



























ချစ်သူနဲ့ လမ်းခွဲပြီးနောက် အင်စတာဂရမ်မှာ ကွန်မန့်တွေ ပိတ်လိုက်တဲ့ လုရီဖေး

တရုတ်မင်းသမီး လုရီဖေးကတော့ သူမရဲ့ အင်စတာဂရမ်အကောက်မှာ ဘယ်သူမှ ကွန်မန့်ပေးလို့ မရအောင် ကွန်မန့်တွေကို ပိတ်လိုက်ပါတယ်..။

ဇန်နဝါရီ ၂၈ ရက်မှာပဲ သူ့မရဲ့ ကြောင်နဲ့အတူ ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံလေးကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်..။

အဲ့ဒီပုံလေးကတော့ သူမရဲ့ ချစ်သူ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသား ဆောင်းဆောင်ဟွန်းနဲ့ လမ်းခွဲပြီးနောက် ပထမဦးဆုံးတင်တဲ့ ပုံလေးလည်း ဖြစ်ပါတယ်..။

သူမရဲ့ အဲဒီပို့စ်မှာတော့ ဘာစာမှ ရေးသားမထားပေမယ့် အစက်လေးတွေချပြီး ပြုံနေတဲ့ ပုံလေးကိုသာ တင်ထားခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ မှတ်ချက်ပေးလို့ မရအောင် ကွန်မန့်တွေကို ပိတ်ထားလိုက်ပြီး ပရိသတ်တွေကအနေနဲ့ကတော့ သူမရဲ့ ပို့စ်ကိုပဲ Like ပြုလုပ်နိုင်တော့မှာပဲ ဖြစ်ပါတယ်..။

မင်းသား ဆောင်းဆောင်ဟွန်းနဲ့ မင်းသမီး လုရီဖေးတို့ဟာ သူတို့ တရားဝင်လမ်းခွဲပြတ်စဲလိုက်ကြောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၅)ရက်နေ့ကပဲ ပရိသတ်တွေကို အသိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်..။

မင်းသား ဆောင်းဆောင်ဟွန်းနဲ့ မင်းသမီး လုရီဖေး တို့ဟာ “Three Ways of Love” ရုပ်ရှင်ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ရင်း ဆုံတွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်..။

သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်ကြောင်းကိုတော့ လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်က ပရိသတ်တွေကို အသိပေးကြေညာခဲ့ပြီး ချစ်သူသက်တမ်း (၃)နှစ်ကြာပြီးနောက် ယခု(၂၀၁၈) ခုနှစ်ဇန်နဝါရီလမှာ လမ်းခွဲပြတ်စဲလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်..။

SHARE FROM MYANMARLOAD 
ချစ်သူနဲ့ လမ်းခွဲပြီးနောက် အင်စတာဂရမ်မှာ ကွန်မန့်တွေ ပိတ်လိုက်တဲ့ လုရီဖေး ချစ်သူနဲ့ လမ်းခွဲပြီးနောက် အင်စတာဂရမ်မှာ ကွန်မန့်တွေ ပိတ်လိုက်တဲ့ လုရီဖေး Reviewed by Unknown on January 29, 2018 Rating: 5

No comments:

Powered by Blogger.