အသက္ (၆၁)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ ကားေမာင္းရင္း ကားထဲမွာ ပိုးဟပ္တစ္ေကာင္ကို ေတြ႔လိုက္တာေၾကာင့္ အထိတ္တလန္႔ျဖစ္ျပီး လမ္းကူးတံတားကို ဝင္တိုက္မိခဲ့ပါတယ္။ ဒီမေတာ္တဆမွဳဟာ စကၤာပူႏုိင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ျပီး ကားဟာ ပလက္ေဖာင္းေပၚကေန ေက်ာ္ၿပီး ကုန္းေက်ာ္တံတားရဲ႕ေအာက္ေျခကုိ ဝင္ေအာင္းခဲ့ပါတယ္။
လမ္းကူးတံတားရဲ႕ ေလွကားနဲ႔ တိုက္မိခဲ့တဲ့ အနီေရာင္ Mazda ကားဟာ အေရွ႕ဘမ္ပါလည္း ဆိုးရြားစြာ ထိခိုက္ပ်က္စီးခဲ့ပါတယ္။ မေတာ္တဆမွဳဟာ ဂ်ဴ႐ံုရပ္ကြက္အေရွ႕အလယ္ပိုင္းမွာ ျဖစ္ပြားေၾကာင္း နံနက္ (၇)နာရီခဲြမွာ ရဲမ်ားသတင္းရခဲ့ျပီး ကားေမာင္းသူ အမ်ိဳးသမီးကို Ng Teng Fong ေဆး႐ံုသို႔ပို႔ေပးခဲ့ခ်ိန္မွာ သတိခ်ိဳ႕ယြင္းေနျခင္းေတာ့ မရိွခဲ့ေၾကာင္းသိရပါတယ္။
ကားကို တစ္ဦးတည္းေမာင္းလာခဲ့တဲ့ အမ်ိဳးသမီးဟာ အေသးစားဒဏ္ရာမ်ားေတာ့ ရရိွခဲ့ေၾကာင္း The Straits Times သတင္းစာက ေဖာ္ျပထားပါတယ္။ သူမဟာ ကားေမာင္းေနစဥ္ ကားထဲမွာ ပိုးဟပ္တစ္ေကာင္ကို ေတြ႔လိုက္တဲ့အခါ ထိန္႔လန္႔သြားျပီး ထိန္းခ်ဳပ္မွဳမရိွေတာ့ဘဲ လမ္းကူးတံတားဘက္ကို ေကြ႔ခ်မိရက္သား ျဖစ္သြားခဲ့တာပါ။
သားျဖစ္သူကလည္း အခင္းျဖစ္ျပီး မၾကာခင္မွာ ျဖစ္ပြားရာေနရာကို ေရာက္ရိွလာခဲ့ပါတယ္။ အမွဳနဲ႔ပတ္သက္ျပီး ရဲမ်ားက စံုစမ္းစစ္ေဆးမွဳေတြကို ဆက္လက္ေဆာင္ရြက္ေနေၾကာင္းသိရပါတယ္။
White (Shwemom)
ပိုးဟပ်တစ်ကောင်ကြောင့် ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှု
အသက် (၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကားမောင်းရင်း ကားထဲမှာ ပိုးဟပ်တစ်ကောင်ကို တွေ့လိုက်တာကြောင့် အထိတ်တလန့်ဖြစ်ပြီး လမ်းကူးတံတားကို ဝင်တိုက်မိခဲ့ပါတယ်။ ဒီမတော်တဆမှုဟာ စင်္ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားဟာ ပလက်ဖောင်းပေါ်ကနေ ကျော်ပြီး ကုန်းကျော်တံတားရဲ့အောက်ခြေကို ဝင်အောင်းခဲ့ပါတယ်။
လမ်းကူးတံတားရဲ့ လှေကားနဲ့ တိုက်မိခဲ့တဲ့ အနီရောင် Mazda ကားဟာ အရှေ့ဘမ်ပါလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။ မတော်တဆမှုဟာ ဂျူရုံရပ်ကွက်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားကြောင်း နံနက် (၇)နာရီခွဲမှာ ရဲများသတင်းရခဲ့ပြီး ကားမောင်းသူ အမျိုးသမီးကို Ng Teng Fong ဆေးရုံသို့ပို့ပေးခဲ့ချိန်မှာ သတိချို့ယွင်းနေခြင်းတော့ မရှိခဲ့ကြောင်းသိရပါတယ်။
ကားကို တစ်ဦးတည်းမောင်းလာခဲ့တဲ့ အမျိုးသမီးဟာ အသေးစားဒဏ်ရာများတော့ ရရှိခဲ့ကြောင်း The Straits Times သတင်းစာက ဖော်ပြထားပါတယ်။ သူမဟာ ကားမောင်းနေစဉ် ကားထဲမှာ ပိုးဟပ်တစ်ကောင်ကို တွေ့လိုက်တဲ့အခါ ထိန့်လန့်သွားပြီး ထိန်းချုပ်မှုမရှိတော့ဘဲ လမ်းကူးတံတားဘက်ကို ကွေ့ချမိရက်သား ဖြစ်သွားခဲ့တာပါ။
သားဖြစ်သူကလည်း အခင်းဖြစ်ပြီး မကြာခင်မှာ ဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး ရဲများက စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေကြောင်းသိရပါတယ်။
White (Shwemom)
ပိုးဟပ္တစ္ေကာင္ေၾကာင့္ ျဖစ္ပြားခဲ့တဲ့ ကားမေတာ္တဆမွဳ
Reviewed by Unknown
on
January 31, 2018
Rating:
No comments:
Post a Comment