Valentine အမှီ စုံတွဲပုံလေးတွေ ထွက်ပေါ်လာတဲ့ ပရိသတ်အချစ်တော်သူတို့နှစ်ဦး
ပုံမှာမြင်ရတဲ့အတိုင်း ပရိသတ်အချစ်တော် X Box နဲ့ ဟန်သီတို့ဟာ Oppo ဖုန်းကြော်ငြာအတွက် လက်ခံရိုက်ကူးပေးနေတာဖြစ်ပါတယ်။
သရုပ်ဆောင် နဲ့ ဂီတ နယ်ပယ်တစ်ခုစီ မှာ အောင်မြင်နေကြတဲ့ လူငယ်အနုပညာရှင်တွေဖြစ်တာမို့ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ပုံလေးတွေကို မြင်ရင်း ကြည်နူးခဲ့ရပါတယ်။
ပရိသတ်အချစ်တော် ဟန်သီ နဲ့ X Box တို့နှစ်ဦးဟာ Oppo ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Oppo F5Youth ဖုန်းအတွက် Valentine Day အမှီ စုံတွဲပုံလေးတွေရိုက်ပေးခဲ့တာပါ။
အဆိုတော် Xbox ဟာလည်း လူငယ်ပရိသတ်တွေအကြိုက် တေးသီချင်းလေးတွေသီဆိုရင်း နာမည်ကြီးသလို မော်ဒယ်ဟန်သီဟာလည်း အနုပညာအလုပ်တွေဆက်တိုက်လုပ်နေရတဲ့ သူတစ်ဦးဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကတော့ လိုက်ဖက်ညီတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။
နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တာနဲ့ အညီ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ သူတို့ဟာ လူငယ်ပီပီ လန်းဆန်းတက်ကြွနေတာကိုတွေ့ရပါတယ်။
ချစ်စရာကောင်းတဲ့ သူတို့လေးတွေရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ကဲ ပရိသတ်ကြီး သူတို့နှစ်ဦးကို ချစ်ရဲ့လား။
SHARE FROM MYANMARLOAD
Reviewed by Unknown
on
February 12, 2018
Rating:
No comments:
Post a Comment