အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာအနိင်ကျင့်စော်ကားခံရမှုတွေကို ကာကွယ်ပေးနိုင်မယ့်ပဝါလေးတစ်ခု



ယခုလိုပွင့်လင်းမြင်သာလာတဲ့ခေတ်ကြီးထဲမှာ အမျိုးသမီးလေးတွေအတွက် အန္တရာယ်တွေက များသထက်များပြားလာတာတွေ့ရှိရပါတယ်။မိန်းကလေးတွေကို လိင်စိတ်တွေဖြစ်ပေါ်လာအောင်ပဲဖြစ်ဖြစ် မူးမေ့အောင်ပဲဖြစ်ဖြစ် ၊ စိတ်ဆန္ဒတွေပြင်းထန်လာအောင်ပဲဖြစ်ဖြစ် အဖျော်ယမကာတွေထဲမှာဆေးတွေခပ်ကာ အကောက်ကြံတဲ့ မသမာသူလူယုတ်မာတွေလဲများပြားလာကြပါတယ်။ လူယုတ်မာတွေရဲ့ လှည့်ကွက်တွေကြားမှာ ဘဝပျက်ခဲ့ရတဲ့ မိန်းကလေးတွေလဲများစွာရှိနေတာကိုလဲတွေ့ရှိရပါတယ်။

အခုဆိုရင်တော့ အမျိုးသမီးတွေ ထိုအန္တရာယ်မှကင်းဝေးစေနိုင်ရန်အတွက်ရည်ရွယ်ပြီး ဝါရှင်တန်ဒီစီက ကျောင်းသူလေးတစ်ယောက်က လက်ကိုင်ပုဝါလေးတစ်ခုကိုတီထွင်ဖန်တီးခဲ့ပါတယ်။ ထိုလက်ကိုင်ပုဝါလေးကတော့ သာမန်လက်သုတ်ပဝါနဲ့ ကွဲပြးခြားနာခြင်းမရှိပဲ ဖျော်ရည်ခွက်ထဲမှာ ဆေးခပ်ထားခြင်းရှိမရှိကိုကာကွယ်နိုင်တယ်လို့သိရပါတယ်။ လက်ကိုင်ပုဝါရဲ့ထောင်စွန်းလေးကို ကိုယ်သောက်မယ့်အဖျော်ယမကာ တစ်စက်လောက်အစက်ချလိုက်တာနဲ့ ဖျော်ရည်ထဲမှာဆေးခပ်ထားတယ်ဆိုရင် အစက်ချထားတဲ့နေရာနားမှာ သိသိသာသာအရောင်ပြောင်းသွားမှာဖြစ်ပြီး ဆေးခပ်ထားခြင်းမရှိဘူးဆိုရင်တော့ အရောင်ပြောင်းမှာမဟုတ်ဘူးလို့လဲသိရပါတယ်။













လက်သုတ်ပဝါဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်ဖို့သုံးတဲ့ ဆေးအတော်များများကို အာရုံခံနိုင်စွမ်းရှိပြီး အသုံးများတဲ့ ဆေးအမျိုးပေါင်း ၄၀ ထဲက ၂၆ မျိုးလောက်ကို အာရုံခံနိုင်စွမ်းရှိပါတယ်လို့သိရပါတယ်။ လက်သုတ်ပဝါကို KnoNap ကို နာမည်ပေးထားပြီး လက်သုတ်ပဝါကို တီထွင်ခဲ့သူကတော့ ဝါရှင်တန်ဒီစီက ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Danya Sherman ပဲ ဖြစ်ပါတယ်။ သူမဟာ စပိန်နိုင်ငံမှာ ပညာသင်ယူခဲ့စဉ်တုန်းက သူငယ်ချင်းတစ်ယောက်က သူမကို ဆေးခပ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ခံခဲ့ရတာကြေင့် သူမဟာ ဒီလက်သုတ်ပဝါကို တီထွင်ခဲ့တာဖြစ်ပါတယ်လို့လဲသိရပါတယ်။

SHARE FROM MYANMARLOAD 
အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာအနိင်ကျင့်စော်ကားခံရမှုတွေကို ကာကွယ်ပေးနိုင်မယ့်ပဝါလေးတစ်ခု အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာအနိင်ကျင့်စော်ကားခံရမှုတွေကို ကာကွယ်ပေးနိုင်မယ့်ပဝါလေးတစ်ခု


Reviewed by Unknown on January 31, 2018 Rating: 5

No comments:

Powered by Blogger.