ေဘာလုံးအသင္းတစ္သင္းကိုတည္ေထာင္လိုက္တဲ့ ဘက္ခမ္း



အဂၤလန္ ေဘာလုံး အသင္း ကပၸတိန္ ျဖစ္ခဲ့ဖူးသူ မန္ယူ ၊ ရီယဲလ္ ၊ ပီအက္စ္ဂ်ီ နဲ႕ အေမရိကန္က အဲလ္ေအ ဂလက္စီ လို အသင္းႀကီးေတြမွာ ကစားခဲ့ဖူးတဲ့ ကမၻာေက်ာ္ ေဘာလုံး သမားေဟာင္း ေဒးဗစ္ ဘက္ကမ္း ဟာ ဖေလာ္ရီဒါျပည္နယ္ မီယာမီ (Miami) မွာ မီယာမီ (Miami) ဆိုတဲ့ ေဘာလုံး အသင္းကို တည္ေထာင္လိုက္ၿပီ ျဖစ္ပါတယ္။ ဒီလိုကိစၥေတြေၾကာင့္ ဘတ္ခမ္းတို႔မိသားစုဟာ ေျမာက္အေမရိကကို ေျပာင္းေ႐ႊ႕မွာလားဆိုတဲ့ ေမးခြန္းေတြ လည္း ထြက္ေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေဟာင္း ေဒးဗစ္ဘက္ခမ္း ဟာ ေဘာလုံးေလာက ကေန အနားယူသြားသည့္တိုင္ ေက်ာ္ၾကားေနဆဲပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ကမၻာ့ဝင္ေငြအေကာင္းဆုံး Celebrityထဲက တစ္ေယာက္အပါအဝင္လည္း ျဖစ္ပါတယ္။ အခုအခါမွာလည္း ေဒးဗစ္ဘက္ခမ္းဟာ အေမရိကန္ေမဂ်ာလိဂ္မွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ မိုင္ယာမီအသင္းကို စတင္တည္ေေထာင္လိုက္တာပဲ ျဖစ္ပါတယ္။ 













ဒီအသင္းဟာ အေမရိကန္ က ထိပ္တန္း ေဘာလုံး လိဂ္ ျဖစ္တဲ့ Major League Soccer MLS မွာ ကစားမွာ ျဖစ္ပါတယ္။ လက္ရွိ MSL လိဂ္မွာ အသင္း ၂၃ သင္း ရွိရာ ကေန ၂၄ အသင္း အျဖစ္တိုး ခ်ဲ့ မွာ ျဖစ္တဲ့ အတြက္၊ ဘက္ကမ္း ကေန Miami အသင္းကို တည္ေထာင္ ၿပီး ဝင္ေရာက္ခဲ့တာ လည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဒးဗစ္ဘက္ခမ္း တည္ေထာင္လိုက္တဲ့ မိုင္ယာမီ အသင္းဟာ အေမရိကန္နိုင္ငံ ေမဂ်ာလိဂ္မွာ ဘယ္ေလာက္အထိ ေအာင္ျမင္မႈေတြရနိုင္မလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာေကာင္းလွပါတယ္ဗ်ာ… 

Source  BBC Burmese

ဘောလုံးအသင်းတစ်သင်းကိုတည်ထောင်လိုက်တဲ့ ဘက်ခမ်း

အင်္ဂလန် ဘောလုံး အသင်း ကပ္ပတိန် ဖြစ်ခဲ့ဖူးသူ မန်ယူ ၊ ရီယဲလ် ၊ ပီအက်စ်ဂျီ နဲ့ အမေရိကန်က အဲလ်အေ ဂလက်စီ လို အသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ ကမ်ဘာကျော် ဘောလုံး သမားဟောင်း ဒေးဗစ် ဘက်ကမ်း ဟာ ဖလော်ရီဒါပြည်နယ် မီယာမီ (Miami) မှာ မီယာမီ (Miami) ဆိုတဲ့ ဘောလုံး အသင်းကို တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေကြောင့် ဘတ်ခမ်းတို့မိသားစုဟာ မြောက်အမေရိကကို ပြောင်းရွှေ့မှာလားဆိုတဲ့ မေးခွန်းတွေ လည်း ထွက်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်း ဟာ ဘောလုံးလောက ကနေ အနားယူသွားသည့်တိုင် ကျော်ကြားနေဆဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ကမ်ဘာ့ဝင်ငွေအကောင်းဆုံး Celebrityထဲက တစ်ယောက်အပါအဝင်လည်း ဖြစ်ပါတယ်။ အခုအခါမှာလည်း ဒေးဗစ်ဘက်ခမ်းဟာ အမေရိကန်မေဂျာလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် မိုင်ယာမီအသင်းကို စတင်တည်ေထောင်လိုက်တာပဲ ဖြစ်ပါတယ်။ 

ဒီအသင်းဟာ အမေရိကန် က ထိပ်တန်း ဘောလုံး လိဂ် ဖြစ်တဲ့ Major League Soccer MLS မှာ ကစားမှာ ဖြစ်ပါတယ်။ လက်ရှိ MSL လိဂ်မှာ အသင်း ၂၃ သင်း ရှိရာ ကနေ ၂၄ အသင်း အဖြစ်တိုး ချဲ့ မှာ ဖြစ်တဲ့ အတွက်၊ ဘက်ကမ်း ကနေ Miami အသင်းကို တည်ထောင် ပြီး ဝင်ရောက်ခဲ့တာ လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေးဗစ်ဘက်ခမ်း တည်ထောင်လိုက်တဲ့ မိုင်ယာမီ အသင်းဟာ အမေရိကန်နိုင်ငံ မေဂျာလိဂ်မှာ ဘယ်လောက်အထိ အောင်မြင်မှုတွေရနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းလှပါတယ်ဗျာ… 

Source BBC Burmese
ေဘာလုံးအသင္းတစ္သင္းကိုတည္ေထာင္လိုက္တဲ့ ဘက္ခမ္း ေဘာလုံးအသင္းတစ္သင္းကိုတည္ေထာင္လိုက္တဲ့ ဘက္ခမ္း Reviewed by Unknown on January 30, 2018 Rating: 5

No comments:

Powered by Blogger.