သခၤ်ိဳင္းေရာက္ခါနီးမွ အေခါင္းထဲကထလာတဲ့အဘိုးအို



တ႐ုတ္ျပည္မွာကေတာ့ ထူးဆန္းတဲ့ ေသ႐ြာျပန္အဘိုးအိုတစ္ေယာက္ေပၚေပါက္ခဲ့ပါတယ္။ထိုအဘိုးအိုကေတာ့ အသက္ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Huang Mingquan ျဖစ္ပါတယ္လို႔လဲသိရပါတယ္။အဆိုပါျဖစ္စဥ္ကေတာ့ လူအမ်ားကို အင္မတန္ အံ့ၾသမွင္သက္သြားေစခဲ့ပါတယ္။

Huang ကေတာ့လြန္ခဲ့တဲ့လေလာက္ကတည္းက အစာမဝင္ေတာ့ဘဲ ဆန္ျပဳတ္သာစားနိုင္ေတာ့တယ္လို႔သိရၿပီး ထိုအဘိုးအိုဟာ အသက္ရႉရပ္တန႔္သြားသလို ၊ေျခဖ်ားလက္ဖ်ားေတြလည္း ေအးစက္ေနတာေၾကာင့္ သားျဖစ္သူနဲ႕ ေဆြမ်ိဳးသားခ်င္းေတြက ေသဆုံးသြားၿပီလို႔ယူဆခဲ့တယ္လို႔သိရပါတယ္။ထို႔ေနာက္မွာေတာ့ အသုဘဝန္ေဆာင္မႈအသင္းကေန အေခါင္းလွလွေလးတစ္လုံးငွားၿပီး ဈာပနကိုေသခ်ာျပင္ဆင္ခဲ့တယ္လို႔လဲသိရပါတယ္။ ေနာက္ႏွစ္ရက္အၾကာမွာေတာ့ ရပ္ေဝးရပ္နီးမွာရွိတဲ့ Huang ရဲ႕ေဆြမ်ိဳးေတြဟာ ေသသူရဲ႕႐ုပ္အေလာင္းကို သခၤ်ိဳုင္းကိုလိုက္လံပို႔ေဆာင္ေပးဖို႔ အသုဘအိမ္ကိုေရာက္ရွိလာခဲ့တယ္လို႔လဲသိရပါတယ္။













ရွစ္နာရီၾကာေအာင္အခ်ိန္ယူရတဲ့ အသုဘလွည့္လည္ပြဲကေတာ့ လူအရမ္းစည္ကားခဲ့သလို ငိုေကြၽးတဲ့သူေတြလဲအရမ္းမ်ားေနေပမယ့္ သခၤ်ိဳင္းကိုပို႔ေဆာင္ေနတဲ့ လမ္းခုလတ္တေနရာအေရာက္မွာေတာ့ အေခါင္းထဲက ဒုန္းဒုုန္းဆိုတဲ့အသံေတြၾကားရၿပီး အေခါင္းအဖုံးကပြင့္လာခဲ့ပါတယ္လို႔သိရပါတယ္။ ထို႔ေနာက္မွာေတာ့ Huang ကအေခါင္းထဲကထလာခဲ့ၿပီး အံံ့ၾသမွင္သက္ေနတဲ့ေဆြမ်ိဳးသားခ်င္းေတြကို “ ဘာလုပ္ေနၾကတာလဲ .. ငါ့ဈာပနအတြက္ျပင္ဆင္ေနတာလား “ လို႔ေမးခဲ့တယ္လို႔လဲသိရပါတယ္။ ေသ႐ြာကျပန္လာတဲ့ အဘိုးအိုကေတာ့ သားျဖစ္သူကို နေမာနမဲ့နိုင္ရေကာင္းမလားဆိုၿပီး ဆဲဆိုေနတဲ့အတြက္ ေတာင္းေတာင္းပန္ပန္နဲ႕သူ႕အိပ္ရာမွာထားေပးခဲ့တယ္လို႔လဲသိရပါတယ္။ အဘိုးအိုကေတာ့ ႏွစ္ရက္ၾကာေမ့ေမ်ာသြားတာျဖစ္ၿပီး အိပ္ယာထဲျပန္ေရာက္ေတာ့ ဆန္ျပဳတ္တစ္ပန္းကန္လဲစားခဲ့ေသးတယ္လို႔သိရပါတယ္။

SHARE FROM MYANMARLOAD 

သင်္ချိုင်းရောက်ခါနီးမှ အခေါင်းထဲကထလာတဲ့အဘိုးအို

တရုတ်ပြည်မှာကတော့ ထူးဆန်းတဲ့ သေရွာပြန်အဘိုးအိုတစ်ယောက်ပေါ်ပေါက်ခဲ့ပါတယ်။ထိုအဘိုးအိုကတော့ အသက် နှစ်အရွယ်ရှိပြီဖြစ်တဲ့ Huang Mingquan ဖြစ်ပါတယ်လို့လဲသိရပါတယ်။အဆိုပါဖြစ်စဉ်ကတော့ လူအများကို အင်မတန် အံ့သြမှင်သက်သွားစေခဲ့ပါတယ်။

Huang ကတော့လွန်ခဲ့တဲ့လလောက်ကတည်းက အစာမဝင်တော့ဘဲ ဆန်ပြုတ်သာစားနိုင်တော့တယ်လို့သိရပြီး ထိုအဘိုးအိုဟာ အသက်ရှူရပ်တန့်သွားသလို ၊ခြေဖျားလက်ဖျားတွေလည်း အေးစက်နေတာကြောင့် သားဖြစ်သူနဲ့ ဆွေမျိုးသားချင်းတွေက သေဆုံးသွားပြီလို့ယူဆခဲ့တယ်လို့သိရပါတယ်။ထို့နောက်မှာတော့ အသုဘဝန်ဆောင်မှုအသင်းကနေ အခေါင်းလှလှလေးတစ်လုံးငှားပြီး ဈာပနကိုသေချာပြင်ဆင်ခဲ့တယ်လို့လဲသိရပါတယ်။ နောက်နှစ်ရက်အကြာမှာတော့ ရပ်ဝေးရပ်နီးမှာရှိတဲ့ Huang ရဲ့ဆွေမျိုးတွေဟာ သေသူရဲ့ရုပ်အလောင်းကို သင်္ချိုင်းကိုလိုက်လံပို့ဆောင်ပေးဖို့ အသုဘအိမ်ကိုရောက်ရှိလာခဲ့တယ်လို့လဲသိရပါတယ်။

ရှစ်နာရီကြာအောင်အချိန်ယူရတဲ့ အသုဘလှည့်လည်ပွဲကတော့ လူအရမ်းစည်ကားခဲ့သလို ငိုကျွေးတဲ့သူတွေလဲအရမ်းများနေပေမယ့် သင်္ချိုင်းကိုပို့ဆောင်နေတဲ့ လမ်းခုလတ်တနေရာအရောက်မှာတော့ အခေါင်းထဲက ဒုန်းဒုန်းဆိုတဲ့အသံတွေကြားရပြီး အခေါင်းအဖုံးကပွင့်လာခဲ့ပါတယ်လို့သိရပါတယ်။ ထို့နောက်မှာတော့ Huang ကအခေါင်းထဲကထလာခဲ့ပြီး အံံ့သြမှင်သက်နေတဲ့ဆွေမျိုးသားချင်းတွေကို “ ဘာလုပ်နေကြတာလဲ .. ငါ့ဈာပနအတွက်ပြင်ဆင်နေတာလား “ လို့မေးခဲ့တယ်လို့လဲသိရပါတယ်။ သေရွာကပြန်လာတဲ့ အဘိုးအိုကတော့ သားဖြစ်သူကို နမောနမဲ့နိုင်ရကောင်းမလားဆိုပြီး ဆဲဆိုနေတဲ့အတွက် တောင်းတောင်းပန်ပန်နဲ့သူ့အိပ်ရာမှာထားပေးခဲ့တယ်လို့လဲသိရပါတယ်။ အဘိုးအိုကတော့ နှစ်ရက်ကြာမေ့မျောသွားတာဖြစ်ပြီး အိပ်ယာထဲပြန်ရောက်တော့ ဆန်ပြုတ်တစ်ပန်းကန်လဲစားခဲ့သေးတယ်လို့သိရပါတယ်။

SHARE FROM MYANMARLOAD 
သခၤ်ိဳင္းေရာက္ခါနီးမွ အေခါင္းထဲကထလာတဲ့အဘိုးအို သခၤ်ိဳင္းေရာက္ခါနီးမွ အေခါင္းထဲကထလာတဲ့အဘိုးအို


Reviewed by Unknown on January 31, 2018 Rating: 5

No comments:

Powered by Blogger.