ရုရွားႏိုင္ငံက အသက္(၄၂)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ ေဆးအကူအညီ တစ္စံုတစ္ရာမယူပဲ(၁၃)ေပါင္ (၁၄)ေအာင္စရွိတဲ့ သမီးမိန္းကေလးတစ္ဦးကို ေမြးဖြားခဲ့တယ္လို႔သိရပါတယ္။ မိခင္နာမည္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ ယခုေမြးတဲ့သမီးမိန္းကေလးဟာ သူမအတြက္ (၅)ေယာက္ေျမာက္ ကေလးျဖစ္ၿပီး မိခင္ေရာကေလးပါ က်န္းမာလ်က္ရွိပါတယ္။
ကိုယ္အေလးခ်ိန္အဆမတန္မ်ားျပားေနတဲ့ ကေလးမေလးနဲ႔ပတ္သက္လို႔ အြန္လိုင္းမွာေတာ့ အံ့ၾသေနၾကပါတယ္။ တခ်ိဳ႕က မိခင္မွာဆီးခ်ိဳေသြးခ်ိဳေရာဂါရွိေနတဲ့အခါ ကေလးမွာလည္း ယခုလိုအ၀လြန္တာေတြျဖစ္တတ္ေၾကာင္း၊ တခါတေလမွာ အ၀လြန္တာဟာ ဆီးခ်ိဳေရာဂါရဲ႕ ကနဦးအစပင္ျဖစ္ေၾကာင္း အသီးသီးေရးသားထားခဲ့ပါတယ္။
ေဆးဘက္၀န္ထမ္းေတြက ကေလးဟာ က်န္းမာေပမယ့္ အၾကားအာရံုပိုင္းဆိုင္ရာမွာေတာ့ ခ်ိဳ႕ယြင္းခ်က္ေတြရွိေနၿပီး အနာဂတ္ကာလမွာ အျခားက်န္းမာေရးျပႆနာေတြ ရွိေကာင္းရွိႏိုင္မယ္လုိ႔ ဆိုပါတယ္။ ဥေရာပတုိက္သားေတြအေနနဲ႔ ပ်မ္းမွ်ေမြးကင္းစေတြကေလးရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ဟာ (၇)ေပါင္ (၁၁)ေအာင္စ ျဖစ္ပါတယ္။
ဒီထဲကမွ (၅)ရာခိုင္ႏႈန္းေသာ ကေလးေတြကေတာ့ (၅)ေပါင္(၈)ေအာင္စနဲ႔ (၁၁)ေပါင္ၾကား ရွိၾကပါတယ္။ ကမာၻ႕ဂင္းနစ္မွတ္တမ္းေတြအရ က်န္းမာသန္စြမ္းတဲ့ မိခင္တစ္ဦးက ေမြးဖြားခဲ့တဲ့ ကမာၻ႕ခႏၶာကိုယ္အၾကီးဆံုးကေလးဟာ (၂၂)ေပါင္ (၈)ေအာင္စရွိပါတယ္။ ကမာၻ႕အၾကီးဆံုးကေလးကို (၁၉၅၅)ခုႏွစ္က အီတလီႏိုင္ငံ အဗာဆာၿမိဳ႕မွာ ေမြးဖြားခဲ့ေၾကာင္း သိရပါတယ္။
SHARE FROM လင္းလင္း (ShweMom)
(၁၃)ပေါင်ကျော်တဲ့ သမီးလေးကို လျောလျောရှူရှူ မွေးဖွားနိုင်ခဲ့တဲ့မိခင်
ရုရှားနိုင်ငံက အသက်(၄၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ဆေးအကူအညီ တစ်စုံတစ်ရာမယူပဲ(၁၃)ပေါင် (၁၄)အောင်စရှိတဲ့ သမီးမိန်းကလေးတစ်ဦးကို မွေးဖွားခဲ့တယ်လို့သိရပါတယ်။ မိခင်နာမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ယခုမွေးတဲ့သမီးမိန်းကလေးဟာ သူမအတွက် (၅)ယောက်မြောက် ကလေးဖြစ်ပြီး မိခင်ရောကလေးပါ ကျန်းမာလျက်ရှိပါတယ်။
ကိုယ်အလေးချိန်အဆမတန်များပြားနေတဲ့ ကလေးမလေးနဲ့ပတ်သက်လို့ အွန်လိုင်းမှာတော့ အံ့သြနေကြပါတယ်။ တချို့က မိခင်မှာဆီးချိုသွေးချိုရောဂါရှိနေတဲ့အခါ ကလေးမှာလည်း ယခုလိုအ၀လွန်တာတွေဖြစ်တတ်ကြောင်း၊ တခါတလေမှာ အ၀လွန်တာဟာ ဆီးချိုရောဂါရဲ့ ကနဦးအစပင်ဖြစ်ကြောင်း အသီးသီးရေးသားထားခဲ့ပါတယ်။
ဆေးဘက်၀န်ထမ်းတွေက ကလေးဟာ ကျန်းမာပေမယ့် အကြားအာရုံပိုင်းဆိုင်ရာမှာတော့ ချို့ယွင်းချက်တွေရှိနေပြီး အနာဂတ်ကာလမှာ အခြားကျန်းမာရေးပြဿနာတွေ ရှိကောင်းရှိနိုင်မယ်လို့ ဆိုပါတယ်။ ဥရောပတိုက်သားတွေအနေနဲ့ ပျမ်းမျှမွေးကင်းစတွေကလေးရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ (၇)ပေါင် (၁၁)အောင်စ ဖြစ်ပါတယ်။
ဒီထဲကမှ (၅)ရာခိုင်နှုန်းသော ကလေးတွေကတော့ (၅)ပေါင်(၈)အောင်စနဲ့ (၁၁)ပေါင်ကြား ရှိကြပါတယ်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွေအရ ကျန်းမာသန်စွမ်းတဲ့ မိခင်တစ်ဦးက မွေးဖွားခဲ့တဲ့ ကမ္ဘာ့ခန္ဓာကိုယ်အကြီးဆုံးကလေးဟာ (၂၂)ပေါင် (၈)အောင်စရှိပါတယ်။ ကမ္ဘာ့အကြီးဆုံးကလေးကို (၁၉၅၅)ခုနှစ်က အီတလီနိုင်ငံ အဗာဆာမြို့မှာ မွေးဖွားခဲ့ကြောင်း သိရပါတယ်။
SHARE FROM လင်းလင်း (ShweMom)
(၁၃)ေပါင္ေက်ာ္တဲ့ သမီးေလးကို ေလ်ာေလ်ာရွဴရွဴ ေမြးဖြားႏိုင္ခဲ့တဲ့မိခင္
Reviewed by Unknown
on
January 30, 2018
Rating:
No comments:
Post a Comment