Bollywood ဆိုရင် ဖက်ရှင်တွေ၊ အောင်မြင်တဲ့ ဇာတ်ကားတွေ၊ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေကို မြင်မိမှာပါ။ လူငယ်တိုင်းကလည်း Bollywood မှာ သရုပ်ဆောင်တွေ ဖြစ်ချင်တဲ့ အတွက် အပြိုင်အဆိုင်တိုးနေကြတာ ဖြစ်ပြီး ကံကောင်းတဲ့သူတွေကပဲ သရုပ်ဆောင်ဖြစ်လာတာပါ။ Bollywood မှာ စူပါစတား တစ်ယောက်ဖြစ်လာဖို့အတွက် အလုပ်ထဲစိတ်နှစ်ရသလို လုပ်နိုင်ကိုင်နိုင်စွမ်းကိုလည်း အပြည့်အဝ ပြသရတာ ဖြစ်ပါတယ်။ Bollywood ရုပ်ရှင်လောကမှာ သရုပ်ဆောင်ကောင်းတဲ့သူတွေ နဲ့ ပရိသတ်ရင်ထဲရောက်တဲ့ ဇာတ်ရုပ်တွေရှိတဲ့မင်းသားတွေ အများကြီး ရှိပါတယ်။ အဲ့တာတင်မက သူတို့ရဲ့ ညှို့ငင်အားကောင်းတဲ့ ရုပ်ရည်တွေနဲ့လည်း ပရိသတ်တွေကို စွဲဆောင်ထားတာ ဖြစ်ပါတယ်။ မင်းသားတွေထဲက ညှို့ငင်အား အကောင်းဆုံး မင်းသား ၁၀ ယောက်ကို ဖော်ပြထားပါတယ်။
Salman Khan
Salman Khan က Bollywood ရဲ့ ထိပ်တန်း ၁၀ ယောက်မှာ သရုပ်ဆောင် အကောင်းဆုံး မင်းသားတစ်ယောက် ဖြစ်ပါတယ်။ ရင့်ကျက်မှု အပြည့်နဲ့ ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ Salman Khan ရဲ့ ချောမောခန့်ညားမှုတွေ နဲ့ စိတ်သဘောထား ပြည့်ဝမှုတွေက သူ့ကို ပရိသတ်ချစ်တဲ့ မင်းသားတစ်ယောက် ဖြစ်လာစေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကိတ်လှတဲ့ ကိုယ်လုံးနဲ့လည်း ပရိသတ်တွေရဲ့ စိတ်အာရုံကို စွဲဆောင်ထားတာ ဖြစ်ပါတယ်။ Salman Khan က Bollywood ရဲ့ ဝင်ငွေအမြင့်ဆုံး မင်းသားတစ်ယောက် ဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံး မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။
Aamir Khan
Aamir Khan ရဲ့ ရင့်ကျက်မှု အပြည့်နဲ့ သရုပ်ဆောင်ချက်တွေက သူ့ကို လူငယ်သရုပ်ဆောင် လို့ ပြောလို့ မရပါဘူး။ Bollywood ရဲ့ အဟော့ဆုံး Khan မင်းသားတွေထဲက တစ်ယောက်ဖြစ်ပြီး အရမ်း စွဲဆောင်မှု ရှိတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ ရုပ်ရည်တင်မက သရုပ်ဆောင်ရာမှာလည်း အပြစ်ဆိုစရာ မရှိတဲ့ မင်းသားဖြစ်တဲ့ အတွက် ဒုတိယ Shah Rukh လို့ ခေါ်ကြပါတယ်။
Farhan Akhtar
Farhan Akhtar က သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပရိုဂျူဆာ နဲ့ စာရေးဆရာ ဖြစ်ပါတယ်။ Farhan က ရိုက်ကွင်းနောက်ကွယ်မှာ အလုပ်စလုပ်ခဲ့တာဖြစ်ပြီး screen ပေါ်ရောက်လာပြီးနောက်မှာ ပရိသတ် အားပေးမှု ရလာပြီး ဇာတ်ကားတွေ အများကြီးမှာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု ရထားတဲ့ Farhan က စိတ်ထားပြည့်ဝပြီး ညှို့ချက်ပြင်းတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။
Arjun Rampal
Arjun Rampal က လူသိအရမ်းမများပေမယ့် ယောကျာင်္းလေး၊ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုရရှိထားတဲ့ မင်းသားချော ဖြစ်ပါတယ်။ Arjun က အရမ်းစွဲဆောင်မှုရှိပြီး ညှို့အားအပြင်းဆုံး hot men of Bollywood ဖြစ်သလို စူပါမော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။
Ranbir Kapoor
Ranbir Kapoor က Kapoor Family ရဲ့ အချောဆုံး နဲ့ လူသိအများဆုံး မင်းသားလေး ဖြစ်ပါတယ်။ အနုပညာရှင် မျိုးရိုးဖြစ်တဲ့သူ Ranbir က သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ Ranbir Kapoor က ကလေးလို့ ထင်ရပေမယ့် ရင့်ကျက်မှု ရှိတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။
John Abraham
John Abraham က ဟိန္ဒူ တစ်ယောက်မဟုတ်ပေမယ့် သရုပ်ဆောင်ချက် နဲ့ ဖက်ရှင်ပိုင်းမှာ အရမ်းကို တော်တဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။ John Abraham က သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သူ အပြင် ဖက်ရှင်အလန်းတွေ ဝတ်တတ်တဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်ပါတယ်။ စွဲဆောင်မှု အရမ်းရှိတဲ့ John Abraham က အမျိုးသားသုံး ပစ္စည်းတွေရဲ့ brand ambassador အဖြစ် လုပ်ကိုင်နေတဲ့သူ ဖြစ်ပါတယ်။
Shahid Kapoor
Shahid Kapoor က Bollywood ရုပ်ရှင်လောကရဲ့ ချီးကျုးစရာ မင်းသားတစ်လက် ဖြစ်ပါတယ်။ တစ်နှစ်ကို ရုပ်ရှင်ကား ၁၀ ကား အထိ ရိုက်ကူးနေရတဲ့ မင်းသားတစ်ယောက် ဖြစ်ပြီး Shahid ရဲ့ သရုပ်ဆောင် စွမ်းရည်ကလည်း အချိန်နဲ့ အမျှတိုးတက်နေတာ ဖြစ်ပါတယ်။
Akshay Kumar
အက်ရှင် မင်းသား အဖြစ် လူသိများတဲ့ Akshay Kumar က ဇာတ်ရုပ်တိုင်းကို သရုပ်ဆောင် နိုင်တဲ့ ဘက်စုံရ မင်းသားတစ်ယောက် ဖြစ်ပါတယ်။ အက်ရှင်ပဲလာလာ၊ ဟာသပဲလာလာ ဆေးစက်ကျရာ အရုပ်ထင်တဲ့ မင်းသား ဖြစ်ပါတယ်။ Akshay Kumar က ဖက်ရှင်ရေစီးကြောင်းနောက် စီးမြောနေတဲ့သူ မဟုတ်တာက သူ့ကို စတိုင်တစ်ခုနဲ့ ထူးခြားတဲ့ မင်းသားတစ်လက် ဖြစ်လာစေတာ ဖြစ်ပါတယ်။
Shah Rukh Khan
Shah Rukh Khan က လူသိအများဆုံး နဲ့ အလန်းဆုံး မင်းသားဖြစ်ပါတယ်။ Shah Rukh Khan က သူ့ကိုယ်လုံးအတွက် အမြဲ workout လုပ်ပြီး ထိန်းတဲ့သူဖြစ်ပြီး စွဲမက်ဖွယ် ကိုယ်လုံးကလည်း သူ့ကို လူသိများစေတာ ဖြစ်ပါတယ်။ Shah Rukh က Bollywood ရဲ့ Khan တွေထဲက King ဖြစ်ပါတယ်။ Shah Rukh Khan က Bollywood ပရိသတ်တင်မက ကမ္ဘာ့တစ်လွှားက သန်းချီတဲ့ ပရိသတ်တွေရဲ့ နှလုံးသည်းပွတ် မင်းသားဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး မင်းသားတွေထဲမှာ နံပါတ် ၂ ဖြစ်ပါတယ်။
Hritik Roshan
Hritik Roshan က သူ့ရဲ့ ပွဲဦးထွက် ရုပ်ရှင်ကား Kaho Naa Pyaar Hai မှာတင် လူသိများခဲ့ပြီး အကျော်ကြားဆုံး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ Hritik Roshan က ရုပ်ရှင်ကား အများကြီး မရိုက်ကူးပေမယ့် သူရိုက်ကူးတဲ့ ဇာတ်ကားတိုင်းက ပရိသတ် အားပေးမှု အမြောက်အများ ရရှိခဲ့ပါတယ်။ သူ့ရဲ့ ကိတ်လှတဲ့ ကိုယ်လုံးကလည်း သူ အောင်မြင်ရခြင်း အချက်တစ်ချက် ဖြစ်ပါတယ်။
SHARE FROM Zan(Momolay)
ညှို့ငင်စွမ်းရည်ကြီးမားတဲ့ ဘောလီးဝုဒ် မင်းသား ၁၀ ယောက်
Reviewed by Unknown
on
January 29, 2018
Rating:
No comments:
Post a Comment