အအောင်မြင်ဆုံး လိင်ပြောင်း မော်ဒယ်လ် ၁၀ ယောက်



ဒီနေ့ခေတ်မှာ လိင်ပြောင်းတာက ရေစီးကြောင်း တစ်ခုလို ခေတ်ထနေတာ ဖြစ်ပါတယ်။ အမျိုးသား တစ်ယောက်လိင်ကနေ မိန်းကလေး ကိုယ်ခန္ဓာအဖြစ် ပြောင်းထားတဲ့ ယောကျာင်္းလေးတွေက ကမ္ဘာ့ပေါ်မှာ အများကြီး ရှိနေပါပြီ။ သူတို့က လိင်ပြောင်းလဲမှု လုပ်ပြီးနောက်မှာ မော်ဒယ်လ်တစ်ယောက် အဖြစ် အသက်မွေး ဝမ်းကျောင်းပြုတဲ့အထိ အောင်မြင်လာတာ တွေ့ရပါတယ်။ လိင်ပြောင်းမော်ဒယ်လ်တွေထဲက အအောင်မြင်ဆုံး မော်ဒယ်လ် ၁၀ ယောက်ကို ဖော်ပြထားပါတယ်။

Thalita Zampirolli



ဘရာဇီး နိုင်ငံသူ Thalita Zampirolli က စက်မှုဒီဇိုင်း ကျောင်းသား တစ်ယောက်ဖြစ်ပြီး အရမ်းလှပြီး စွဲဆောင်မှုရှိတဲ့ နာမည်ကြီး မော်ဒယ်လ် တစ်ယောက်ဖြစ်ပါတယ်။ Zampirolli က လိင်ပြောင်းတာကို Sao Paulo မှာ အသက် ၁၈ နှစ်ပြည့်ပြီးနောက်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

Amiyah Scott



Amiyah Scott က လိင်ပြောင်းမော်ဒယ်လ် တစ်ယောက်ဖြစ်သလို နာမည်ကြီး အလှဖန်တီးရှင် ဖြစ်ပါတယ်။ Amiyah Scott က ၁၇ နှစ် အရွယ်မှာ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Amiyah Scott က ရင်သားခွဲစိတ်မှု လုပ်ခဲ့ရပြီး တင်သား ပုံလှအောင် ပြုပြင်ခဲ့ပါတယ်။

Jenna Talackova



Jenna Talackova က အအောင်မြင်ဆုံး မိန်းမလျာ မော်ဒယ်လ်တွေထဲက တစ်ယောက်ဖြစ်ပြီး TV အစီအစဉ်တွေမှာ ဦးဆောင်ဆွေးနွေးသူနဲ့ ကနေဒီယန် မော်ဒယ်လ် တစ်ယောက် ဖြစ်ပါတယ်။ သူက 2012 မှာ Miss Universe Canada ပြိုင်ပွဲမှာ လိင်ပြောင်းထားတဲ့သူ ဖြစ်တဲ့ အတွက် ပြိုင်ပွဲက ထုတ်ခံခဲ့ရပြီး လူသိများလာခဲ့ပါတယ်။ Jenna က Miss International Queen 2010 မှာ အနိုင်ရရှိခဲ့ပြီးနောက်မှာ Miss Universe Canada ပြိုင်ပွဲကို ဖောင်တင်ခဲ့တာ ဖြစ်ပါတယ်။

Carmen Carrera



Carmen Carrera က အမေရိကန် TV အစီအစဉ်တွေမှာ ဦးဆောင်ဆွေးနွေးသူ တစ်ယောက်ဖြစ်ပြီး RuPaul’s Drag Race ရုပ်သံ series ရဲ့ drag performer တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒီ TV အစီအစဉ်မှာ Carmen Carrera ရဲ့ ချောမောလှပမှု နဲ့ ကျော့ရှင်းတဲ့ ဟန်ပန်တွေက လူသိများ လာခဲ့တာ ဖြစ်ပါတယ်။ ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် ကျော်ကြားတဲ့သူက သူဟာ လိင်ပြောင်းထားသူ ဖြစ်တယ်ဆိုတာကို ၂၀၁၂ မှာ ပရိသတ်တွေကို ကြေညာခဲ့ပါတယ်။

Ines Rau



New York အခြေစိုက် ပြင်သစ်မော်ဒယ်လ် Ines Rau ဟာ အာဖရိကန် အမျိုးအနွယ်ဖွားတစ်ယောက်ဖြစ်ပြီး ပဲရစ်ဇာတိ ဖြစ်ပါတယ်။ Ines Rau က 16 နှစ်မှာ လိင်ပြောင်းခဲ့တာ ဖြစ်ပြီး အအောင်မြင်ဆုံးနဲ့ အလှဆုံး မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။ မဂ္ဂဇင်းပေါင်း များစွာရဲ့ မျက်နှာဖုံးရှင်ဖြစ်တဲ့ Ines Rau က မော်ဒယ်လ်တစ်ယောက် အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

Amelia Maltepe



Amelia Maltepe က ဘင်္ဂလားဒေရှ့် နိုင်ငံသားဖြစ်ပြီး ကနေဒါ နိုင်ငံမှာ နေတဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်ပါတယ်။ Amelia က အလှက ထူးခြားမှု ရှိပြီး အရမ်းကို စွဲဆောင်မှု ရှိတဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ရင်သား ပြုပြင်မှု အတွက် အမေရိကန် ဒေါ်လာ ၁၀၀၀၀ ကုန်ခဲ့ပြီး အမွှေးတွေ ဖျောက်ခက ဒေါ်လာ ၃၀၀၀ ကုန်ခဲ့တယ် လို့ ဆိုပါတယ်။

Fiona Solis



ဖိလစိပိုင်သူ Fiona Solis က လိင်ပြောင်းအလှမယ် ရွေးချယ်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ Queen of Cebu အဖြစ် ၂၀၀၉ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ Fiona က ကျော့ရှင်းတဲ့ အလှနဲ့ TV အစီအစဉ်တွေမှာ ပရိသတ် အားပေးမှု ရတဲ့ လိင်ပြောင်းမော်ဒယ်လ် ဖြစ်ပါတယ်။

Lauren Foster



Lauren Foster က တောင်အာဖရိက နိုင်ငံက နောက်ဆုံးပေါ် မော်ဒယ်လ်လေး တစ်ယောက်ဖြစ်ပြီး TG woman အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

Teri Toye



Teri Toye က New York ကို ၁၉၈၀ ခုနှစ်တွေမှာ ရောက်လာခဲ့ပြီး 1984 မှာ မော်ဒယ်လ် အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူက စွဲမက်ဖွယ် အကောင်းဆုံး လိင်ပြောင်းမော်ဒယ်လ် တစ်ယောက်ဖြစ်ပြီး ဖက်ရှင်လောကမှာ အချိန်တို အတွင်း အောင်မြင်ရခဲ့သူ ဖြစ်ပါတယ်။ Teri Toye က ဒီဇိုင်နာ Stephen Sprouse နဲ့ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက်မှာ runway များစွာမှာ လျှောက်ခွင့်ရခဲ့ပြီး နာမည်ကြီး Brand တွေ ဖြစ်တဲ့ Gaultier, Comme des Garçons နဲ့ Chanel တို့နဲ့ အလုပ်လုပ်ကိုင်နေတဲ့ လိင်ပြောင်းမော်ဒယ်လ် ဖြစ်ပါတယ်။

Valentijn De Hingh



Valentijn De Hingh က ၈ နှစ် အရွယ်မှာ လိင်ပြောင်းခဲ့ပြီး documentary ရိုက်တဲ့ Hetty Niesch ရဲ့ Valentijn’s life ဆိုတဲ့ documentary ရိုက်ကူးခဲ့တဲ့ လိင်ပြောင်းမော်ဒယ်လ် ဖြစ်ပါတယ်။ 
 
SHARE FROM Zan(Momolay)
အအောင်မြင်ဆုံး လိင်ပြောင်း မော်ဒယ်လ် ၁၀ ယောက် အအောင်မြင်ဆုံး လိင်ပြောင်း မော်ဒယ်လ် ၁၀ ယောက် Reviewed by Unknown on January 30, 2018 Rating: 5

No comments:

Powered by Blogger.