ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းနားက မြို့တမြို့မှာ နိုင်ငံခြားသားဗြိတိန်လူမျိုး အမျိုးသား(၅)ဦး အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရသူ(၅)ဦးဟာ အဖမ်းခံရတဲ့ (၁၀)ယောက်ပါဝင်တဲ့ ကမ္ဘာလှည့်ခရီးသည်အုပ်စုထဲက တစ်ချို့ဖြစ်ပြီး၊ အငြင်းပွားဖွယ်ရာ မှားယွင်းအဖမ်းခံရမှုလို့ ဆိုပါတယ်။
သူတို့တွေဟာ Siem Reap က အပန်းဖြေရိပ်သာဆောင်မှာ လိင်စိတ်နိုးကြွမှုဖြစ်စေတဲ့ Twister style ဂိမ်းကို ဆော့ကစားခဲ့ကြတဲ့အတွက် လူမြင်ကွင်းမှာ မဖွယ်မရာပြုလုပ်တယ်ဆိုပြီး အဖမ်းခံရတာဖြစ်ပါတယ်။ ဂိမ်းဆော့ကစားသူတွေထဲမှ အမျိုးသား(၅)ဦးကို ကမ္ဘောဒီးယားတရားရုံးက အချုပ်မှာထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲက တစ်ဦးဖြစ်သူ အသက်(၂၁)နှစ်အရွယ် Billy Stevens ရဲ့မိခင်ကတော့ သူ့သားမှာ အပြစ်မရှိဘူးလို့ ဆိုလိုက်ပါတယ်။ Daily Mail သတင်းဌာနရဲ့ ပြောဆိုချက်အရ Billy ရဲ့မိခင်ဟာ အရမ်းစိုးရိမ်နေပြီး သားဆီကိုဖုန်းဆက်လို့မရကြောင်း သိရပါတယ်။
အဖမ်းခံရသူတစ်ဦးဖြစ်တဲ့ Vincent Hook
နောက်ထပ်မိခင်တစ်ဦးကတော့ သူတို့ကလေးတွေကို ခမာဘာသာနဲ့ရေးထားတဲ့ တရားရုံးစာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးခိုင်းကြောင်း ဆိုပါတယ်။ ကြားခံဘာသာပြန်ပေးမယ့်လူလည်း မရှိတာကြောင့် ကလေးတွေကနားမလည်ပဲ စာရွက်တွေကို လက်မှတ်ထိုးခဲ့ရတယ်လို့ MailOnline ကိုပြောပြခဲ့ပါတယ်။
အဖမ်းခံရသူအမျိုးသား(၅)ဦးဟာ ဗြိတိန်နိုင်ငံသားတွေဖြစ်ကြပါတယ်။ ကျန်တဲ့သူတွေကတော့ ကနေဒါ၊ ဟော်လန်၊ နော်ဝေးနဲ့ နယူးဇီလန်တို့က ဖြစ်ကြပြီး အမျိုးသမီးနှစ်ယောက်လည်း ပါဝင်ပါတယ်။ နိုင်ငံခြားသား စုစုပေါင်း (၇၇)ယောက်အထိ အဖမ်းခံခဲ့ရပြီး၊ ကျန်တဲ့သူတွေကို ပညာပေးတဲ့သဘောနဲ့ သတိပေးမှုပြုလုပ်ကာ ပြန်လွှတ်ခဲ့ပါတယ်။
အဖမ်းခံရတဲ့နိုင်ငံခြားသားတစ်ဦးက အခုသတင်းဌာနတွေမှာ တက်လာတဲ့ သောက်စားပြီး မဖွယ်မရာပြုလုပ်နေတဲ့သဏ္ဍာန်ပုံတွေဟာ သူတို့ဓာတ်ပုံတွေမဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီပုံတွေဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရိုက်ထားတဲ့ဓာတ်ပုံတွေလို့ ယူဆရပြီး သူတို့မှာ အပြစ်မရှိကြောင်း အချုပ်ခန်းကနေ ပြောပြပါတယ်။
ရှေ့နေတစ်ဦးကတော့ အဖမ်းခံရသူတွေဟာ တရားခွင်မှာ အဆုံးအဖြတ်ခံယူဖို့ (၆)လ စောင့်ရမည်ဖြစ်ကြောင်းနဲ့ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ်(၁)နှစ် ကျခံရမှာ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
SHARE FROM လင်းလင်း(ShweMom)
မဖွယ်မရာကပြမှုကြောင့် ထောင်ကျခဲ့တဲ့သားက အပြစ်မရှိကြောင်းဆို လိုက်တဲ့မိခင်
Reviewed by Unknown
on
January 31, 2018
Rating:
No comments:
Post a Comment