။
ဆင်းရဲသား မိသားစုက မွေးဖွားလာတဲ့ တစ်ဦးတည်းသော သမီး…မိဘတွေက ဆင်းရဲတော့ ဘာအမွေမှ မပေးနိုင်ဘူးတဲ့…
သူတို့ ပေးခဲ့နိုင်တာက ပညာအမွေပဲတဲ့…ဒီစကားက ဖေဖေနဲ့ မေမေရဲ့ ဆုံးမနေကျ စကားလေးပါ။
ကျွန်မက စာတော်တဲ့ စာရင်းမှာ မပါပေမယ့် စာ ကိုတော့ ကြိုးစားပါတယ်…တစ်နှစ် တစ်တန်း ပုံမှန်အောင်တယ်…
ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲကိုလည်း နှစ်ခြင်းပေါက် အောင်ခဲ့တယ်ပဲ ပြောပါတော့…ကျွန်မရဲ့ ပုံစံကို ကျွန်မပြောပြမယ်…ပတ်ဝန်းကျင်က ပြောတာတော့ အရမ်းကိုလှတယ်တဲ့…
နှဖူးက အကျဉ်းမကျယ် ကကြီးပုံ နှဖူး ဆံတံခွန် လေးနဲ့…မျက်ခုံးက မျှော့နှစ်ကောင် တင်ထားသလို့ နက်စိုနေတယ်…
နှာခေါင်းလေးက ဖူးဖူးလုံးလုံးလေးနဲ့…ကိုယ်လုံး ကိုယ်ပေါက်က ဒီဖက်က ခေတ်လို မော်ဒယ် စတိုင်မဟုတ်ဟို အရင်ခေတ်က မယ်&ာ ဆိုဒ်မျိုးလေ…
လှတယ် ဆိုတာထက် ပုရိသ ယောကျာၤးတွေကို စွဲငြိသွားစေနိုင်တဲ့
သူတစ်ယောက်ပေါ့။
ကိုးတန်း ဆယ်တန်း အရွယ်မှာ ကျောင်းတက်ရင်း အတန်းဖော်တွေ အပြင်က ကောင်လေးတွေရဲ့ ရည်းစားစာ ပေးခံရတာ ချစ်ကြောင်း ကြိုက်ကြောင်း အပြောခံရတာ ရှိခဲ့ပေမယ့် နယ်မြို့လေးက ကျဉ်းတာရယ် အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုရယ်ကြောင့် ရည်းစားသနာ မထားခဲ့။
ဆယ်တန်းကို ကျွန်မတို့ မြို့လေးက ပရဟိတ ကျောင်းမှာ ချို့တဲ့စွာ ပညာသင်ရင်း အောင်မြင်ခဲ့ပါတယ်။ဒါကိုက ဦးနဲ့ ကျွန်မ တွေ့ဖို့ ဆုံဖို့ အခွင့်အရေး ဖြစ်လာတာ။
ဆယ်တန်းအောင်တော့ ကျွန်မက တက္ကသိုလ် တက်ချင်တယ်။ဘွဲ့တစ်ခုတော့ လိုချင်တယ်။
အဖေနဲ့ အမေက မခွဲနိုင်တဲ့ အပြင် ငွေကုန်ကြေးကြ မတတ်နိုင်။ကျွန်မကတော့ မဖြစ်ဖြစ်အောင် တက်မယ်လို့ ဆုံးဖြတ်ထားတဲ့သူ။
ဒီလိုနဲ့ သားအမိ သားအဖ သုံးယောက် တိုင်ပင်ပြီး ညှိလိုက်ကြတယ်။ ကျွန်မ တက္ကသိုလ်တက်လို့ ကုန်ကြမယ့် ငွေအတွက် ကျောင်းတက်ရင်း အလုပ်လုပ်မယ်။
ဒေး မတက်ပဲ အဝေးသင်တက်ပြီး ဘွဲ့တစ်ခုယူမယ်ပေါ့။ ဒီအထိ ပြဿနာ မရှိ။ အဓိက ပြဿနာက အဖေနဲ့အမေရဲ့ အရိပ်အောက်မှာ မရှိပဲ သူတို့ရဲ့ မျက်စိကွယ်ရာ နားကွယ်ရာဖြစ်နေလို့တဲ့။ကျွန်မ တော်တော်ကို ပြောယူရတယ်။
အဖေနဲ့အမေရဲ့ အနီးအနားမှာ မဟုတ်ပေမယ့် လိမ္မာပါ့မယ် စိတ်ချပါလို့ ငိုတစ်ခါ ရယ်တစ်လှည့် ပြောမှသဘောမတူချင်ပေမယ့် အလျော့ပေးပြီး လိုက်လျောကြတာပါ။
ကျွန်မတို့ အိမ်နားက အစ်မကြီး တစ်ယောက်ရဲ့ ကျေးဇူးနဲ့ ကျောင်းတက်မယ့်မြို့က အခုအလုပ်လုပ်နေတဲ့ ရှော့ပင်းမောမှာ အရောင်းစာရေးမ ရာထူးနဲ့ အလုပ်လုပ်ခွင့် ရခဲ့တယ်လေ။
အလုပ်လုပ်ရင်း အဝေးသင်တက်မှာလို့ သူဌေးမကို ပြောပြတော့ ဆယ်တန်းအောင်ပြီးသားလားတဲ့။ဟုတ်ကဲ့လို့ ပြန်ပြေလိုက်တော့ ကွန်ပြူတာတတ်လားတဲ့။ ဟင့်အင်းပေါ့။
ဒါဆို ကွန်ပြူတာ တတ်အောင်သင်လိုက် စာရင်းကိုင်ရာထူး ပေးမယ်တဲ့။ ပျော်လိုက်တာ။
ဒါပေမယ့် ကွန်ပြူတာသင်တန်းတက်ဖို့က အခက် အခဲ ရှိတယ်လေ။
ဘယ်မှာလဲ သင်တန်းကြေးပေးဖို့ ပိုက်ဆံ စုရ
မှာပေါ့။ လခထဲက ခွဲစုပြီး ဖြစ်အောင်တော့ တက်ရမယ်။ဒီိလိုနဲ့ အလုပ်ဝင်ပြီး တစ်လလောက်ရှိတော့သူဌေးမက ခေါ်ပြီးမေးတယ်။
ကွန်ပြူတာ တက်နေပြီးလားတဲ့။ မတက်ဖြစ်သေးကြောင်း ပိုက်ဆံစုတုန်းမို့ ပြည့်ရင်တက်မယ့် အကြောင်းပြောတော့ သူကြိုထုတ်ပေးမယ်တဲ့။
နောက်မှ လစာထဲက အရစ်ကျ ပြန်ဆပ်လေတဲ့။ကျေးဇူးတင်လိုက်တာရှင်။ဒါနဲ့ပဲ သင်တန်းတက်ဖြစ်သွားတယ်။
ကိုယ်တိုင်ကလည်း တတ်ချင် အလုပ်ရာထူးအတွက်ကလည်း မတတ်လို့ မဖြစ်။ကြိုးစားပြီလေ။
ဘယ်နေရာမှာ မဆို အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးရဲ့ နိယာမ သဘာဝမို့ ကွန်ပြူတာ သင်တန်းတက်ရင်းနဲ့ဖေ့စ်ဘွတ် သုံးတတ်လာတယ်။
ချက်တင် ထိုင်တတ်လာတယ်။ သူငယ်ချင်းတွေ လိုက်ရှာတာပေါ့။ ကိုယ်သဘောကျတဲ့သူဆို သူငယ်ချင်း ဖြစ်ခွင့်တောင်း၊ တစ်ချို့က သူငယ်ချင်း အဖြစ် လက်ခံပေးပါဆို ပြန်လက်ခံလိုက်နဲ့ပေါ့။
ပျော်စရာကြီး ကျေနပ်စရာကြီးတွေလေ။အတတ်ကျူးရင် ဘီလူးဖြစ်သတဲ့။တတ်လာတော့လည်း စမ်းသပ်ချင်တာပေါ့။
သူများတွေ ဓာတ်ပုံတင်သလို ဓာတ်ပုံတွေ လိုက်တင် စာတိုပေစတွေရေးနဲ့။ကိုယ့်ကိုယ်ကို အထင်တွေကြီးလာတယ်။
သင်တန်းမှာ ဆရာက သင်တာတွေ ရေးလိုက် မှတ်လိုက် သင်တန်းချိန်ပြီးတော့ဖေ့စ်ဘွတ်လေး သုံးလိုက်နဲ့ပေါ့။
ဒီလိုနဲ့ တစ်ရက် လိုင်းပေါ်မှာ မက်ဆေ့ တစ်စောင်ရောက်လာတယ်။သမီးရေ ခင်မင်ခွင့် ပေးပါလားတဲ့။
ရပါတယ်ပေါ့ ခင်လို့ရပါတယ်ပေါ့။ဒါနဲ့သူ့ ပရိုဖိုင်းထဲ ဝင်ကြည့်လိုက်တော့ အားပါးပါး နယ်စပ်မြို့တစ်မြို့က ကားပွဲစား လုပ်တဲ့သူပဲ။
သူတင်ထားတဲ့ ပုံနဲ့မွေးနေ့ကို ကြည့်လိုက်တော့ ကျွန်မနဲ့ အသက်ကွာတယ်…ဦးလေးအရွယ်ပေါ့…
ကျွန်မထက် အနှစ်သုံးဆယ်လောက် ပိုကြီးတယ်…သူတင်တဲ့ ပို့စ်တွေကို ကြည့်ကြည့်တော့ လေးစား အတုယူစရာ ခင်မင်ချင်စရာ…ဟ၀
မနက်စောစော ဘုရားပုံလေးနဲ့ မင်္ဂလာပါအားလုံး ကျန်းမာ ချမ်းသာ ကြပါစေအလုပ်မသွားခင် ဘုရားဝတ်ပြုနေတာတစ်ကိုယ်တည်းမို့ ဖြစ်သလိုပဲစားရတယ်
ဒီနေ့ ပွဲဖြစ်လို့ ကုသိုလ်ယူစသဖြင့်ပေါ့ အများကြီးပါပဲ၊ အထင်ကြီးချင်စရာတွေလေ။
ဒီလိုနဲ့ ခင်သွားတယ် ဆိုကြပါစို့…သင်တန်းလေး လာတက် အားရင် ဦးနဲ့ ချက်တင်ထိုင်…စကားတွေပြောနဲ့ပျော်စရာ ကောင်းလိုက်တာ…
ဦးက ဟာသတွေပြောတတ်သလို တစ်ခါတစ်လေ လူကြီးဆန်ဆန် ဆုံးမတတ်တော့ ပိုလို့ပိုလို့ သံယောဇဉ်ကြိုးက ခိုင်ပြီ်လေ။
တစ်နေ့တော့ ဦးက ညဖက်ကြမှ အေးအေး ဆေးဆေး စကားပြောပါရစေတဲ့…ကျွန်မက မရဘူး ဦးရဲ့ အဆောင်မှာ ကွန်ပြူတာလဲ မရှိဘူး၊ ဖုန်းလဲ မရှိဘူး ဆိုတော့ ဘာမှမပူနဲ့တဲ့ မနက်ဖြန် ဘဏ်ကနေ ငွေလွှဲပေးလိုက်မယ် ဖုန်း
တစ်လုံးနဲ့ ဆင်းကဒ် ဝယ်လိုက်တဲ့။
ပျော်လိုက်တာ…ငြင်းဆန်ချင်ပေမယ့် သူများတွေလို ကိုယ်လဲ ကိုင်ချင်တာပေါ့…ဒီလိုနဲ့ပဲ မငြင်းဖြစ်ခဲ့ပါ…
ကိုယ်ပိုင် ဟမ်းဖုန်းလေးနဲ့ ညညဆို ဦးဆီ ဖုန်းဆက်မက်ဆေ့ပို့ တီတီိတာတာ ချွဲနွဲ့ပြောရင်း သာယာ ယစ်မူးခဲ့ရတဲ့ အချိန်တွေက တကယ်ဆို ပင့်ကူအိမ်ထဲ တဖြေးဖြေး တိုးဝင်မိမှန်း မသိခဲ့ပါ။
ဦးက ဘာလိုသလဲ ဘာဖြစ်ချင်လဲ အချိန်မရွေး ဖုန်းဆက်လိုက်ပါတဲ့…ပေးကမ်းထောက်ပံ့မှုတွေရဲ့ နောက်ကပါလာတဲ့ ပြန်လည် တောင်းဆိုခြင်းတွေဟာလည်း ငါးစာကို စားမိမြိုမိတဲ့ ငါးလိုပဲ ငါးမျှားချိတ်က တစ်တန်းတန်းပါလာလေရဲ့…
ဦးရဲ့ ပထမဆုံး တောင်းဆိုမှုကတော့ အထီးကျန် လူပျိုကြီးရဲ့ ဘဝကို နားလည်ပေးပါ လိုအပ်နေတဲ့ ကွက်လပ်လေး ဖြည့်ပေးပါ
ဦးဘဝမှာ သမီးသာ အနားမှာ ရှိနေမယ်ဆိုရင်တဲ့ဒီအပြောလေးတွေနဲ့တင် အပျိုစင် အပျိုရိုင်းလေး ရင်ထဲ မိုင်းခွဲ ခံလိုက်ရသလို ဝုန်းဒိုင်းကျဲပြီပေါ့…ဒီလိုနဲ့ တစ်နေ့ဦးက ချစ်တယ်တဲ့ မျှော်လင့်ပြီးသား စကားပါ။
အဖြေကလဲ ရှိပြီးသား….အားကိုး ချစ်နဲ့ ချစ်နေမိတာလေ…တစ်ဘဝလုံးအတွက် မှီခိုထားအားရမယ် ထင်ပြီး အဖြေပြန်ပေးမိခဲ့တယ်…ဦးရယ် သမီးကလဲ ချစ်ပါတယ်။
ချစ်သက်တမ်း သုံးလ ပြည့်ခါနီးမှာ ဦးက လူချင်းတွေ့ပါရစေတဲ့…ကျွန်မလဲ အပြင်မှာ ဦးကို တွေ့ဖူးမြင်ဖူးချင်တာပေါ့…
ဒါနဲ့ပဲ တွေ့ကြမယ့် ရက်ကို ညှိလိုက်ကြတယ်…ဦးက ကျွန်မ အလုပ်လုပ်တဲ့ မြို့ကို လာခဲ့မယ်တဲ့ဦးနဲ့ ကျွန်မ တွေ့မယ့် ရက်က ရင်ခုန်ချင်စရာ နေ့လေးလေ အဲ့ဒီနေ့ကတော့ ‘ဗယ်လင်တိုင်းဒေး’
ချစ်သူများနေ့
ဦးက သူနေတဲ့ နယ်စပ်မြို့ကနေ ကျွန်မဆီကို သူ့ကိုယ်ပိုင်ကားနဲ့ မောင်းလာမှာ နှစ်ညအိပ်လောက်မောင်းမှ ရောက်မှာတဲ့…သနားလိုက်တာ ဦးပင်ပန်းမှာပဲ…
ဦးရောက်မှ ဦးကို အကြင်နာတွေ ယုယမှုတွေ ပေးရမယ်…မနက်ဖန် ဗယ်လင်တိုင်းဒေး ဒါကို တွေးရင်းတစ်ညလုံး အိပ်မပျော် မနက်ကျ ဦးကားမြို့ထဲကို ဝင်လာတာနဲ့ မလွဲအောင်လို့ ချိန်းထားတဲ့ ကော်ဖီဆိုင်လေးကို စောစောသွားရမယ်…ဒါမှ ဦး မျက်စိ မလည်မှာ…
အစောကြီးထ ဖီးလိမ်းဝတ်စားရင်း သီချင်းလေး တငြီးငြီးနဲ့ ပျော်စရာကောင်းလိုက်တဲ့ နေ့လေးပေါ။
ကော်ဖီဆိုင်မှာ ထိုင်စောင့်လို့ နာရီဝက်လောက် ကြာတွေ ဖုန်းဝင်လာတယ်…သမီး ဦး အခု မြို့ထဲ ဝင်ပြီတဲ့..
ရင်တွေ ပရမ်းပတာ ခုန်ပြီလေ…ရည်းစားသနာ မထားဖူးယောကျာၤးလေးတွေနဲ့ နီးစပ်မှုကလဲ မရှိတဲ့ ကျွန်မ ထိုင်ရမလို ထရမလို…ဟော ဟိုမှာ ဦးလာပြီ…
ကားအကောင်းစားကြီးပေါ်ကနေ ကျွန်မကို ပြုံးပြနေလေရဲ့….ကျွန်မက ထပြီး သွားကြိုမယ် လုပ်တော့ ဦးက လက်ယပ်လှမ်းပြတယ်…နေနေ ရတယ်ဆိုတဲ့ သဘောပေါ့…
ဦး ဘာစားမလဲ…နွားနို့ တစ်ခွက် ကြက်ဥနဲ့ ဌက်ပျော်သီးရောပြီး ပလာတာ တစ်ချပ်….
စားလို့ သောက်လို့ ပြီးတော့ ဦးက ဘယ်သွားမလဲတဲ့…
ကျွန်မလဲ ဘုရားကို အရင်သွားမယ်၊ပြီးမှ ဒီမြို့ရဲ့ နာမည်ကြီး နေရာတွေ လိုက်ပို့မယ်လေ ဆိုတော့…
သမီးသဘောတဲ့ ….ဒီနေ့ တစ်နေ့လုံး ဦးက သမီးရဲ့ ဒရိုင်ဘာ ဖေဖေပါတဲ့…ဘာ ဒရိုင်ဘာ ဖေဖေလဲ ဆိုတော့ သွားချင်တာသွား ဝယ်ချင်တာဝယ် စားချင်တာစားတဲ့…ဟယ် တစ်ကယ်လား…ဟုတ်ပါ့ဗျားတဲ့…
ဘုရားကိုသွား ပြန်လာတော့ အလုပ်လုပ်တဲ့
ရှော့ပင်းမောကိုဝင် ဦးက အရုပ်အကြီးကြီး တစ်ရုပ်(ကျွန်မအရပ်လောက်ရှိတဲ့ ဝက်ဝံရုပ်ကြီး) ပြီတော့ ဦးနဲ့ ကျွန်မဆင်တူ အကျီႌလေး နှစ်ထည် ဝယ်လာခဲ့တယ်…
ဆိုင်ကနေထွက်လာတော့ အေးအေးဆေးဆေး စကားပြောလို့ ရတဲ့နေရာ သွားရအောင်တဲ့…ကမ်းနားလမ်းက လက်ပံပင် အကြီးကြီးအောက်ကို လမ်းညွှန်လိုက်မိတယ်။
ဒီလိုနဲ့ ကားလေးကို လက်ပံပင်ကြီးအောက်ထိတိုးပြီး စက်မသတ်ပဲ အဲကွန်းဖွင့်ပြီး စကားတွေပြောကြရင်း ချစ်တင်းနှောကြရင်း ကျွန်မကတော့ စိတ်နဲ့ ကိုယ်နဲ့မကပ်ချင်…
ကိုယ်မရောက်ဘူးတ့ဲ မလည်ဘူးတဲ့ အရပ်ဒေသကို ရောက်သွားသလိုပါပဲ အားလုံးဟာ အသစ်အဆန်းတွေ ဖြစ်နေလေရဲ့…ခဏလောက်ကြာတော့ ဦးကရေသောက်မလားတဲ့…
ဟုတ်တယ် ကျွန်မ ရေသောက်ရမယ်လေ…အာခေါင်တွေ ခြောက်ကပ်နေတာ အခုမှ သ
တိထားမိတယ်။
ဦးရဲ့ ကားမှာပါတဲ့ ရေခဲ သေတ္တာ သေးသေးလေးထဲက ရေသန်ဘူးလေး ပေးလို့ ယူပြီး သောက်လိုက်တယ်…
ဦးကတော့ မသောက်တော့ဘူးတဲ့…ပြီးတော့
ဦးက ကိုကာကိုလာ အချိုရည်ဘူးလေး ထပ်ထုတ်လိုက်ပြီး ခေါင်းကြည်သွားအောင် ထပ်သောက်လိုက်တဲ့ ဒါပေမယ့် ဖောက်သောက်ထားတော့ အသစ်မဟုတ်…
သမီးရွံတတ်လားတဲ့ ဟင့်အင်းပေါ့…ကိုယ့်ချစ်သူ သောက်ထားတာ ဘာလို့ မသတီစရာ ရှိမလဲ… ချစ်တင်းနှောတုန်းကတောင် နုတ်ခမ်းခြင်း နမ်းခဲ့ စုပ်ခဲ့သေးတာပဲ။
အချိုရည်ဗူးကို ယူပြီးသောက်လိုက်တယ်…ခဏနေတော့ ဦးက ကားမောင်းလာတာ ပင်ပန်းလို့ ကားနောက်ခန်းမှာ ခဏလှဲနေချင်တယ်တဲ့…
ဟုတ်တာပေါ့ ဦးနားချင်မှာပေါ့…ရတယ် ရတယ် ဆိုပြီး ကားနောက်ခန်းထဲရွေ့ နှစ်ယောက်ထိုင် ကုလားထိုင်ကို နောက်လှန်ချပြီး လှဲနေလိုက်ကြတယ်…
ကားအဲယားကွန်း အေးတာကြောင့်လား ခင်မောင်တိုး သီချင်းကြောင့်လား အိပ်ချင်စိတ်ပေါ်လာပြီး သတိထားနေတဲ့ ကြားကနေ မှေးကနဲ အိပ်ပျော်သွားတယ်လို့ ထင်လိုက်တယ်။
အဲ့ဒီမှာ အံ့ဩစရာကောင်းတာက အ်ိမ်မက်တွေလေ…အိမ်မက်တွေ ကျွန်မ အိမ်မက်တွေ မက်နေသလို ခံစားနေရတယ်…
အိမ်မက်ထဲမှာ ကျွန်မ တစ်ခါမှ မရောက်ဘူး တဲ့ ပင်လယ်ပြင်ကြီးထဲမှာ လှိုင်းလုံးကြီးတွေ စီးနေရသလိုဘုရားပွဲတော်က ပင်လယ်ဓားပြ လှေကြီး စီးနေရသလို ရင်ခုန်သံတွေက အနိမ့် အမြင့် မညီမညာ လှိုက်ကနဲ ဖိုကနဲ ချွေးစေးတွေလဲ ပြန်လာသလို ခံစားချက်တွေက အဆုံးစွန်ထိ အလန့်တကြားပေမယ့် မရုန်းနိုင် မထွက်နိုင်အောင်ပါပဲ။
အိမ်မက်က တရေးနိုးလာတော့ ကျွန်မရဲ့ ကိုယ်ပေါ်မှာ မနက်က ဝတ်ထားတဲ့ အဝတ်အစားတွေ မရှိတော့ ဦးနဲ့ အတူဝယ်လာတဲ့ ဆင်တူ အကျီႌလေးရယ် ဦးဝယ်ပေးတဲ့ သရီးကွာတား ဂျင်းဘောင်းဘီလေးရယ် လဲပြီးသားဖြစ်နေပြီ… ကျွန်မလဲတာ မဟုတ်ဘူး ဒါဆိုရင် ဘယ်သူကလဲပေးထားတာလဲ။
ကျွန်မ အလန့်တကြားနဲ့ ဦးကို ကြည့်လိုက်တော့ ဦးရဲ့ မျက်ဝန်းက တောင်းပန်တိုးရှိုး နေတဲ့ အကြည့်တွေ ပြီးတော့ ဦးနုတ်က မပွင့်တပွင့် စကားသံကို ကြားမိလိုက်တယ်…
သမီးရယ် ဦးမှားသွားပါတယ်…ချစ်လွန်းလို့
ဖြစ်သွားတာပါ…တောင်းပန်ပါတယ်…ခွင့်လွှတ်ပါ ဆိုတဲ့စကားလုံးတွေ ဗလုံးဗထွေးနဲ့ တရစပ် ကြားလိုက်ရတယ်သမီးကို အတည်တကျ လက်ထပ်ယူမှာပါတဲ့။
ကျွန်မ. ဘာများတတ်နိုင်မှာလဲ…လွန်သွားပြီလေ လွန်ကုန်ပြီ… ဘာမှ ပြန်ပြင်လို့ မရတော့တဲ့ အခြေအနေ လက်ထပ်ယူမှာပါ ဆိုတဲ့ စကားကိုတောင် ကျေးဇူးတင်ရမယ့် အနေအထားပေါ့။
ဒါပေမယ့် ကျွန်မ သိချင်တာလေး တစ်ခုကို
တော့ မေးလိုက်မိတယ်…ဦး မလိမ်မညာဘဲ ဖြေပေးပါ…
ဦး တိုက်တဲ့ အချိုရည်ထဲမှာ ဘာတွေ ထည့်
ထားလဲ…တစ်ခုခုတော့ ပါမှာပေါ့နော်….ဦး မျက်နှာပျက် သွားတယ်။
ဟုတ်တယ် သမီးသမီး ငြင်းဆန်မှာ ဆိုးရိမ်လို့ အိပ်ဆေးရယ်အမျိုးသမီး ကာမ စိတ်ကြွဆေးရယ် နှစ်မျိုးနှစ်မျိုးစလုံး ထည့်လိုက်တာတဲ့။
ဟယ် ဦးရယ် လုပ်ရက်လိုက်တာ… သမီးကို ဒီလိုလုပ်ဖို့ ရည်ရွယ်ချက် ရှိရှိ ကြိုတင် ကြံစည်ထားတာပဲ…
အခုမှ စိတ်ဆိုးမရ အပြစ်တင်မရတဲ့ ကျွန်မ ဘဝဦးရဲ့ လက်ခုပ်ထဲကရေ သွန်လိုသွန် သောက်လိုသောက်တန်ဖိုးကျတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ခဲ့ရပြီ…
ဒီလိုနဲ့ ညနေကျ အဆောင်ကို ပြန်ပို့ပြီး ဦး ဟိုမှာရှိတဲ့ အလုပ်လေးတွေ အမြန်ဖြတ်ပြီး ပြန်လာခဲ့မယ်။
သမီးရဲ့ မိဘတွေဆီမှာ ခွင့်တောင်းပြီး လက်ထပ်ယူပါ့မယ်တဲ့နောက်နေ့ မနက် မပြန်ခင် ဦးက လာနုတ်ဆက်တော့ သမီးကို ဦးက အရမ်းျစ်တာပါတဲ့ ဒါက ကျွန်မနဲ့ဦးရဲ့ နောက်ဆုံး တွေ့ဆုံခြင်း နောက်ဆုံး နုတ်ဆက် စကား ဆိုတာ ကျွန်မ ကြိုမသိခဲ့ပါ…
ဒီလိုနဲ့ ဦး ပြန်သွားပြီး တစ်လလောက်အထိ အ
ဆက်အသွယ် ရပေမယ့် နောက်ပိုင်းကျတော့ ဖုန်းဆက်လို့ မရတော့ အင်တာနက်လိုင်းပေါ်မှာလဲ မတွေ့တော့ပါ…ကျွန်မ စိုးရိမ်စိတ်တွေ ဝင်ပြီလေ။
ကျွန်မကို ထားသွားပြီလား…
ပန်းကောင်း အညွှန့်ချိုး ခံလိုက်ရပြီလား…
မေးခွန်းပေါင်း များစွာ လားပေါင်းများစွာနဲ့ အတူ
ကျွန်မ ဘဝထဲကို ဝင်လာတာက ဦးပြန်သွားပြီး သုံးလဆိုတဲ့ အချိန်မှာ ကျွန်မ ကိုယ်ဝန် ရှိနေခဲ့ပြီ…
မဖိတ် မခေါ်ဘဲ ရောက်လာတဲ့ ရင်သွေးလေးနဲ့
လူ့လောက ပတ်ဝန်းကျင်မှာ ရင်ဆိုင်ရတော့မယ့် အရှက်တရား ဂုဏ်သိက္ခာ အတွက် ကျွန်မ ပေးဆပ်ရတော့မယ်။
ကိုယ်ပြုခဲ့တဲ့ အလုပ်တစ်ခုအတွက် အမှားတစ်ခုအတွက်ပြန်ဆပ်ရမယ့် အကြွေးက အများကြီးပါပဲ…
ဘာပဲဖြစ်ဖြစ် သတ္တိရှိရှိ ရင်ဆိုင်ရပ်တည် ရလိမ့်
မယ်… ပြဿနာ အကိျုးအကြောင်းကို ဆိုင်ရှင် သူဌေးမကို ပြောပြ အကူအညီတောင်းတော့ အမျိုးသမီးချင်း သားသမီးချင်း ကိုယ်ချင်းစာ စိတ်နဲ့ ကူညီပါ့မယ်တဲ့…
ဒီကလေးကို ဖြစ်အောင်မွေးပါ…ဘာမှ အန္တရာယ် မဖြစ်ပါစေနဲ့တဲ့…ဒီဆိုင်မှာပဲ အလုပ်ဆက်လုပ်ပါ…နှစ်ယောက်စလုံးကိုကျွေးမွေး စောင့်ရှောက် တာဝန်ယူပါ့မယ်တဲ့။
ဒီပြဿနာရဲ့ နောက်ဆက်တွဲက အဖေနဲ့ အမေ ကိစ္စ… ဘယ်လိုရှင်းရမှာလဲ ဘယ်လိုပြောရမှာလဲ…
အရိပ်တကြည့်ကြည့်နဲ့ ထားလာတဲ့ သမီးလေးအတွက် သူတို့ ယူကျိုးမရ ခံစားရပေလိမ့်မည်…သိုပေမယ့် မတတ်နိုင် ဖွင့်ပြောရတော့မှာပဲ…
တစ်ကယ်တမ်း ဖွင့်ပြောတော့အဖေနဲ့ အမေရဲ့ နှစ်သိမ့်စကားက သမီး ဝဠ်ကြွေးလို့ သဘောထားပြီး ဒီဘဝမှာ ကျေအောင်ဆပ်ကြတာပေါ့တဲ့…
ကျေးဇူးပါ အဖေနဲ့ အမေသမီးမိုက် မဟုတ်ပေမယ့် ပြင်မရတဲ့ အမှားတစ်ခုကို ခွင့်လွှတ်ပေးလို့ပါ။
ဒီလိုနဲ့ လောကဒဏ်ကို ရင်ဆိုင် ဖြတ်သန်းရင်း
သမီးလေးနဲ့ အတူ ဖြတ်ကျော်လာခဲ့တာ သမီးလေးတောင် နှစ်နှစ်ပြည့်ပြီးပြီ…
အခု ရေးနေတဲ့ စာတွေက ကျွန်မ သမီး အရွယ်
ရောက် လူလားမြောက်တဲ့ အချိန်မှာ သူ့ကို ပေးဖတ်ရမှာပေါ့…
သမီး မိန်းကလေးဆိုတာ မိဘ အုပ်ထိန်းမှုနဲ့ ကင်းကွာရင် အန္တရာယ်များကြောင်း ဘယ်အရာမဆို စူးစမ်း ဆင်ချင်တဲ့ စိတ်နဲ့ လက်တဲ့စမ်းကြည့်ချင်တဲ့စိတ် ခွဲခြားသိစေဖို့ တိုးတက်လာတာနဲ့ အမျှ ယောကျာၤးဆိုတာ အကုန်လုံး မဟုတ်ပေမယ့် မိန်းကလေးတိုင်းကို အန္တရာယ်အပေး
နိုင်ဆုံးက သူတို့ပဲ ဆိုတာ သမီးလေး သိစေဖို့ပေါ့။
ဟုတ်တယ်…ဒီအကြောင်းတွေကို ကျွန်မကိုယ်တိုင် ရင်နာနာ နဲ့ နာမည် ပေးထားတဲ့ ကျွန်မရဲ့ တစ်ဦးတည်းသောချစ်သမီးလေး မေဗယ်လင်တိုင်း အတွက် ကျွန်မရဲ့ ဝတၳုမဟုတ်သော ကိုယ်တွေ့ ဇာတ်လမ်းပါ။
Credit: ရာစုသစ်mgy
က်ြန္မကိုယ္တိုင္ ေဆးမိခဲ႔ေသာ Valentine day
Reviewed by Unknown
on
February 15, 2018
Rating:
No comments:
Post a Comment